By China.com, Shweproperty.com
Updated at 21 June 2016
၂၀၁၅ ရွေးကောက်ကပွဲမတိုင်မီကာလကတည်းက ငြိမ်သက်နေသည့် အိမ်ခြံမြေဈေးကွက် မှာ ၂၀၁၆ ဇွန်လကုန်အထိ ဝါဝင်ကာလ နီးလာသည့်အထိ ဝယ်ယူသူမရှိသလောက်ဖြစ်ကာ လျော့ဈေးဖြင့် စတင်ရောင်းချမှုများ ရှိလာ ပြီး အငှားဈေးကွက်ပါ ထိခိုက်နေ ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များနှင့် တစ်ပိုင်တစ်နိုင်အိမ်အငှား ပွဲစား လုပ်ကိုင်နေသူများထံမှ သိရသည်။
“တိုင်ခန်းအငှားလား၊ မရတာတော်တော်ကြာနေပြီ၊ရပ်ကွက်ထဲမှာ ဆောက်ထားတဲ့ တိုက်ခန်းတွေက ပွထနေတာ။ ငှားနေတဲ့သူက အရင် ကလောက်မများတော့ဘူး။ပြီးတော့ တိုက်ခန်းပိုင်ရှင်တွေက အရင်လို အိမ်ငှားခဏခဏပြောင်းတာ မကြိုက်တော့ဘူး။အခု အခန်းတွေ ကများ ငှားနေနိုင်တဲ့သူက တော်တော်နည်းတယ်။ တိုက်ခန်းပိုင်ရှင်တွေက သူတို့တိုက်ခန်းတွေရောင်းမထွက်တော့ အိမ်ငှားကိုဈေးဖျက် တင်တယ်လေ။ အိမ်ငှားကနည်း၊အခန်းတွေက အများကြီးထွက်လာ၊ဝယ်တဲ့သူက မရှိသလောက်ရှားနေတော့ ပွဲစားဈေးကွက်က ပျက်သလောက်ဖြစ်နေပြီ၊တစ်လတစ်ခန်း တောင် အလုပ်မဖြစ်တော့ဘူး” ဟု လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အတွင်း အိမ်ခြံမြေပွဲစား လုပ်နေသူ တစ်ဦး ကဆိုသည်။ “ကျွန်တော်လမ်းထဲမှာ တိုက်ခန်းလွတ်တွေ အများကြီးဘဲ။ တိုက်ခန်းဈေးက ပြီးခဲ့တဲ့ နှစ်က ထက် အများကြီးမကျဘူး။ အငှားဈေးသာ ကျတာ။အရောင်းဈေးက သိပ်မကျဘူး။ဒါပေမယ့် အဝယ်ကတော့ မစဉ်းစားပါဘူး။ဆောက်ထားတာလဲ ပါးပါးလေး။လူမနေရသေးဘူး အက်ကြောင်းတွေက ထနေပြီ။လမ်းထဲကားဝင်လို့လည်းမရ။ဒီကြားထဲ စည်ပင်က တားထားလို့လူနေပြီးကာမှ တရားမဝင် ခိုးဆောက်လို့ ပြဿနာတက်နေတဲ့ တိုက်တွေ ဒီမှာက အများကြီးဘဲ ။ငှားမယ်သူက မရှိတာ ငှားချင်တဲ့တိုင်ခန်းတွေက များလွန်းလို့”လှိုင်မြို့နယ်အတွင်း တိုက်ခန်းငှားနေထိုင်သူ ကိုမင်းမင်းက ဆိုသည်။
လက်ရှိတွင် ရန်ကုန်ဆင်ခြေဖုံးမြို့နယ်များ၌ တိုက်ခန်းများဈေးမှာ လမ်းမတန်း ပျမ်းမျှ မြေညီထပ် လမ်းမတန်း သိန်း(၁၀၀၀-၆၀၀)၊ ပထမထပ် (သိန်း ၇၀၀-၄၀၀)ဒုတိယထပ်(သိန်း၅၀၀-၃၀၀)ခေါ်ဈေးရှိကာ လမ်းအတွင်းများတွင် ပျမ်းမျှ မြေညီထပ် သိန်း(၅၀၀-၄၀၀)၊ ပထမထပ် (သိန်း ၃၀၀-၂၅၀)ဒုတိယထပ်(သိန်း ၃၀၀-၂၅၀)ခေါ်ဈေးရှိကြောင်း သိရသည်။ တိုက်ခန်းအငှားဈေးနူန်း များအနေဖြင့် လမ်းမတန်း ပျမ်းမျှ မြေညီထပ် လမ်းမတန်း သိန်း(၁၀-၅)၊ပထမထပ် (၅သိန်း-၃သိန်း)ဒုတိယထပ်(၂သိန်း-တစ်သိန်းခွဲအထိ)ခေါ်ဈေးရှိကာ လမ်းအတွင်းများတွင် ပျမ်းမျှ မြေညီထပ် (၂ သိန်းခွဲ-နှစ်သိန်း)၊ပထမထပ် (နှစ်သိန်း တစ်သိန်းခွဲ-)ဒုတိယ ထပ် (တစ်သိန်းခွဲ-တစ်သိန်း) ခန့်အမျိုးမျိုး ခေါ်ဈေးရှိကြောင်း သိရသည်။
Ref : China.com
Photo Credit : myitmakha
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ