By 7daydaily, Shweproperty.com
Updated at 28 January 2016
ရန်ကုန်တိုင်းအတွင်းရှိ အစိုးရစီမံကိန်းနယ်မြေများတွင် ဝင်ရောက်ကျူးကျော်နေသောနေ အိမ်များကို ဖယ်ရှားရှင်းလင်းသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းလုံ ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောသည်။
‘‘စီမံကိန်းနေရာတွေအကုန် ဖယ်ရှားရှင်းလင်းသွားမှာပါ။ အ မိန့်ထုတ်ထားတာတော့ မရှိသေး ပါဘူး။ ရှင်းရမယ့်နေရာတွေရှင်း သွားမှာပါ။ ဘယ်နေ့ဘာရှင်းမယ် ဆိုတာတော့မရှိသေးဘူး’’ဟု ဗိုလ် မှူးကြီးတင်အောင်ထွန်းကပြော သည်။
ရွှေပြည်သာ၊ လှိုင်သာယာ နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များရှိ ကျူးကျော်နေရာများသည် စီမံ ကိန်းနယ်မြေများတွင် အများဆုံး ပါဝင်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ဇန်နဝါရီ ၂၃ရက်တွင် ဒဂုံ ဆိပ်ကမ်းမြို့နယ်ရှိ ရပ်ကွက် ၇၃၊ ၇၄၊ ၇၅ နှင့် ၆၁ ရပ်ကွက်များရှိ ကျူးကျော်အိမ်ခြေ ၂၃၂အိမ်ကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနက ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကို လုံခြုံရေးခေါ်ယူပြီး စက်ယန္တရား ကြီးများအသုံးပြုကာ အင်အားသုံး ဖယ်ရှားခဲ့သည်။
မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် စက်မှုဇုန်အတွင်းမှ ရာနှင့်ချီသော ကျူးကျော်နေအိမ်များကို ဇန်နဝါ ရီ ၂၅ ရက် နောက်ဆုံးထား၍ ပြောင်းရွှေ့ရန် သက်ဆိုင်ရာက ညွှန်ကြားထားသည်။ ထိုနေ့တွင် ပင် ရဲတပ်ဖွဲ့ အင်အားအချို့က ကျူးကျော်နေအိမ်များအနီးတွင် လုံခြုံရေးရယူထားပြီး ဘူဒိုဇာများ လည်း ရောက်ရှိနေသောကြောင့် အချို့ကျုးကျော်များက မိမိအိမ် နှင့် ပစ္စည်းများကို ကိုယ်တိုင်ဖျက် ယူခဲ့ကြသည်။
ဖယ်ရှားခံရသော ကျူးကျော် များကို ဥပဒေမဲ့ အလွန်အကျွံမ လုပ်ဘဲ ကယ်ဆယ်ရေးစခန်းကဲ့သို့ သော နေရာများတွင် နေရာချ ထားပေးသင့်ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ် (NNDP)ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးသိန်းညွန့်ကအကြံပြု သည်။
လယ်သမားအရေးနှင့် အ လုပ်သမားအရေးတက်ကြွလှုပ် ရှားသူဦးဝင်းချိုက ‘‘အစိုးရကသူ တွေက နောက်အစိုးရကို အကျပ် တွေ့အောင်ထိ မဟုတ်ဘဲနဲ့ ကိုယ် ကျိုးစီးပွားတွေ မစွန့်လွှတ်နိုင်တဲ့ လတ်တလော အချိန်မှာလည်း ထိုက်သင့်တဲ့ လုပ်ပိုင်ခွင့်တွေရှိနေ တဲ့သူတွေကို မတရား ဥပဒေအရ ပိုင်ဆိုင်ခွင့်ရနေတဲ့ နေရာတွေကို နောက်အစိုးရလက်ထက်မှာ မရ မှာစိုးလို့ ဒီအစိုးရလက်ထက်မှာ လုပ်ဆောင်ခွင့်ရပြီး အတင်းလုပ် ဆောင်နေတယ်လို့သာမြင်တယ်’’ ဟု ပြောသည်။
ရန်ကုန်မြို့တွင် ကျူးကျော် နေအိမ်ပေါင်း နှစ်သောင်းကျော်ရှိ ကြောင်းသတင်းရရှိသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ