By Sint Sint, Shweproperty.com
Updated at 30 March 2020
အိမ်ခြံမြေနဲ့ပတ်သက်ပြီး စာချုပ်ချုပ်ဆိုတဲ့အခါ အသိသက်သေတွေကလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ခုမှာ ပါဝင်ပါတယ်။ ဒါ့အပြင် အသိသက်သေတွေအနေနဲ့ ကတိပြုသူကတိရသူတို့ရဲ့ အာမခံချက်၊ စည်းကမ်းချက်တွေကို သိရှိနားလည်ဖို့ လိုအပ်ပါတယ်။
အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ‘ဘာကြောင့်လဲဆိုရင် ကိုယ့်အနေနဲ့ အိမ်ဝယ်လိုက်ပြီး၊ အသိသက်သေတွေ စာချုပ်မှာ လက်မှတ်ရေးထိုးကြတယ်၊ ပြဿနာတစ်ခုပေါ်ပေါက်လာရင် အသိသက်သေတွေကို ပြန်ပြီးစစ်ဆေးတဲ့အခါ စာချုပ်ပါအချက်တွေကို ပြန်ဖြေရှင်းနိုင်တဲ့ အသိသက်သေတွေ အတော်ရှားပါးတယ်။တချို့က မိမိရေးထိုးတဲ့ လက်မှတ်ကို ပြန်ကြည့်ပြီး ဟုတ်မဟုတ် ဇဝေဇဝါတွေ ဖြစ်တတ်တာတွေရှိသလိုပဲ တချို့ သက်သေအဖြစ် လက်မှတ်ရေးထိုးထားတာမှန်ပေမဲ့ စာချုပ်ပါအချက်တွေကို မသိတာတွေရှိပါတယ်။ ဒါကြောင့် အိမ်ခြံမြေနဲ့ ပတ်သက်ပြီး ပြဿနာကြုံလာရင် အသိသက်သေတွေအနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့လိုပါတယ်’ လို့ ဆိုပါတယ်။
ဒါကြောင့် စာချုပ်ချုပ်တဲ့အခါ ကြပ်မတ်ဆောင်ရွက်နိုင်မယ့်သူ ၊ စာချုပ်ချုပ်ဆိုပေးတဲ့ အကျိုးဆောင်က အသိသက်သေဆိုရင်လည်း စာချုပ်ချုပ်ရမယ့် ကိစ္စတွေကို စာချုပ်မချုပ်ခင် ရှင်းလင်းပြောထားသင့်ပါတယ်။ ဒါမှမဟုတ် လက်မှတ်မရေးထိုးခင် စာချုပ်ကို အရင်ဖတ်စေတာ ဒါမှမဟုတ် ဖတ်ပြတာတွေ လုပ်သင့်ပါတယ်။ အဲဒါမှသာ ကာယကံရှင်တွေ သဘောတူ စာချုပ်ချုပ်ဆိုမယ့် အချက်တွေကို သိရှိပြီးမှ အသိသက်သေနေရာမှာ လက်မှတ်ရေးထိုးသင့်ပါတယ်။
မျက်မှောက်ကာလမှာ ဈေးကစားဆုံးနဲ့ ပြဿနာအများဆုံးက အိမ်ခြံမြေပြဿနာပဲ ဖြစ်တယ်။ အိမ်ခြံမြေဟာ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တဲ့အတွက် လွှဲပြောင်း၊ ရောင်း၊ ငှား၊ ပေါင်နှံ၊ လက်လွှဲ၊ လွှဲပြောင်းမှုတို့ကို အလွယ်တကူ မလုပ်သင့်ပါဘူးလို့လည်း သိရပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ