By Messenger, Shweproperty.com
Updated at 28 May 2015
ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ ပေါ်တွင် မြို့နယ် စည်ပင်သာယာရေး ဌာနမှ တားမြစ် ထားသော အဆောက်အဦ (၃၂) လုံးရှိကြောင်း မြို့နယ် စည်ပင်သာယာရေး အင်ဂျင်နီယာမှူး ဦးရဲဝင်းအောင်က The Messenger Media သို့ ပြောသည်။ အဆောက်အဦနဲ့ ပတ်သက်ပြီး ခေတ်အဆက်ဆက်က တရားဥပဒေ မစိုးမိုးခဲ့တဲ့ အခါ ခေတ်အဆက်ဆက် တရားမဝင် ဆောက်လာခဲ့ တာတွေ ရှိတယ်။ ကျွန်တော်တို့ ကော်မတီ အနေနဲ့ ဒါတွေကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပါလို့ ဆိုတဲ့အခါ ဒီလို အဆောက်အဦတွေကို တွေ့ရှိတာပဲ ဟု ၎င်းကဆိုသည်။ ဧပြီလ (၁) ရက်နေ့မှ မေလ(၂၆) ရက်နေ့ အထိ ပုသိမ်မြို့နယ် စည်ပင်သာယာရေးဌာနမှ စိစစ်တွေ့ရှိ ပြီးနောက် အဆိုပါ အဆောက်အဦ များကို တားမြစ် အဆောက်အဦ အဖြစ် သတ်မှတ် ထားခြင်း ဖြစ်သည်။ တားမြစ် အဆောက်အဦများ အဖြစ် စည်ပင်သာယာရေး ဌာနမှ ဗီနိုင်းချိတ် ထားပြီး ယင်း အဆောက်အဦများ အနေဖြင့် သတ်မှတ် စံချိန်စံနှုန်းနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် အနီး ပတ်ဝန်းကျင်ရှိ အဆောက်အဦ များကို ပျက်စီး ဆုံးရှုံးစေပါ ကလည်း ဆက်လက် ဆောက်လုပ်ခွင့် မပြုဘဲ စည်ပင်သာယာရေ ဌာနသို့ စာရွက် တစ်စုံတစ်ရာ တင်ပြီးမှ ပြန်လည်စိစစ် ဆောက်လုပ်ခွင့် ပေးမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ဦးစီဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ပုသိမ်အမှတ် (၇) ရပ်ကွက်က တားမြစ် အဆောက်အဦ တစ်လုံး ဆိုတားတယ်။ ခွင့်ပြုချက် မရှိ အဆောက်အဦ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆက် ဆောင်ရွက်တယ်။ ဒါကိုတော့ စည်ပင်သာယာဌာနက တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ် ဟု ဦးရဲဝင်းအောင်က ဆိုသည်။ ပုသိမ်မြို့ကမ်းနားလမ်းတွင် တည်ဆောက်သော လေးထပ်တိုက် အဆောက်အဦကြောင့် အဆောက်အဦ ဝန်းကျင်မှ အိမ်လေးလုံးသည် မျက်နှာပြင် ဖောင်ဒေးရှင် အက်ကွဲခြင်း၊ ကျွံကျခြင်း၊ နံရံများနှင့် ဘင်ထုပ်များ အက်ကွဲခြင်း၊ မျက်နှာကြက် နံရံများ ကွဲအက် ကွာကျခြင်းတို့ ရှိခဲ့ရာ စည်ပင်သာယာမှ တားမြစ် အဆောက်အဦ အဖြစ် သတ်မှတ်ကာ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရသော အိမ်ထောင်စုများကို (၁၆၈) သိန်း ပေးလျော်ရန် ညွှန်ကြားချက် တစ်ရပ်လည်း ထုတ်ပြန်ခဲ့သည်။ Ref : Messenger
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ