By ရွှေစင်ခိုင်, Shweproperty.com
Updated at 26 December 2013
မန္တလေးတွင် မြို့အတွက် သတ်မှတ် လိုက်သည့် အိမ်ခြံမြေရာဖြတ်နှုန်းထားများ သည် ကာလပေါက်ဈေး ထက်ပိုနေသော ကြောင့် ပေးဆောင်ရမည့်အခွန်နှုန်းထား များ တိုးမြင့်လာသဖြင့် တရားဝင် အခွန် ဆောင်မည့် အရောင်းအဝယ်များ နည်း လာနိုင်ကြောင်း ဒေသခံအကျိုးဆောင်များ က မဇ္ဈိမသို့ ပြောသည်။
အိမ်ခြံမြေ ရာဖြတ်နှုန်းထားများကို မန္တလေးမြို့တွင် နိုဝင်ဘာ ၁၅ ရက်၌ တစ်ဧကနှုန်းထားများဖြင့် နေရာအလိုက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ ပုံမှန်ဈေးကွက် ပေါက်ဈေးနှင့် အနိမ့်ဆုံးတန်းတူရှိကာ အမြင့်ဆုံးနှစ်ဆအထိ ဖြစ်နေသောကြောင်း အဆိုပါအကျိုးဆောင်များက ဆက်လက် ပြောကြားသည်။
ရွှေမန္တလေး အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ဦးနေလင်းအောင်က ''နှုန်းဖြတ် တာဟာ ကာလပေါက်ဈေးထက်ကို ပိုနေ တယ်။ အဲဒီတော့ အိမ်ခြံမြေအရောင်း အဝယ်ကို တရားဝင်အခွန် မဆောင်တော့ ဘဲ အခွန်ရှောင်ပြီး အရပ်ကတိစာချုပ် လောက်နဲ့ အရောင်းအဝယ်လုပ်လာကြလိမ့် မယ်။ နိုင်ငံအတွက် အခွန်လည်းမရတော့ သလို တရားမဝင်အရောင်းအဝယ်တွေကို လည်း ပိုအားပေးသလို ဖြစ်သွားမယ်''ဟု ပြောသည်။
လက်ရှိအချိန်တွင် မန္တလေးမြေဈေး ကွက်တွင် အရောင်းအဝယ်ကျဆင်းခြင်း မရှိဘဲ တရားဝင်မှတ်ပုံတင်ကာ အခွန် ဆောင်မည်သူသာ ကျဆင်းလာနေကြောင်း အိမ်ခြံမြေလုပ်ငန်း အကျိုးဆောင်အချို့က သုံးသပ်ကြကာ အချို့ကမူ အရောင်းအဝယ် ပမာဏထက် အငှားဈေးကွက်ပိုသွက်လာ နေကြောင်း ပြောကြားသည်။
မန်းမြေရာဇာ အိမ်ခြံမြေ အကျိုး ဆောင်လုပ်ငန်းမှ ဦးကျော်ဝင်းက ''အိမ် ငှားခက နှစ်လအတွင်း နှစ်ဆ၊ သုံးဆ လောက်အထိကို တက်လာတာတွေ ရှိနေ တယ်။ နေရာတိုင်းတော့မဟုတ်ဘူးပေါ့'' ဟု ပြောကြားသည်။
ရန်ကုန်မြို့တွင် အိမ်ခြံမြေ တစ်ပေပတ်လည် ဈေးနှုန်းများသတ်မှတ်ရေး ကိစ္စ အား တစ်နိုင်ငံလုံးတွင် ပထမဦးဆုံးအနေ ဖြင့် ပြုလုပ်ခဲ့ပြီဖြစ်ပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းအား သြဂုတ်လ အတွင်း၌ ဖိတ်ခေါ်ညှိနှိုင်းခဲ့ကာ စက်တင် ဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြိုနယ်များအလိုက်၊ ရပ်ကွက် လမ်းများအလိုက် တစ်ပေပတ်လည် မြေ ဈေးအား ထုတ်ပြန်ခဲ့ခြင်းကာ ကာလ ပေါက်ဈေး၏ ၄ဝ ရာခိုင်နှုန်းဝန်းကျင်ဖြစ် ကြောင်း ရန်ကုန်အခြေစိုက် အကျိုးဆောင် များက ပြောကြားသည်။
၂ဝ၁၂ ခုနှစ်တွင် အသစ်ထုတ်ပြန်ခဲ့ သည့် အိမ်ခြံမြေအခွန်နှုန်းထားမှာ တန်ဖိုး ကျပ်သိန်း ၅ဝဝ နှင့်အထက် အိမ် ခြံ မြေ တိုက်ခန်းရောင်းဝယ်ခြင်းများအပေါ် ဝယ် သူဘက်မှ ဝင်ငွေရလမ်းကြောင်း မဖော် ပြနိုင်ပါက Commercial Tax (ကုန်သွယ်ခွန်) ၃ဝ ရာခိုင်နှုန်းနှင့် တံဆိပ်ခေါင်းခွန် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် ခုနစ် ရာခိုင်နှုန်း၊ အခြားဒေသ ငါးရာခိုင်နှုန်းတို့ ဖြစ်ကာ ရောင်းသူဘက်မှ Commercial Tax (ကုန်သွယ်ခွန်) ၁ဝရာခိုင်နှုန်း ပေးဆောင် ရမည်ဖြစ်သည်။ သို့ဖြစ်ရာ၂ဝ၁၃ စက်တင် ဘာတွင် အသစ်ထုတ်ပြန်သော ရာဖြတ် နှုန်းထားအပေါ် အခြေပြု၍ အထက်ပါ ရာခိုင်နှုန်းများအတိုင်း အခွန်စည်းကြပ် မည်ဖြစ်သည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ