By The Trade Times, Shweproperty.com
Updated at 25 May 2015
ရန်ကုန်မြို့တော် နေရာအနှံ့ အပြားသို့ သွယ်တန်းဆက်သွယ် ထားသည့် သဘာဝဓာတ်ငွေ့ပိုက် လိုင်း ဧရိယာများအတွင်း ဝင်ရောက် ကျူးကျော်နေထိုင်သူ အများအပြား ရှိနေပြီး ထိုသို့နေထိုင်ခြင်းမ ှတစ်ဆင့် ဓာတ်ငွေ့ပိုက် ပေါက်ကွဲမီးလောင် ခြင်းဖြစ်ပါက နေထိုင်သူများအတွက် အသက်အိုးအိမ်ထိခိုက်မည်ကို စိုးရိမ် ရသည့်အခြေအနေ ဖြစ်ပေါ်နေသော် လည်း ကျူးကျော်ဝင်ရောက်နေထိုင် သူများကို ဖယ်ရှားရန် ခက်ခဲကြောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဓာတ်ငွေ့လုပ်ငန်းမှ သတင်း ရရှိသည်။ ”ကျူးကျော်ကျတော့ ကျွန် တော်တို့ ဘာမျှ လုပ်လို့ မရပါဘူး။ ကျူးကျော်ရှိနေတယ်ဆိုရင် သက် ဆိုင်ရာ အဖွဲ့အစည်းကို တင်ပြလို့ပဲ ရတယ်။ ရန်ကုန်က နေရာတော် တော်များများမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါ်မှာ နေထိုင်တဲ့သူတွေ အများကြီး ရှိပြီး ဘယ်အာဏာပိုင်အဖွဲ့အစည်း ကမှလည်း မတားနိုင်ကြဘူး။ ပိုက် လိုင်း ဧရိယာမှာ အန္တရာယ်ရှိမှန်း သိသိကြီးနဲ့ နေတဲ့အတွက်လည်း သူတို့ (နေတဲ့လူတွေ) မှာ တာဝန်ရှိ တယ်”ဟု စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓတ်ငွေ့ လုပ်ငန်း (ပိုက်လိုင်းသွယ်တန်းရေး) မှ အထွေထွေမန်နေဂျာ ဦးထွန်းသွင်က မေလ ၁၈ ရက် ညနေတွင် The Trade Times ကို ပြောသည်။ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက မြို့ကွက်သစ်များ ဖော်ထုတ်ရာတွင် Town plan ရေးဆွဲရာ၌ ရန်ကုန်မြို့ တော်အတွင်း သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်သန်းရာနယ်နိမိတ်အတွင်း ပိုက် လိုင်းများ ဘေးတစ်ဖက်တစ်ချက် အနီးဆုံး ပေ ၅ဝ အကွာတွင်သာ လူနေအိမ်များ၊ အဆောက်အအုံများ ဆောက်လုပ်ရန် ထည့်သွင်းရေးဆွဲ ထားသဖြင့် တရားဝင်နေထိုင်သူများ က ထိုသတ်မှတ်ချက်အတိုင်း နေရာ ရယူကာ ဆောက်လုပ်နေထိုင်ကြ စမြဲ ဖြစ်သည်။ ထိုသို့ သတ်မှတ်ရ ခြင်းမှာ ဓာတ်ငွေ့ပိုက်လိုင်းများသည် ရာသီဥတုဒဏ်ကြောင့် ဖြစ်စေ၊ အခြားမတော်တဆ ဖြစ်ရပ်ကြောင့် ဖြစ်စေ အက်ကွဲကာ ဓာတ်ငွေ့ယိုစိမ့် မှုများ ဖြစ်ပေါ်နိုင်သည့်အတွက် ပိုက် လိုင်း လုံခြုံရေးအတွက်ရော နေထိုင် သူတို့ လုံခြုံရေးအတွက်ပါ ရှေးရှု၍ သတ်မှတ်ခြင်းဖြစ်သည်။ ယခု အခြေအနေအရ လူဦးရေ ထူထပ်များပြား၍ အိမ်ငှားရမ်းခ ဈေး နှုန်းများ မြင့်တက်လာသည့် ရန်ကုန် မြို့တော်တွင် ဝင်ငွေနည်းမိသားစု များနှင့် အခြေခံလူတန်းစားများ အနေဖြင့် အစိုးရပိုင် မြေများ၊ ပုဂ္ဂလိက ပိုင် မြေကွက်လွတ်များပေါ်တွင် တဲ များထိုးကာ ကျူးကျော်နေထိုင်လာ ကြရုံသာမက နေထိုင်သူများနှင့်တကွ ပတ်ဝန်းကျင်ကိုပါ အန္တရာယ်ဖြစ် စေနိုင်သော ဓာတ်ငွေ့ပိုက်လိုင်း မြေ နေရာများပေါ်တွင်ပါ အဆင်ပြေ သလို ကျူးကျော်နေထိုင်မှု အများ အပြားရှိနေသည်ကို တွေ့ရသည်။ မြန်မာပြည်တစ်ဝန်း မြို့နယ် အသီးသီးမှ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့များကို ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များသို့ သွယ်တန်း ပေးပို့ရာတွင် လက်မ ၃ဝ၊ ၂၄ လက်မ၊ လက်မ ၂ဝ၊ ၁၄ လက်မ၊ ၁ဝ လက်မ၊ ၈ လက်မ၊ ၆ လက်မ၊ ၄ လက်မ စသော အရွယ်အစားစုံ ပိုက်များကို အသုံးပြုကာ ရန်ကုန်တိုင်းဒေသကြီး အတွင်း သွယ်တန်းပေးပို့လျက်ရှိ သည်။ ထိုသို့ သွယ်တန်းပေးပို့ရာတွင် ပိုက်လိုင်းပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိရာ မေလ ၁၂ ရက် ည ၇ နာရီခန့်၌ ညောင်တုန်းမှ ရန်ကုန်သို့ သွယ်တန်းထားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက် ကွဲမှုကြောင့် ရွှေပြည်သာ၊ တညင်း ကုန်းလမ်းဆုံ၊ ဘူတာဈေး၊ အင်းစိန် ဘီအိုစီ အစရှိသည့် နေရာများမှ သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဓာတ်ငွေ့ဖြည့်တင်းမှု အခက်အခဲဖြစ် ခဲ့ရသည်။ သာကေတမြို့နယ်မှ စတင် သွယ်တန်းလာကာ ဒဂုံမြို့သစ် ဆိပ် ကမ်းမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်နှင့် ဒဂုံအရှေ့မြို့နယ်များသို့ ဖြတ်သန်းသွယ်တန်းထားသည့် ၁၄ လက်မ၊ လက်မ ၃ဝ ဓာတ်ငွေ့ပိုက် လိုင်းများ မြှုပ်နှံထားသည့် ဧရိယာ အတွင်း ယခုနှစ်စပိုင်းမှ စတင်၍ ကျူးကျော်နေထိုင်သူတို့ အိမ်များ အလုံးအရင်းနှင့် ဖြစ်ပေါ်လာနေ သည့်အတွက် ရပ်ကွက်နေပြည်သူ များက သက်ဆိုင်ရာ အစိုးရအဖွဲ့ အစည်းများသို့ တင်ပြတိုင်တန်းခဲ့ကြ သော်လည်း အကြောင်းမထူးကြောင်း ရပ်ကွက်နေများထံမှ သိရသည်။ ”ပိုက်လိုင်းမြှုပ်ထားတဲ့ နေရာ မှာ ဆောက်ထားတဲ့ ကျူးကျော်တဲ တွေနဲ့ပတ်သက်ပြီး မီးရေးထင်းရေး စိုးရိမ်လို့ ရပ်ကွက်က လူတွေ လက် မှတ်ကောက်ပြီး စည်ပင်ကို တိုင်ခဲ့ တယ်။ စည်ပင်က လာကြည့်ပြီး ဒါက သူတို့နဲ့ မဆိုင်ဘူး။ MOGE (မြန်မာ့ရနံနှင့် သဘာဝဓာတ်ငွေ့လုပ် ငန်း) နဲ့ သက်ဆိုင်တယ် ဆိုပြီး ပြန် သွားတယ်”ဟု ၁၄ လက်မပိုက်လိုင်း ဖြတ်သန်းသွားသည့် ဒဂုံမြို့သစ် အရှေ့ပိုင်း (၁၃) ရပ်ကွက်တွင် နေထိုင်သူ ကိုဌေးလွင်က ပြောသည်။
Ref : The Trade Times
Post By Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ