By Wut Yee Htun, Shweproperty.com
Updated at 17 May 2017
Success Property Consultant Co.Ltd က ကျင်းပတဲ့ Private MEGA Housing Sales 2017 အိမ်ခြံမြေ အရောင်းပြပွဲကြီးကို မေလ(၁၃)ရက်နဲ့ (၁၄)ရက်နေ့တွေမှာ နှစ်ရက်ကြာကျင်းပခဲ့ပါတယ်။ ဒီပွဲကို အလုံလမ်းမှာ ရှိတဲ့ Yangon International Hotel မှာ မနက်(၉)နာရီကနေ ညနေ(၅)နာရီထိ ကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီပွဲဟာ Success Property Consultant ကုမ္ပဏီရဲ့ ပထမဆုံးအကြိမ်ကျင်းပတဲ့ ရန်ကုန်မြို့ရဲ့အဆင့်မြင့် အိမ်ရာ၊ အိမ်တွင်းအလှဆင် လုပ်ငန်းနဲ့ ပရိဘောဂအရောင်းပြပွဲအခမ်းအနားပဲဖြစ်ပါတယ်။ ပြပွဲမှာ ပါဝင်တဲ့ ကုမ္ပဏီတွေကတော့ SPC ၊ Golden City ၊ Kanbae Tower ၊ River Front Garden ၊ May Inya နဲ့ Secret Diamond Ngapali Project တို့ပဲဖြစ်ပါတယ်။
“ကျွန်တော်တို့လုပ်တဲ့အတိုင်းအတာတစ်ခုအရတော့ အောင်မြင်ပါတယ်။ ပရောဂျက်တိုင်းကလည်း အခန်း(၃)ခန်း၊ (၅)ခန်းစသဖြင့် ရောင်းရတယ် “ လို့ Success Property Consultant Co.ltd ရဲ့ Project Sales Manager ကိုရဲထွန်းမော်က ပြောပြပါတယ်။ ပြပွဲမှာ ဆာက်လုပ်ရေးလုပ်ငန်းရှင်တွေဖြစ်တဲ့ ဦးကြည်စိုး(RC), ဦးကျော်ကျော်လှိုင်တို့အပါအဝင် လုပ်ငန်းရှင် တွက အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဟောပြောခဲ့ပြီး၊ မော်ဒယ်ရှိုးအစီအစဉ်၊ Dancer တွေရဲ့ ကပြဖျော်ဖြေမှုတွေနဲ့အတူ နှစ်ရက်အတွင်းမှာ လူပေါင်း(၁၅၀၀) ကျော်တက်ရောက်ခဲ့ပါတယ်။
ပြပွဲမှာပါဝင်တဲ့ ကုမ္ပဏီ(၅)ခုထဲက ပရောဂျက် (၄)ခုဟာဆိုရင် ဆိုင်ခန်းပေါင်း(၁၃)ခန်းကျော် ရောင်းချခဲ့ရ ပါတယ်။
Written By : Wut Yee Htun (Shweproperty.com)
Posted By : Wai Phyoe (Shweporperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ