By Kumudra, Shweproperty.com
Updated at 18 September 2017
လက်ရှိ အိမ်ခြံမြေဈေးကွက်မှာ အရောင်း အဝယ်ရော အငှားဈေးကွက်ပါ အနည်းငယ် ပြန်ဖြစ်လာတယ်လို့ အိမ် ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
ဈေးကွက်မှာ သိန်းရာကျော် ကနေ ၁၀ဝ၀ ကျော်အထိ အရောင်း အဝယ်ဖြစ်နေပြီး သိန်း ၅၀ဝ ကျော် တိုက်ခန်းတွေက အရောင်းအဝယ် ပိုဖြစ်နေပါတယ်။ အငှားဈေးကွက် မှာဆိုရင်လည်း လုံးချင်းအငှားတွေရော၊ တိုက်ခန်း အငှားတွေရော ပိုပြီး ဖြစ်လာတယ်လို့ သိရပါတယ်။
အိမ်ခြံမြေ အကျိုးဆောင် ကိုသူရက “ကျွန်တော်တို့အရင်က ဈေးကွက်နဲ့စာရင်တော့ ဈေးကွက်က ပို ဖြစ်ထွန်းလာပါတယ်၊ ပွင့်လင်းရာသီလဲ ရောက်လာပြီဆို တော့ အရောင်းအဝယ်ရော အငှားမှာရော ပို ဖြစ်လာတယ်၊ ဈေးက တော့ အကျဘက်တော့ ရှိတာပေါ့၊ နေရာအနှံ့မှာ အရောင်းအဝယ် အနေအထားလေးကတော့ ပုံမှန်အတိုင်းလေး ရှိ နေပါတယ်”လို့ ပြောပါတယ်။
တာမွေ
တာမွေမြို့နယ်မှာ တိုက်ခန်းတွေက အရောင်းပိုဖြစ်လာတယ် လို့ သိရပါတယ်။
သိန်း ၅၀ဝ တန် တိုက်ခန်းတွေ အရောင်းအဝယ် ရှိနေပြီး အခြား အရောင်းအဝယ်တွေလည်း ရှိနေပါတယ်။ အငှားဈေးကွက်က တော့ ပုံမှန်အနေအထားလေး ရှိနေကြောင်း သိရပါတယ်။
တောင်ဥက္ကလာ
တောင်ဥက္ကလာမြို့နယ်မှာ တိုက်ခန်းရော၊ လုံးချင်းတွေပါ အရောင်းအဝယ်တွေဖြစ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ သိန်း ၂၀ဝ ကျော်လောက်ကပဲစပြီး သိန်းထောင်ကျော်တွေအထိ အရောင်းအဝယ်ရှိနေပါတယ်။ ဟိုတလောကဆိုရင် သိန်း ၅၀ဝ ကျော်တိုက်ခန်းတွေ၊ ၂၀ဝ ကျော် တိုက်ခန်းတွေ၊ သိန်း ၁၀ဝ၀ တန် လုံးချင်းအိမ်တွေပါ အရောင်းအ ဝယ်ဖြစ်ခဲ့ပါတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်ကိုသူရက ပြောပါ တယ်။
မြောက်ဥက္ကလာ
မြောက်ဥက္ကလာမြို့နယ်မှာ ဆိုရင် တိုက်ခန်းတွေ အရောင်းရော အငှားပါ ဖြစ်နေတယ်လို့ သိရပါတယ်။ မြောက်ဥက္ကလာ သုဓမ္မာလမ်းမကြီးမှာဆိုရင် အရောင်းအဝယ် ပိုဖြစ်ထွန်းနေတယ်လို့ သိရပါတယ်။
စမ်းချောင်း
စမ်းချောင်းဘက်မှာဆိုရင် လည်း တိုက်ခန်းတွေအရောင်းအ ဝယ်ဖြစ်ထားပြီး ဈေးနှုန်းအနေနဲ့ကတော့ သိန်းရာကျော်တွေက ပို ဖြစ်နေပြီးတော့ အငှားအနေနဲ့ကတော့ ပုံမှန်လေးတွေရှိနေတယ်လို့ သိရပါတယ်။ သာကေတမှာက တော့ အငှားဈေးကွက်က ပိုဖြစ် နေပြီး တော့ အရောင်းအဝယ်က အ နည်းငယ်သာ ရှိပါတယ်။
ဒဂုံ
ဒဂုံမြို့နယ်မှာဆိုရင် မြေကွက်တွေ အရောင်းအဝယ်ရှိနေပြီး အ ခန်းအငှားတွေက ပိုပြီး ရှိပါတယ်။ ၆၀,ဝဝဝ၊ ၇၀,ဝဝဝ အခန်းတွဲလေးတွေက အငှားပိုရှိနေကြောင်း သိရပါတယ်။
အငှားဈေးကွက်မှာတော့ မြို့ ထဲနေရာတွေဖြစ်တဲ့ကျောက်တံ တား၊ ပန်းဘဲတန်း၊ ပုဇွန်တောင်တွေမှာကတော့ တိုက်ခန်းအငှားရော၊ ရုံးခန်းအငှားတွေရော ရှိနေပါတယ်။ ကျပ်နှစ်သိန်း၊ သုံးသိန်း၊ လေးသိန်းကျော်တွေတောင် အငှာ း ရှိ နေပါတယ်။
ဗိုလ်တထောင်၊ စမ်းချောင်း၊ ကမာရွတ်၊ ဗဟန်းတွေမှာဆိုရင်လည်း လုံးချင်း၊ တိုက်ခန်း၊ ရုံးခန်း အငှားတွေပါ ရှိနေပါတယ်။ ဗိုလ်တ ထောင်မှာဆိုရင် သိန်း၃၀ တောင် အငှားရှိနေပါတယ်။ တိုက်ခန်း အငှားကတော့ ပုံမှန်ရှိနေတယ်လို့ သိရပါ တယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ