By The Kumudra, Shweproperty.com
Updated at 19 January 2015
၂၀၁၄ ခုနှစ်အတွင်း အခွန်နှုန်းထားကာလပေါက်ဈေး၊ ဘဏ်တိုးနှုန်း၊ စီမံကိန်းတချို့ပြောင်းလဲမှုတွေရှိခဲ့တာကြောင့် အိမ်ခြံမြေဈေးကွက်အားလုံး အရောင်းအရှိသလောက် ရပ်တန့်နေတယ်လို့ အကျိုးဆောင်တချို့နဲ့ဥပဒေပညာရှင်တချို့ကသုံးသပ်ပါတယ်၊' အရင်ကရင်းနှီးမြှပ်နှံရာကို အိမ်ခြံမြေပဲဦးတည်တယ်၊ အခုကဘဏ်တိုးနှုန်းတွေကလည်းတိုးပေးပြီး ရောင်းခွန်ဝယ်ခွန်ဘက်မှာလည်း ကာလပေါက်ဈေးကိုနှစ်ဆတိုးလိုက်တော့ အားလုံးတွက်စောင့်ကြည့်ရတဲ့အချိန်ဖြစ်နေတယ် ' လို့အိမ်ခြံမြေဥပဒေပညာရှင် ဦးလှစိန်ကရှင်းပြပါတယ်။
ပြောင်းလဲမှုတွေရှိနေချိန်
၂၀၁၄ နှစ်လယ်ပိုင်းလောက်မှာ ဘဏ်အပ်ငွေအတိုးနှုန်းထားဟာ ရှစ်ရာခိုင်နှုန်းမှ ၈.၂၅ထိတိုးမြင့်ပေးခဲ့ပါတယ်။ ဒါ့အပြင် ရောင်းခွန်ဝယ်ခွန်နှုန်းထားကို ၃၇ ရာခိုင်နှုန်းလျှော့ချထားခဲ့ပေမဲ့ ကာလပေါက်ဈေးစံနှုန်းသက်မှတ်ချက်ကိုတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးကွက်နှုန်းထားထက် တိုးမြင့်သတ်မှတ်ထားတာကြောင့် အခွန်ပေးဆောင်မှုအပိုင်းမှာ နှစ်နာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့ပြင် မြို့သစ်စီမံကိန်း၊ ဒလတံတားစတာတွေ အကောင်အထည်မဖေါ်ဖြစ်ဘဲ ကြန့်ကြာနေတာကြောင့် ၎င်းမြေနေရာတွေမှာ ရင်းနှီးမြှပ်နှံထားတဲ့စီးပွားရေး လုပ်ငန်းရှင်တွေဟာ ငွေကြေးနှစ်နာမှုတွေရှိခဲ့တာကြောင် ရန်ကုန်မြို့ရဲ့အရောင်းအဝယ်တွေ တဖြည်းဖြည်းရပ်တန့်နေတာဖြစ်ပါတယ်။
' ရန်ကုန် ကုန်းတွင်းဆိပ်စီမံကိန်းနဲ့ ဟံသာဝတီလေဆိပ် စီမံကိန်းတွေဟာလည်း စတင်ဖို့တဖြည်းဖြည်းနောက်ဆုတ်ခဲ့တာကြောင့် ပဲခူးအိမ်ခြံမြေနဲ့ မြို့သစ်ဈေးကွက်တွေဟာလည်း ငြိမ်သက်သွားခဲ့ပါတယ်။
စီမံကိန်းပေါက်ကြားမှု
အစိုးရရဲ့ စီမံကိန်းသတင်းကြိုတင်ပေါက်ကြားမှုတွေကြောင့် လူလတ်တန်းစားတွေဟာ ထိခိုက်နှစ်နာမှုတွေရှိခဲ့ပါတယ်။ ပထမဆုံးမြေလိုုက်ဝယ်သူအနည်းစုကသာ အမြတ်ရရှိမှုတွေရှိခဲ့ပေမဲ့ နောက်ပိုင်းဈေးကွက်ရပ်သွားချိန်မှာတော့ ဝယ်ရောင်းသမားတွေဟာ ဈေးကြီးမိပြီး ရောင်းမထွက်ဘဲ အရှုံးခံလက်ဝယ်ရှိနေတာတွေ ဖြစ်ပေါ်နေပါတယ်။ ဒါဟာအစိုးရကလူနည်းစုတွက် ငွေမည်းကို ငွေဖြူဖြစ်ဖို့ထွက်ပေါက်ပေးလိုက်တဲ့နည်းလမ်းပဲလို့သိရပါတယ်။
' အိမ်ခြံမြေမှမဟုတ်ဘူး ကားတင်သွင်းခွင့် စလစ်တွေတုန်းကလည်း လေးဘီးလိုကားတွေကို ဈေးကြီးပေးလိုက်ဝယ်ပြီး အကျိုးအမြတ်ထုတ်ကြတယ်၊ နောက်ပိုင်းအရှိန်ကောင်းလာတော့ ဈေးအားလုံးပြုတ်ကျပြီး ပိုက်ဘောမိတဲ့သူတွေ အများကြီးပဲ ' လို့ဥပဒေပညာရှင် ဒေါ်မိုးမိုးက ပြောပါတယ်။
ဌာနဆိုင်ရာ ဥပဒေအားနည်းချက်
လက်ရှိရန်ကုန်မြို့မှာတရားမဝင် အထပ်မြင့်အဆောက်အအုံပေါင်း ၂၀၀၀ကျော်ဆောက်လုပ်လျှက်ရှိပါတယ်။ ဒါဟာအစိုးရဘက်က ဖြိုဖျက်မှု၊ ဆက်လက်ဆောက်လုပ်ခွင့်မပေးမှု၊ လူနေထိုင်ခွင့်မရရှိမှု စတာတွေဖြစ်ပေါ်ခဲ့ပါက အဆိုပါအခန်းဆောက်အအုံကိုဝယ်ယူထားတဲ့ အခန်းပိုင်ရှင်၊ မြေပိုင်ရှင်နဲ့ကန်ထရိုက်တာတွေဟာ ဆုံးရှုံးနှစ်နာမှုများစွာရှိသွားမှာဖြစ်ပါတယ်။
ဒါကို ဌာနဆိုင်ရာဘက်က တိကျတဲ့ဥပဒေတွေနဲ့ အရေးယူမှု၊ ဖြေလျှော့မှုတွေပွင့်လင်းမြင်သာစွာ ပြုလုပ်နိုင်မှသာနှစ်နာသူတွေအနေနဲ့ ဆိုးကျိုးလျှော့နည်းသွားမယ်လို့သိရပါတယ်။
' အားလုံးဆောက်တော့လိုက်ဆောက်ရုံပေါ့၊ အရင်ကခွင့်ပြုပြီးအခုမှခွင့်မပြုလူဘူးဆိုတော့ ဥပဒေအရအရေးယူရင်လည်းခံရမယ်၊ ကန်ထရိုက်တာကထွက်ပြေးလို့ အခန်းပိုင်ရှင်ကလာရင်လည်း ပြသနာထပ်ဖြစ်မယ်၊ ကိုယ့်ဘက်က ကန်ထရိုက်တာကိုအရေးယူတော့လည်း ဥပဒေက ကြန့်ကြာပြီးအရေးယူမှုပမာဏက နည်းတော့ရှေ့နေဖိုးပဲအပိုကုန်သွားတယ် ' လို့ တောင်ဥက္ကလာပမြို့နယ်မှာနေထိုင်တဲ့မြေပိုင်ရှင် ဦးဝင်းအောင်ကပြောပါတယ်။
၂၀၁၅ ငွေမည်းပြသနာ
ယခုနှစ်မှာလည်း လက်ရှိမှာရင်းနှီးမြုပ်နှံမှုစောင့်ကြည့်ချိန်ဖြစ်ပေမဲ့ မြန်မာနိုင်ငံရဲ့ အကျိုးအမြတ်ရှိဆုံးရင်းနှီးမြုပ်နှံမှုဟာ အိမ်ခြံမြေဈေးကွက်ဖြစ်တာကြောင့် ငွေဖြူငွေမည်းပြသနာဟာလည်း ၂၀၁၅ခုနှစ်မှာစိုးမိုးနေဦးမယ်လို့ ခန့်မှန်းကြပါတယ်။ မြန်မာနိုင်ငံရဲ့ဘဏ်လုပ်ငန်းတွေဟာလည်း ခိုင်မာမှုအားနည်းနေတာကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ရင်းနှီးမြုပ်နှံမှုဟာ မြေဈေးကွက်ပဲဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့အိမ်ခြံမြေဈေးကွက်ဟာ အရောင်းဝယ်ပြုလုပ်မှုတွေ ဘဏ်ချေးငွေ၊ ပြုလုပ်တာတွေမဟုတ်ဘဲပိုနေတဲ့ငွေကြေးနဲ့ အရောင်းဝယ်ပြုလုပ်နေလို့ဈေးမကျဘဲ ဈေးနှုန်းရပ်တန့်မှုတွေသာ ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်တယ်လို့သိရပါတယ်။
Ref : The Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ