By The Kumudra, Shweproperty.com
Updated at 5 July 2016
အဆင့်မြင့်အိမ်ရာတွေရဲ့ လက်ရှိဈေးကွက်အရောင်းမြှင့်တင်မှုတွေကိုတော့ တစ်ခုနဲ့တစ်ခု မတူညီတဲ လျော့ဈေးတွေနဲ့ ရောင်းချတာတွေ ပြုလုပ်လျက် ရှိတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
"ဈေးကွက်ထဲ နာမည်ကြီးဆောက်လုပ်ရေးအများစုက အခုချိန်မှာ ကိုယ့်ဆောက်လုပ်ရေးအပေါ် ယုံကြည်ချက်နဲ့ အရောင်းဖွင့်တယ်၊ ဝယ်ယူသူ စိတ်ဝင်စားလောက်တဲ့ လျော့ဈေးတွေးပေးတယ်၊ ဒါတွေက အမှန်တကယ် နေမယ့်သူနဲ့ ငွေကြေးရင်းနှီးမြှုပ်နှံချင်သူတွေကို ယုံကြည်မှုနဲ့ အရောင်းပြု လုပ်ကြတာ" လို့ စီးပွားရေးပညာရှင် ဒေါ်မိုးမိုးက ပြောပါတယ်။
လက်ရှိဈေးကွက်ပြန်တင်နေကြတဲ့ ဆောက်လုပ်ရေအများစုက ဈေးကွက်ထဲမှာ နာမည်ရှိပြီးသားလုပ်ငန်းတွေက စီမံကိန်းအသစ်တွေကို ဆက်လက် အကောင်အထည်ဖော်ရောင်းချတာနဲ့ ငှားရမ်တာတွေပဲဖြစ်ပါတယ်။ ဈေးကွက်အများစုကတော့ အနည်းဆုံး ငါးရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှု န်းလောက်အထိ လျော့ချပြီး ရောင်းချလာကြတာဖြစ်ပါတယ်။
ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အဆင့်မြင့်အိမ်ရာစီမံကိန်းတွေကတော့ အထပ်မြင့်အိမ်ရာတွေပါဝင်သလို အဆင့်မြင့်လုံးချင်းအိမ်ရာတွေလည်း ပါဝင်ပါတယ် ။ အရောင်းအားလုံးနီးပါးက အခုလပိုင်းအတွင်း အရောင်းတင်ကြတာများပြီး အရစ်ကျစနစ် ၊ ဘဏ်ချေးငွေစနစ်တွေနဲ့ ရောင်းချတဲ့ အိမ်ရာတွေလည်း ပါဝင်လာပါတယ်။ အရစ်ကျနှုန်းထားတွေကိုတော့ အများဆုံးနှစ်နှစ်လောက်အထိ သတ်မှတ်ပေးထားပြီး အရစ်ကျ အမျိုးအ စားပေါ်မှုတည်ပြီး လျော့ဈေးတွေကိုလည်း အမျိုးအစားပုံစံ သတ်မှတ်ထားကြပါတယ်။
ဈေးကွက်အတွင်း လက်ရှိရောင်းချနေတဲ့ အိမ်ရာတွေကတော့ ပန်းလှိုင်အိမ်ရာအတွင်းက Lotus Hill ၊ HAGL ရဲ့ The Lake Suites နဲ့ Riverfront Garden အစရှိတဲ့အိမ်ရာတွေပဲဖြစ်ပါတယ် ။ ဈေးနှုန်းအနေနဲ့ကတော့ အမြင့်ဆုံးကျပ်သိန်း ၇၀၀၀ နီးပါးမှ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်လောက် အထိ ဈေးကွက်ရှိနေပါတယ်။
လက်ရှိအရောင်းအားလုံးကတော့ ဝယ်ယူသူတွေအနေနဲ့ စိတ်ဝင်စားလျက်ရှိပြီး ဈေးကွက်ငြိမ်သက်နေချိန်မှာ အရောင်းပြုလုပ်နေတဲ့ စီမံကိန်းတွေ လည်း ဖြစ်ပါတယ်။
Ref : The Kumudra
Photo Credit : printrest
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ