By 7daydaily, Shweproperty.com
Updated at 6 June 2016
အစိုးရသစ်လက်ထက် တွင် ရန်ကုန်နှင့်မန္တလေးမြို့များ၌ တန်ဖိုးနည်းအိမ်ရာများ ဆောက် လုပ်ရန် စီစဉ်နေသော်လည်း အိမ် ခြံမြေဈေးကွက်ကို သိသိသာသာ ထိခိုက်နိုင်ခြင်းမရှိကြောင်း အိမ် ခြံမြေအကျိုးဆောင်များက သုံး သပ်ပြောကြားသည်။
အစိုးရသစ်၏ ကျပ်သိန်း တစ်ရာအောက် တန်ဖိုးနည်းအိမ် ရာ တည်ဆောက်မှုသည် အချိန် ကာလ အတိုင်းအတာတစ်ခုအထိ ကြာမြင့်နိုင်သည့်အပြင် ရန်ကုန် နှင့်မန္တလေးမြို့ကြီးများတွင် အစိုးရ ပိုင်မြေရှားပါးခြင်းကလည်း အ တားအဆီးတစ်ခု ဖြစ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဈေး ကွက်တွင် နေထိုင်ရန် ဝယ်ယူမှု ထက် ရင်းနှီးမြှုပ်နှံမှုဖြင့် ဝယ်ယူ ထားမှုကများနေကာ အခွန်နှုန်း သက်သာမှုကို အခွင့်အရေးယူပြီး ကုန်ပစ္စည်းတစ်ခုကဲ့သို့ ဈေးကစား ခဲ့၍ အရောင်းအဝယ် ကျဆင်း နေသော်လည်း ဈေးနှုန်းလျော့ကျ ရန် အခက်အခဲဖြစ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
‘‘ဈေးနှုန်းက တက်စရာမရှိ သလို အခုလက်ဝယ်ပိုက်မိသူတွေ က ဈေးကြီးမိထားတော့ ဗိုက်နာ သူတွေလောက်သာ လျှော့ရောင်း ကြတယ်’’ဟု မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးက ပြော ကြားသည်။
လက်ရှိ စီးပွားရေးအခြေအ နေကို နိုင်ငံတကာ လုပ်ငန်းရှင် များက စောင့်ကြည့်နေခြင်း၊ ပြည်တွင်းကုန်သွယ်မှုတွင် ပို့ကုန်ပမာဏ ကျဆင်းနေခြင်းတို့ကြောင့် ပြည်တွင်းစီးပွားရေး ကျဆင်းနေကာ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအသစ်များ ပေါ်ထွက်လာခြင်း မရှိသေးချိန်တွင် အိမ်ခြံမြေ၌ ရင်းနှီးမြှုပ်နှံထားသူများမှာလည်း စောင့်ကြည့်နေသည့် အခြေအ နေသာ ရှိနေကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က သုံးသပ်ပြော ကြားသည်။
အစိုးရသစ်အနေဖြင့် မြို့ပြ များတွင် ပိုင်ဆိုင်မှုအခွန်ကောက် ယူသည့်ပုံစံဖြင့် ထိန်းသိမ်းမှသာ ခြံမြေဈေးနှုန်း ကျဆင်းလာနိုင် သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့ကဆိုသည်။
လက်ရှိ တန်ဖိုးနည်းအိမ်ရာ အကောင်အထည် ဖော်ဆောင် နေမှုသည် နေထိုင်ရေး အခက်အခဲဖြစ်နေသူများအတွက် အဆင်ပြေသော် လည်း အိမ်ခြံမြေ ဈေးနှုန်းကျဆင်းမှုအတွက် အကျိုးသက်ရောက်မှုမရှိနိုင်ကြောင်း ၎င်းတို့ကဆိုသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ