By Myanmar Times, Shweproperty.com
Updated at 9 January 2015
မြန်မာနိုင်ငံ၏ အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အတွက် လိုအပ်နေသော ဥပဒေသုံးခုကို မြို့ရွာ နှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက အသစ်ပြန် လည်ရေးဆွဲသွားမည်ဖြစ်ကာ လက်ရှိတွင် ပညာရှင်များပူးပေါင်းကာ မူကြမ်းရေးဆွဲပြီး လွှတ်တော်သို့တင်ပြသွားရန် ပြင်ဆင်နေကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ စီမံကိန်းဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောသည်။
"နိုင်ငံတော် ပြည်သူ့အိုးအိမ်ထူထောင်ရေးနှင့် ပြန်လည်ထိန်းသိမ်းရေးဥပဒေက အခုချိန်ထိအတည်ပြုဆဲဖြစ်ပေမယ့် တစ်နိုင်ငံ လုံးကို မလွှမ်းခြုံနိုင်တော့လို့ အသစ်ပြန်ဆွဲဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ပြင်ဆင်ရမယ့်ဥပဒေတွေကို မူကြမ်းရေးဆွဲ ပြီးလို့ ရှေ့နေချုပ်ရုံးကိုတင်ပြပါတယ်။ ရှေ့နေ ချုပ်ကတစ်ဆင့် လွှတ်တော်ကို ဆက်ပြီးတင်ပြ သွားမှာပါ" ဟု ၎င်းကပြောသည်။
အိုးအိမ်ဦးစီးဌာနက သုံးစွဲလျက်ရှိသည့် ဥပဒေများသည် ယနေ့ခေတ်စနစ်နှင့် မလျော် ညီသည့် အတွက် ပြန်လည်ပြင်ဆင်ရခြင်းဖြစ်ပြီး ပြင်ဆင်သွားမည့် ဥပဒေများမှာ အမျိုးသားအိမ်ရာ ဖွံ့ဖြိုးရေးဥပဒေ၊ မြို့ပြ စီမံကိန်းဥပဒေနှင့် မြေအောက်ရေကြီးကြပ် ရေးဥပဒေများဖြစ်သည်။
အမျိုးသားအိမ်ရာဖွံ့ဖြိုးရေးဥပဒေနှင့် မြို့ပြစီမံကိန်းဥပဒေများ ကို အသစ်ပြန်လည် ရေးဆွဲမည်ဖြစ်ပြီးမြေအောက်ရေ ကြီးကြပ်ရေးဥပဒေမှာ ရှိပြီး သား ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲ သွားမည်ဖြစ်သည်။
"အခုရှိပြီးသားဥပဒေတွေက တစ်နိုင်ငံ လုံးအတိုင်းအတာအတွက် အကျိုးထိရောက် မှုမရှိလို တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်မယ့် ဥပဒေအသစ်ကို ရှိစေချင်တာပါ။ ၁၉၅၁ အမျိုးသားအိမ်ရာဖွံ့ဖြိုးရေးဥပဒေဆိုရင် လည်း ခေတ်နဲ့မညီတဲ့ အချက်တွေများပြီး ပြင်ဆင်ရမယ့် ရာခိုင်နှုန်းကလည်းတော်တော် များတယ်။ ဥပဒေတစ်ခုရဲ့ သတ်မှတ်ထားတဲ့ ပြင်ဆင်ချက်ရာခိုင်နှုန်းအောက်ဖြစ်ရင် ပြင်ဆင်ချက်လို့ခေါ်ပြီး အခုပြင်ရမှာက သတ်မှတ် ထားတဲ့ရာခိုင်နှုန်းထက်များနေလို့ အသစ် ပြန်ရေးမှ ရမှာပါ" ဟု ဦးဝင်းနိုင်ကပြော သည်။
ထို့ပြင် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် မြို့နယ်များတွင် စည်ပင်သာယာရေး ကော်မတီနှင့်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီး ဌာနတို့က ပူးပေါင်းလုပ်ဆောင်ရသော်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမရှိသည့်အတွက် အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိထိ ရောက်ရောက် မဆောင်ရွက်နိုင်ကြောင်း ၎င်းကပြောသည်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်က တိုင်းဒေသကြီး၊ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ပြည်ထောင်စုရဲ့လုပ်ပိုင်ခွင့်ကို ခွဲထားတယ်။ တိုင်းနဲ့ ပြည်နယ်တွေမှာ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ဖွဲ့စည်းပုံအရမရှိလို့ ပြည်နယ် အစိုးရက ကူညီလို့မရဘူး။ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ ဟန်ချက်ညီညီဆောင်ရွက်နိုင် တဲ့ နိုင်ငံတွေမှာပဲ အိမ်ရာဖွံ့ဖြိုးရေးကဏ္ဍကို အောင်အောင်မြင်မြင်လုပ်နိုင်လို့ ကျွန်တော်တို့နိုင်ငံမှာလည်း အောင်မြင်အောင် ပြောင်းလဲ နိုင်ဖို့ အသစ်ရေးဆွဲတာ ဖြစ်ပါတယ်"ဟု ဥပဒေရေးဆွဲနေသည့် ပညာရှင်တစ်ဦးက ပြောသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဥပဒေတစ်ခုချင်းစီ ရေးဆွဲပါက ဥပဒေများ ကွဲပြားကာထိရောက်မှုမရှိနိုင်သဖြင့် တစ်နိုင်ငံ လုံး အကျုံးဝင်နိုင်သော ဘုံဥပဒေတစ်ခုကို သာ ရေးဆွဲရခြင်းဖြစ်သည်။
"ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ တစ်ခု ချင်းစီ ဆွဲမယ်ဆိုရင် ဥပဒေတွေများပြီး တစ်ခုစီ ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ပြည်ထောင်စု ဗဟိုက ဥပဒေဆွဲလိုက်ရင် အားလုံး ဒီဥပဒေနဲ့ အကျုံးဝင်သွားမှာဖြစ်ပါတယ်။ ဒီလို ဥပဒေ ကို့ာဘမနူေူတေ လို့ ခေါ်ပါတယ်။ ဌာန ဆိုင်ရာ ပညာရှင်တွေ၊ ပြင်ပပညာရှင်တွေကို ခေါ်ပြီး ဥပဒေမှာပါသင့်ပါထိုက်တဲ့အကြောင်း တွေကို ထည့်သွင်းခဲ့ပြီး ဥပဒေပညာရှင်တွေ က ရေးဆွဲခဲ့တာဖြစ်ပါတယ်"ဟု ဦးဝင်းနိုင် က ပြောသည်။
ထို့ပြင် အိမ်ရာဖွံ့ဖြိုးရေးကဏ္ဍများက ရန်ကုန်မြို့တော်တွင် ဖွံ့ဖြိုးတိုးတက်မှုအများ ဆုံးရှိသော်လည်းရန်ကုန်မြို့တွင် အိမ်ရာမဲ့ အခြေခံလူတန်းစားများ ရှိနေခြင်းကြောင့် သင့်တင့်မျှတသည့်အိမ်ရာများလုံလောက်စွာ ထွက်ပေါ်လာရန်အတွက်လည်း ဥပဒေ ကောင်းတစ်ရပ် လိုအပ်နေခြင်းဖြစ်ကြောင်းဦးဝင်းနိုင်ကပြောသည်။
"အိမ်ရာစီမံကိန်းဆိုတာတွေက ရန်ကုန် မြို့မှာပဲများတာ။ ဒါပေမဲ့ ဒီလောက်များတာ တောင် မလုံလောက်ဘူး။ ရန်ကုန်မှာ ကျူးကျော် က ခြောက်သောင်းဝန်းကျင် လောက်ရှိပြီး သူတို့တွေက နေစရာမရှိကြဘူး။ ဒါကြောင့် သူတို့အတွက် သင့်တင့်မျှတတဲ့ အိမ်ရာဖော်ပေးဖို့အတွက် အမျိုးသားအိမ်ရာဖွံ့ဖြိုးရေး ဥပဒေ လိုအပ်တယ်" ဟု ၎င်းကပြောသည်။ ထို့ပြင် အိမ်ရာစီမံကိန်းများကိုလည်း ရန်ကုန်မြို့တွင်သာမက ပြည်နယ်တိုင်းဒေသ ကြီးများရှိ မြို့နယ်တိုင်းတွင်ပါ ပြုလုပ် သွားနိုင်ရန်အတွက် အဆိုပါ ဥပဒေသစ်တွင် ထည့်သွင်းရေးဆွဲထားကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။
Ref : Myanmar Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ