By Messenger, Shweproperty.com
Updated at 20 July 2015
ပြည်တွင်း အိမ်ခြံမြေ ဈေးကွက် ရပ်တန့်နေသော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ တိုးတက် ဝင်ရောက်နေလျက် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
““အိမ်ခြံမြေ ကဏ္ဍပြည်တွင်း ဈေးကွက်မှာ ငြိမ်နေပေမယ့် နိုင်ငံခြား ရင်းနှီးမှုတွေက လျော့မသွားပါဘူး ပုံမှန် ဝင်ရောက်နေတဲ့ အပြင် နည်းနည်းတောင် တက်လာသေးတယ်”” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနမှ ညွန်ကြားရေး မှူး ဦးလင်းထွဋ်က ပြောသည်။
ယခုဘဏ္ဍာနှစ် လက်ရှိအချိန် အထိ အိမ်ခြံမြေကဏ္ဍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ လုပ်ငန်း (၂၉) ခုမှ ကန်ဒေါ်လာ (၂၂၇၇ ဒသမ ၇၇၁) သန်းထိ ရှိခဲ့ပြီး ရာခိုင်နှုန်းအား ဖြင့် (၄ ဒသမ ၀၃ )ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံသူများမှာ စီမံကိန်းကြီးများ ဆောင်ရွက် ကြမည်ဖြစ်ပြီး၊ ယင်းစီမံကိန်းများမှာ Rose Hill အိမ်ရာစီမံကိန်း၊ Polo Club အိမ်ရာ စီမံကိန်း စသည့်တို့ ပါဝင်ကြောင်း သိရသည်။
““ပြည်တွင် အိမ်ခြံမြေ ဈေးကွက်က အခုငြိမ်နေပေမယ့် အငှား ဈေးကွက်ကတော့ တစ်မျိုး ဖြစ်လာနိုင်တယ်”” ဟု အိမ်ခြံမြေ လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။
အိမ်ခြံမြေကဏ္ဍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာတွင် အများဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများမှာ စင်ကာပူ၊ ဟောင်ကောင်တို့ ဖြစ်ပြီး၊ ယင်းနောက်တွင် ထိုင်း၊ ဗီယက်နမ်တို့မှ ရင်းနှီး မြှုပ်နှံထားကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ်္ပဏီများ ညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
Ref : Messenger
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ