By Myanmar Builders Guide, Shweproperty.com
Updated at 29 August 2018
ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားများအားရောင်းချခြင်းဖြင့် နိုင်ငံခြားငွေရှားပါးမှုကို အမြန်ဆုံးကုစားနိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌမှ ပြောကြားခဲ့သည်။
ကွန်ဒိုမီနီယမ်ဥပဒေ ထွက်ပေါ်လာစေရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ နှစ်ချီကြိုးပမ်းခဲ့ကြောင်း၊အာဆီယံနိုင်ငံများတွင် ကွန်ဒိုမီနီယမ်ဥပဒေမရှိသည့်နိုင်ငံမှာ မြန်မာနိုင်ငံတွင် ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားများရောင်းချနိုင်ခြင်းသည် အဆိုပါအခက်အခဲကို အမြန်ဆုံးကုစားနိုင်သော နည်းလမ်းတစ်ခုဖြစ်ကြောင်း သိရသည်။
ကွန်ဒိုမီနီယမ်တိုက်ခန်းများရောင်းချမှုအတွက် တံဆိပ်ခေါင်းခွန် ၄ရာခိုင်နှုန်းဖြစ်ပြီးနိုင်ငံခြားသားဝယ်ယူပါက ဝင်ငွေခွန်လုံးဝကောက်ခံမည်မဟုတ်ကြောင်း၊နိုင်ငံသားများအတွက်မူတံဆိပ်ခေါင်းခွန် ၄ရာခိုင်နှုန်းအပြင် ဝင်ငွေခွန်ရလမ်းမဖော်ပြနိုင်ပါက ၃ဝ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်ဥက္ကဋ္ဌ မှ ဆောက်လုပ်ရေးလောကအတွက် စီမံကိန်းတစ်ခုဆောင်ရွက်ပေးစေလိုကြောင်း၊ကွန်ဒိုမီနီယမ်နှင့် Apartment ဥပဒေထွက်ပေါ်လာ၍ နိုင်ငံခြားသားများကို အခန်းပေါင်းလေးသောင်းခန့် ရောင်းချနိုင်ပါကတစ်ခန်း ဒေါ်လာ သုံးသိန်း၊နှစ်သိန်းနှုန်းဖြင့်ဆိုလျှင်အမေရိကန် ၁ဝ ဘီလီယံနှင့်အထက်နိုင်ငံခြားဝင်ငွေရနိုင်ကြောင်း၊ကွန်ဒိုမီနီယမ်နှင့် Apartment ဥပဒေတွင် တိုက်ခန်းပဲရောင်းချခြင်းမဟုတ်ပဲ နိုင်ငံခြားသားများအတွက် ဥပမာအားဖြင့် ၁ဝနှစ် ဗီဇာကင်းလွတ်ခွင့်ပြုခြင်း နှင့် အခြားဆက်စပ်သော ကိစ္စရပ်များ ဆောင်ရွက်ပေးသင့်ကြောင်း ပြောသည်။
ဆောက်လုပ်ရေးကဏ္ဍသည် အလွန်ကျယ်ပြန့်ပြီး ဘိလပ်မြေစက်ရုံများ၊သံချည်သံကွေး၊အင်ဂျင်နီယာများ၊ဆောက်လုပ်ရေးလုပ်သားများစသည်ဖြင့် မျိုးစုံပါဝင်သောကဏ္ဍဖြစ်ကြောင်း၊အခြားသော ကဏ္ဍများရှိ လုပ်ငန်းများသည်လည်းဆောက်လုပ်ရေးုလုပ်ငန်းရှင်များသည် ၎င်းတို့လုပ်ငန်းများ မှ ထောင်နှင့်ချီသောဝန်ထမ်းများဆက်လက်ရပ်တည်နိုင်ရေးအတွက် တောင်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။ကွန်ဒိုမီနီယမ်ဥပဒေအတိုင်းလက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများဖြစ်ပေါ်လာပါက ဥပဒေအားထပ်မံပြင်ဆင်ရန်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးမှပြောကြားခဲ့သည်။
ကွန်ဒိုမီနီယမ်ဥပဒေသည် ယခင်က ရှိပြီးသားဥပဒေကိုပင်မွမ်းမံထားခြင်းဖြစ်၍ စီးပွားရေးလုပ်ငန်းရှင်များအတွက်အနည်းငယ်သက်သောင့်သက်သာ ရှိစေမည့် အချက်များပါဝင်လာသော်လည်း Developer များမျှော်မှန်းထားသကဲ့သို့ များစွာလျှော့ချပေးထားခြင်းမရှိကြောင်း၊ဥပမာ အားဖြင့် Developer များက စီမံကိန်းများ ကုန်ကျစရိတ်စုစုပေါင်း၏ ၃ရာခိုင်နှုန်းသာ Down Payment အဖြစ်အစိုးရသို့ပေးသွင်းထားရန် တောင်းဆိုနေသော်လည်း ၁၅ ရာခိုင်နှုန်းပေးသွင်းထားရန် လွှတ်တော်ကဆုံးဖြတ်ခဲ့ကြောင်း၊အစိုးရ၏ သတ်မှတ်ချက်နှင့်လုပ်ငန်းရှင်များ၏လိုလားချက်အကြား ကွာခြားချက်ဖြစ်ပေါ်ရခြင်းမှာ မြန်မာနိုင်ငံတွင်စီမံကိန်းချေးငွေစနစ်မရှိသောကြောင့် ဖြစ်ကြောင်း သိရသည်။
ကွန်ဒိုမီနီယမ်ဥပဒေထွက်ပေါ်လာပြီးနောက်တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံခန့်ခွဲမှုကော်မတီများကို စက်တင်ဘာလကုန်တွင်ဖွဲ့စည်းပြီးလျှင် ဥပဒေအရအကျုံးဝင်သည့် ဆောက်ပြီးသားကွန်ဒိုမီနီယံများသည် မှတ်ပုံတင်လုပ်ခွင့်ရမည်ဖြစ်ကြောင်း၊မှတ်ပုံတင်ပြီးပါက နိုင်ငံခြားသားများကို ကွန်ဒိုအခန်းများ၏ ၄ဝ ရာခိုင်နှုန်းရောင်းချခွင့်ရမည်ဖြစ်ကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ