By Wut Yee Htun, Shweproperty.com
Updated at 7 April 2017
Myanmar Property Awards 2017 ဆုပေးပွဲအတွက် ပါဝင်ယှဉ်ပြိုင်မယ့်သူတွေဟာ အမည်စာရင်းတင်သွင်းဖို့ အတွက် ဧပြီလ (၂၁)ရက်နေ့နောက်ဆုံးထားလျှောက်ကြဖို့ သတ်မှတ်ထားတာမို့ လျှောက်လွှာပိတ်ရက်ပြည့်ဖို့ (၁၄)ရက်သာ လိုပါတော့တယ်။
(၃)ကြိမ်မြောက်ကျင်းပမယ့် Myanmar Property Awards 2017 ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ(၃၀)ရက် နေ့မှာ ရန်ကုန်မြို့က၊ Sedona Hotel မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ယှဉ်ပြိုင်မယ့် အိမ်ခြံမြေဆိုင်ရာလုပ်ငန်းရှင်တွေဟာ ဧပြီလ(၂၁)ရက်နေ့ကို နောက်ဆုံးထားစားရင်းပေးသွင်းရမှာဖြစ်ပါတယ်။
“မြန်မာရဲ့ ခရီးသွားလုပ်ငန်းနဲ့ ဆိုင်တဲ့အဆောက်အအုံတွေဟာဆိုရင် ၂၀၁၇ မှာ အိမ်ခြံမြေလောကကို အကျိုးပြုဖို့အတွက် အရေးပါသလို၊ စီးပွားရေးပေါ်လစီကိုလည်း ထောက်ပံ့ဖြည့်ဆည်းပေးရာရောက်ပါတယ်၊ အခုချိန်မှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူအများကြီးဝင်လာနေပါပြီ၊ ဒါဟာ မြန်မာ့ဈေးကွက်မှာ လိုအပ်ချက် တစ်ခုပဲ ဖြစ်တယ်။ ဒါပေမယ့် မြန်မာမှာချေးငွေဈေးကွက်စနစ်တစ်ခုမရှိခဲ့ဘူးဆိုရင်တော့ ဒါဟာ တည်မြဲမှာ မဟုတ်ပါဘူး” လို့ Myanmar Property Awards ရဲ့ အကဲဖြတ်ဒိုင်ဥက္ကဌ Richard Emerson က ပြောကြားခဲ့ တယ်လို့ ၂၀၁၆ ခုနှစ်က Property Report မှာ ဖော်ပြထားပါတယ်။
ဒီနှစ်ရဲ့ အဓိကယှဉ်ပြိုင်ရမယ့် အပိုင်းတွေကတော့ မြန်မာ့အိမ်ခြံမြေလောက ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါတဲ့ ဗိသုကာပညာပိုင်းနဲ့ ဒီဇိုင်းပိုင်းဆိုင်ရာမှ အိမ်ခြံမြေလုပ်ငန်းရှင်တွေဟာ လူနေအိမ်တိုက်ခန်းတွေ၊ အဆောက်အအုံသစ်တွေ၊ စီးပွားရေးဆိုင်ရာ အဆောက်အုံတွေနဲ့ ဟိုတယ်နဲ့ သက်ဆိုင်တဲ့အပိုင်းတွေပဲဖြစ်ပါ တယ်။ ဒါ့အပြင် အကောင်းဆုံးအိမ်ခြံမြေလောကကို အကျိုးပြုဆောင်ရွက်သူဆု၊ တိုးတက်မှုကို ရေရှည်အကောင်အထည်ဖော်သူ ဆု တွေကိုပါ ပေးအပ်သွားမယ်လို့ သိရပါတယ်။
ဆုပေးပွဲပြုလုပ်မယ့်အကြောင်းနဲ့ ယှဉ်ပြိုင်မယ့်ရက်ကန့်သတ်ချက်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ ဆုရရှိသူနဲ့ ကုမ္ပဏီနဲ့ပတ်သတ်တဲ့စကားတင်စာရင်းကိုတော့ မေလနောက်ဆုံးပတ်မှာ အသိပေးကြေညာသွားမှာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံးအိမ်ခြံမြေတိုးတက်မှုဆုကိုတော့ ရွှေတောင်ဆောက်လုပ်ရေးက ရရှိခဲ့တာ ဖြစ်ပါတယ်။
Written By : Wut Yee Htun (Shweproperty.com)
Posted By : Wai Phyoe (Shweproperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ