By ဝိုင်းနန္, Shweproperty.com
Updated at 17 December 2019
မြန်မာငွေကျပ်သန်း(၂၀၀၀)နီးပါး ၊ အမေရိကန်ဒေါ်လာ သန်း(၅၀)ကျော် ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်း(၃)ခုကို ဒီဇင်ဘာလ (၁၄)ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အစည်းအဝေးမှာ ခွင့်ပြု ခဲ့ပါတယ်။ လျှပ်စစ်ကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍ တို့မှာ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး၊ အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၉၄)နေရာကို ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။
ရင်းနှီးမြှုုပ်နှံမှုပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ (၅၈)ဒသမ (၀၃၅)သန်းနဲ့ ကျပ် (၁၉၂၂)ဒသမ (၈၀၄) သန်း ရှိတဲ့ လုပ်ငန်း (၃)ခုကို ခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၁၉ - ၂၀၂၀ ခုနှစ် ဘဏ္ဍာနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ကနေ နိုဝင်ဘာလ(၂၉)ရက်နေ့ထိ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၄၁)ခု ခွင့်ပြုပေးခဲ့ပြီး၊ ပမာဏအနေနဲ့ (၁၃၅၇. ၅၇၂)သန်း ရှိတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (DICA) ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
(၂၀၁၉) ခုနှစ်အောက်တိုဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်တဲ့ နိုင်ငံကတော့ စင်္ကာပူ၊ တရုတ် နဲ့ ထိုင်းနိုင်ငံဖြစ်ပါတယ်။ လက်ရှိမှာတော့ နိုင်ငံပေါင်း(၅၀)မှ စီးပွားရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု (၁၂)ခု၊ လျှပ်စစ် ကဏ္ဍနဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု တွေပြု လုပ်ထားကြတာပါ။
ပြီးခဲ့တဲ့အောက်တိုဘာလကုန်ထိ သတ်မှတ်ထားတဲ့ ဘဏ္ဍာနှစ်မှာတော့နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှာတော့ လုပ်ငန်းပေါင်း(၂၄)ခုရှိပြီး၊ ရင်းနှီးမြှုပ်နှံ့မှု တိုးမြင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံခဲ့တဲ့ ပမာဏကတော့ အမေရိကန် ဒေါ်လာ (၁၁၃.၅၈၉)သန်းရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Photo Credit : mmtimes
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ