By The Kumudra, Shweproperty.com
Updated at 30 July 2015
အိမ်ခြံမြေ အရောင်းအဝယ်အငှား စာချုပ်ချုပ်မယ်ဆိုရင် စာချုပ်မှာ ဖော်ပြရမယ့် ရက်စွဲ၊ လက်မှတ်၊ ဆက်ခံသူတွေ စတဲ့ သိသင့်တဲ့ အချက်တွေရှိပါတယ်။
ရက်စွဲမပါတဲ့ စာချုပ်
စာချုပ်ချုပ်မယ်ဆိုရင် ရက်စွဲမပါတာဟာ ကာလသတ်မှတ်ချက်ဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ စာချုပ်မှာ ‘စာချုပ်ပြုလုပ်တဲ့ အချိန်ကစပြီး ရှစ်လနဲ. အပြီးတိုက်ကို ဆောက်လုပ်မှာ ဖြစ်ကြောင်း ကန်ထရိုက်တာက တာဝန်ယူပါသည်’ လို. ပါရှိပေမဲ့လည်း စာချုပ်ချုပ်ဆိုတဲ့ ရက်စွဲ မထည့်သွင်းထားပါဘူး။ ဒါကြောင့် စာချုပ်ချုပ်ဆိုတဲ့ အချိန်ကစပြီး ဘယ်နှစ်လ အတွင်း အပြီးဆောက်မယ်ဆိုပေမဲ့ စာချုပ်ချုပ်တဲ့ ရက်စွဲမပါတာကြောင့် အပြီး ဆောက်လုပ်မယ်ဆိုတဲ့ ကာလကို သတ်မှတ်ရခက်ပါလိမ့်မယ်။
ဒါ့အပြင် အရစ်ကျစနစ်နဲ. ငွေပေးချေရတဲ့ စာချုပ်တွေမှာလည်း ‘စာချုပ်ချုပ်ဆိုတဲ့နေ.ကနေ ၁၅ရက်မြောက်နေ.မှာ ပထမရစ်၊ ၃၀ရက်နေ.မှာ ဒုတိယအရစ်ကို ဝယ်သူက ရောင်းသူကို အပြီး ပေးချေရမယ်’ ဆိုပြီး ချုပ်ထားပါတယ်။ ဒါပေမဲ့ အဲသည်စာချုပ်မှာ ချုပ်တဲ့ ရက်စွဲမပါတာကြောင့် ငွေပေးရမယ့်သူအတွက် အဆင်ပြေစေနိုင်ပါတယ်။
ဒါကြောင့် စာချုပ်တိုင်းမှာ စတင်ချုပ်ဆိုတဲ့ ရက်စွဲအပြင် တခြားဆောင်ရွက်မှုနဲ. စပ်လျဉ်းတဲ့ ရက်စွဲမှာ ပါရှိဖို.လည်း လိုအပ်တယ်လို. သိရပါတယ်။
စာမျက်နှာတိုင်း လက်မှတ်ထိုးရန်
အရောင်းအဝယ်စာချုပ်၊ ပေါင်နှံခြင်းစာချုပ်၊ ငွေချေးကတိစာချုပ်၊ ငှားရမ်းခြင်း စာချုပ်စသဖြင့် မှတ်ပုံတင်ရုံးမှာ ပြုလုပ်တဲ့ စာချုပ်တွေမှာ အငြင်းပွားမှုပြဿနာ မရှိလှပေမဲ့ အရပ်ဘက်သဘောတူ ကတိစာချုပ်တွေမှာတော့ အငြင်းပွားမှုတွေ မကြာခဏ ပေါ်ပေါက်ပါတယ်။ အကြောင်းကတော့ စာချုပ်ရဲ. စာမျက်နှာတိုင်းမှာ လက်မှတ်ရေးထိုးထားခြင်းမရှိလို. ပေါ်ပေါက်ရတဲ့ ပြဿနာတွေဖြစ်ပါတယ်။
ဥပမာ အိမ်ခန်းငှားရမ်းခြင်း ကတိစာချုပ်ချုပ်ဆိုတဲ့အခါ အိမ်ရှင်နဲ. အိမ်ငှားလိုက်နာရမယ့်အချက်တွေပါဝင်တဲ့ စာချုပ်တွေမှာ စာမျက်နှာ သုံးမျက်နှာလောက်အထိ ပါရှိနိုင်ပါတယ်။ ဒါကြောင့် နှစ်ဦးသဘောလက်မှတ်ရေးထိုးရာမှာ စာချုပ်ချုပ်ဆိုသူတွေဟာ များသောအားဖြင့် စာချုပ်ရဲ. နောက်ဆုံးစာမျက်နှာ၊ စာချုပ်ရဲ. နောက်ဆုံး စာပိုဒ်အောက်ရှိ (အိမ်ရှင်) (အိမ်ငှား) စသဖြင့် ရည်ညွှန်းအမည် နေရာမှာပဲ ကာယကံရှင် လက်မှတ်ရေးထိုးကြလေ့ ရှိပါတယ်။
တချို.က စာချုပ်ရဲ. ပထမစာမျက်နှာနဲ. ဒုတိယစာမျက်နှာတွေကို မိမိစိတ်တိုင်းကျ လက်ရေးတူ၊ လက်နှိပ်စက် စသဖြင့် ပြန်လည်ရေးသားရိုက်နှိပ်ပြီး တတိယစာမျက်နှာနဲ. အဆက်အစပ် ပြုကာ စာချုပ်ရဲ. စည်းမျဉ်း စည်းကမ်းတွေကို ပြောင်းလဲသွားအောင် လုပ်တတ်ကြပါတယ်။
ဒါကြောင့် စာချုပ်ချုပ်ဆိုမယ်ဆိုရင် စာမျက်နှာတိုင်းရဲ. အောက်ခြေနေရာမှာ ဖြစ်စေ၊ နံဘေးနေရာလွတ်မှာ ဖြစ်စေ၊ ကာယကံရှင် နှစ်ဦးနေရာလွတ်မှာ ဖြစ်စေ၊ ကာယကံရှင်နှစ်ဦးနှစ်ဖက်လုံးနဲ. သက်သေတွေ အပါအဝင် လက်မှတ်ရေးထိုးကြရမှာ ဖြစ်ပါတယ်။
ဆက်ခံသူတွေ အကျုံးဝင်အောင်
စာချုပ်ချုပ်ဆိုရာမှာ လူပုဂ္ဂိုလ်အချင်းချင်း စာချုပ်ချုပ်ဆိုတာ ရှိသလို ကုမ္ပဏီ အသင်းအဖွဲ.အချင်းချင်း ချုပ်ဆိုကြတာလည်း ရှိကြပါတယ်။ နောင်တစ်ချိန်မှာ တာဝန်ရှိပုဂ္ဂိုလ်တွေက ဆင်ခြေမပေးနိုင်အောင် ဖော်ပြချုပ်ဆိုသင့်ပါတယ်။
ဥပမာ လူပုုဂ္ဂိုလ်အချင်းချင်း ချုပ်ဆိုမယ်ဆိုရင် ‘အထက်ပါအပိုင်ရောင်းသူ၊ အပိုင်ဝယ်သူဆိုရာ၌ ၎င်းတို.ရဲ. အမွေစား အမွေခံများ၊ အမွေဆက်ခံခွင့် ရှိသူများ၊ တရားဝင်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ် လွှဲစာရသူတွေအားလုံး အကျုံးဝင်သည်’ ဟူ၍ မှတ်ယူကြရမှာ ဖြစ်ပါတယ်။
ရောင်းသူဘက်အမွေစား အမွေခံများ၊ အမွေဆက်ခံခွင့်ရှိသူများ၊ တရားဝင် ကိုယ်စားလှယ်လွှဲစာရသူတွေက ၎င်းတို.မသိကြောင်း သို.မဟုတ် ၎င်းတို.ဆောင်ရွက်ပေးနိုင်ပါကြောင်း ငြင်းပယ်ခွင့် မရှိအောင် ထည့်သွင်းရခြင်းဖြစ်ပါတယ်။ အလားတူ ဝယ်သူဘက် အမွေစား အမွေခံများ၊ အမွေဆက်ခံခွင့် ရှိသများ၊ တရားဝင် ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လွှဲစာရသူတွေ အနေနဲ. ဆက်လက်ပါဝင်ဆောင်ရွက်ခွင့်ရှိကြောင်း ပြောခွင့်ရှိအောင် ုထည့်သွင်းရတာဖြစ်ပါတယ်။
ဒါ့အပြင် အသင်းအဖွဲ. ကုမ္ပဏီတွေနဲ. စာချုပ်ဆိုတဲ့အခါမှာလည်း ကိုယ်စားပြု ပုဂ္ဂိုလ်တွေက လက်မှတ်ထိုးရပါတယ်။ ဒါ့ကြောင့် တာဝန်ရှိသူ ပုဂ္ဂိုလ်တွေကနေ သဘောတူလက်မှတ်ထိုးခဲ့တာကို မိမိတို. အသိအမှတ်မပြုကြောင်း၊ သဘောမတူကြောင်း နောင်တစ်ချိန်မှာ ထပ်ရောက်လာတဲ့ အသင်းအဖွဲ.၊ ကုမ္ပဏီရဲ. တာဝန်ရှိပုဂ္ဂိုလ်တွေ အနေနဲ. ဆင်ခြေမပေးနိုင်အောင် စာချုပ်မှာ အောက်ပါအတိုင်း ချုပ်ဆိုသင့်ပါတယ်။
ဥပမာ ‘_____အသင်းအဖွဲ.ကိုယ်စား၊ ဥက္ကဌဖြစ်သူ ဦး ___က()ရက်နေ.မှာ ပြုလုပ်တဲ့ အသင်း အမှုဆောင် အဖွဲ.အစည်းအဝေး ဆုံးဖြတ်ချက်အရ မိမိကိုယ်စားပြုတဲ့ အသင်းအဖွဲ.ရဲ. လုပ်ပိုင်ခွင့်၊ အာဏာကို ကျင့်သုံးပြီး တာဝန်ယူလက်မှတ် ရေးထိုးပါတယ်’ ဟု ဖော်ပြလျက် (ဖော်ပြပါ အသင်းအဖွဲ.၊ ကုမ္ပဏီဟုဆိုရာမှာ မိမိတို.အပြင် အသင်းအဖွဲ.၊ ကုမ္ပဏီရဲ. ဆက်ခံသူတွေ၊ ဆက်ခံခွင့်ရှိသူတွေ၊ တရားဝင်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လွှဲစရသူတွေ အားလုံး အကျုံးဝင်သည်ဟူ၍ မှတ်ယူကြရမှာ ဖြစ်ပါတယ်။)ဆိုတဲ့ အပိုဒ်ကို ထည့်သွင်း ချုပ်ဆိုရမှာ ဖြစ်ပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ