By The Kumudra, Shweproperty.com
Updated at 16 September 2016
အိမ်ခြံမြေဈေးကွက်က တချို့နေရာတွေ အရောင်းအဝယ်ပြန်ရှိနေပေမဲ့ ပြန်ရောင်းရင် အထွက်ခက်တာ၊ ဝယ်ထားတဲ့ဈေး ပြန်မရနိုင်မှာ စိုးတာတွေ ဈေးကွက်အေးနေတယ်လို့ သိရတယ်။
ဝယ်ချင်သူတွေအကြိုက် ဈေးကွက်ဖြစ်နေပေမဲ့ အရင်ကလို ဈေးကစားဖို့ ဝယ်ယူမှုတွေမရှိတော့တာကြောင့် ဈေးကွက်က အေးနေတယ် ယူဆနေကြ တာလို့ အကျိုးဆောင်တချို့က ပြောပါတယ်။ အိမ်ခြံမြေဈေးကွက်က အရောင်းအဝယ်တစ်ခုတည်းမဟုတ်ဘဲ အငှား၊ အပေါင်စတဲ့ဈေးကွက်တွေပါ ပါဝင်နေတာကြောင့် ဈေးကွက်တစ်ခုအေးနေရင် တစ်ခုကလည်ပတ်နေသေးတာကြောင့် အိမ်ခြံမြေဈေးကွက်က မရပ်တာဖြစ်တယ်လို့လည်း အကျိုးဆောင်တချို့က ပြောပါတယ်။
"အခုဈေးကွက်ထဲမှာက ကြည့်တဲ့သူတွေပဲများတယ်၊ အဝယ်နည်းနေတာ၊ အငှားဈေးကွက်ကတော့ အမြဲရှိပါတယ်၊ ဈေးကစားပြီး ပွဲဖြစ်ခဲ့တဲ့အချိန် ကလို အရောင်းအဝယ်ပြန်ဖြစ်ဖို့ကတော့ စောင့်ဆိုင်းရဦးမှာ၊ လက်ရှိမှာတော့ ဈေးလျော့ရောင်းတာမျိုးရှိတယ်ဆိုတာက ဆက်မကိုင်ထားနိုင် သူတွေပါ၊ တကယ်နေရာကောင်းပြီး မြို့ထဲပိုင်းတွေလို နေရာတွေမှာ ဈေးလျော့ရောင်းတာတွေ မရှိပါဘူး" လို့ ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ဈေးကွက်အခြေအနေကို ပြောပါတယ်။
ဈေးကွက်ထဲမှာ ဝယ်မယ်ဆိုရင် ဝယ်သူတွေအနေနဲ့ ကိုယ်ဝယ်ထားပြီး ပြန်ရောင်းမထုတ်သေးဘဲ ထားနိုင်တာမျိုးမှ အဆင်ပြေနိုင် မယ်။ ပြန်ရောင်းလို့ လည်းလွယ်ကူမယ်၊ လူကြိုက်များတဲ့နေရာမျိုးတွေကို ရွှေးဝယ်သင့်တယ်။ အခုချိန်မှာ ဝယ်သူတွေအတွက် စိတ်ကြိုက်ဈေးနဲ့ ညှိနှိုင်းပြီး ရွှေးလို့ရနေတာကြောင့် ဝယ်ထားသင့်တာပါ။ တချို့တွေကတော့ ပြန်ရောင်းထုတ်ရင် ခက်တဲ့လက်ရှိဈေးကွက်ကိုပဲကြည့်ပြီး မဝယ်ရဲကြသေးတာလို့ အကျိုးဆောင်တချို့က ပြောပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က "အိမ်ခြံမြေ ဈေးကွက်က အခုလိုဈေးကွက်အေးတာမျိုးက အရင်ကလဲ ကြုံခဲ့ဖူးကြ တာပဲ၊ နောက် ပိုင်းပြန်ကောင်းလာတာပဲလေ၊ အိမ်ခြံမြေက ဝယ်ထားရင် မှားတယ်ဆိုတာမျိုးမရှိပါဘူး၊ မြေဝယ်မကျဆိုတဲ့ စကားလက်ကိုင်ခဲ့ကြတာပဲ၊ အခုလို အချိန်က နေရာကောင်းတွေ သိမ်းလို့ကောင်းတဲ့အချိန်ပဲ"လို့ ပြောပါတယ်။
လက်ရှိမှာ ရင်းနှီးမြျုပ်နှံဖို့ ဝယ်ယူမယ်ဆို အလားအလာကောင်းတာက တိုက်ခန်းတွေနဲ့ ကွန်ဒိုတွေဖြစ်တယ်။ ပြန်မရောင်းနိုင်သေးလည်း အငှားထားရင် ဈေးကောင်းရတာကြောင့် တွက်ခြေကိုက်တဲ့ ရင်းနှီးမှုတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။
Posted By : Htet Mhuu
Photo Credit ; uncube
Ref : The Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ