By Myanmar Times, Shweproperty.com
Updated at 30 April 2015
၂၀၁၂ ခုနှစ်ခန့်မှ စတင်၍ ကန်ထရိုက် လုပ်ငန်းများမှာ သိသိသာသာပင် အမြင့်ဘက် သို့ ဦးတည်လာခဲ့ပြီး ကန်ထရိုက်တိုက်ခန်းဈေးကွက်၏ ဝယ်လိုအားနှင့် ဈေးကွက်မှာ ရန်ကုန်မြို့မြို့စွန်မြို့ဖျားပါမကျန် ကောင်းမွန် ခဲ့သည်။ ကန်ထရိုက်တိုက်ခန်းများ၏ ဝယ်လိုအားမြင့်မားခြင်းနှင့်အတူ ကန်ထရိုက်တိုက် ခန်းများဆောက်လုပ်မှုမှာလည်း နေရာအနှံ့တွင် လက်ညိုးထိုးမလွဲ ပေါ်ပေါက်လာခဲ့ရာမှ ဆောက်လုပ်ရေးလုပ်ငန်း စီးပွားရေးအရ အကျိုးမြတ်များသည့် ခေတ်ကောင်းသို့ ရောက်ရှိလာခဲ့သည်။ သို့သော် လက်ရှိတွင် ယင်းကဲ့သို့ အရှိန်အဟုန်နှင့် တိုးတက်ကောင်း မွန်လာခဲ့သည့် ဆောက်လုပ်ရေးလုပ်ငန်းသည် အကျဘက်သို့ ဦးတည်နေသည်လားဟုပင် မေးခွန်းထုတ် စရာဖြစ်လောက်အောင် အရောင်းအဝယ် ပါးလာခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ၏ ဒုတိယဌာနမှူး ဦးနေဝင်းက ရန်ကုန် မြို့၏ ဆောက်လုပ်ရေးလုပ်ငန်းများမှာ ယခင် ထက်အကျ ဘက်သို့ ကျဆင်းနေကြောင်းနှင့် ကွန်ဒိုတိုက်ခန်း ဆောက်လုပ်မှုများလည်း လျော့နည်းလာသည် ကို တွေ့ရကြောင်း ၎င်းက ပြောသည်။ "ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ငန်း မကောင်းတော့တာတိုက်ခန်းတွေ၊ ကွန်ဒိုတွေ အရောင်းမသွက်တော့တာကြောင့်လည်း ပါတယ်။ သူတို့အရောင်းရပ်သွားတော့ ကန်ထရိုက်တွေ က သိပ်မဆောက်နိုင်ကြ တော့ဘူး။ ကန်ထရိုက်အများစုကလည်း ကြိုပွိုင့်တွေနဲ့ရောင်းတာများတော့ ရောင်း အားကျတဲ့အချိန်မှာ အရင်လို အများကြီးလိုက် မဆောက်နိုင်တော့ဘူး" ဟု ၎င်းကပြောသည်။ လက်တလောတွင် စည်ပင်သာယာ အင်ဂျင် နီယာဌာန(အဆောက်အအုံ)သို့ ဆောက်လုပ်ခွင့်လိုင်စင် တင်ပြမှုများလည်း လျော့နည်းလာကြောင်း ၎င်းကပြောသည်။ သို့သော် ဆောက်လုပ်ရေးလိုင်စင်တင်ပြမှု လျော့နည်းသည့်အထဲတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများဖြစ်ကြပြီး အထပ် မြင့်အဆောက် အအုံဆောက်လုပ်ခွင့် တင်ပြမှု များ ယခုဘာနှစ်တွင် ပိုမိုများပြားကြောင်း နှင့် ဌာနမှမူအားဖြင့် ၁၂ ထပ်နှင့် အထက် အဆောက်အအုံပေါင်း ၁၀၀ ကျော် ခွင့်ပြုထားခြင်းများရှိကြောင်း ဦးနေဝင်းက ပြောသည်။ "အသေးစား၊ အလတ်စားကန်ထရိုက်တွေ လျော့သွားတာ အကြီးစားဆောက်လုပ်ရေး လုပ်ငန်းတွေကြောင့်လည်း ပါတယ်။ အထပ်မြင့် တွေ အများကြီးဖြစ်လာပြီး ဆောက်လုပ်တဲ့ သူ တွေကလည်း ရင်းနှီးမြှုပ်နှံမှုများများနဲ့ လုပ်ငန်း များများတိုးဆောက်နေတော့ အသေးစား အလတ်စားတွေက မတိုးနိုင်ဘူးဖြစ်နေတယ်။ နောက်ပြီး အခန်းတွေကလည်း အရင်လို ရောင်းတိုင်း မဝယ်ကြတော့ဘူး" ဟု ၎င်းက ပြောသည်။ ယင်းကဲ့သို့ ဝယ်လိုအားများကျ ဆင်းသွား ခြင်းသည် ကွန်ဒိုတိုက်ခန်းဝယ်ယူစုဆောင်း ကာ ရင်းနှီးမြှုပ်နှံပြီး ဈေးကောင်းဖြင့် ပြန် လည်ရောင်းချသည့်သူများက အမှန်တကယ် နေထိုင်ရန် ဝယ်ယူသူများထက် များပြားနေခဲ့ သည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်း တစ်ရှိန်ထိုးဖြင့် မြင့်တက်လာပြီး အခန်းလိုအပ် ချက်များ ပေါများလာသည့်အချိန်တွင် ဝယ်လို အား မလိုက်နိုင်ခြင်းဖြစ်ကြောင်း ဦးနေဝင်း က ပြောသည်။ "ဈေးကွက်ထဲမှာ အဲဒီလိုလူတန်းစားက သတ်သတ်ရှိနေတယ်။ ကန်ထရိုက်တော်တော်များ များကလည်း ကြိုပွိုင့်နဲ့ အရစ်ကျပဲ ရောင်းကြတော့တယ်။ ရင်းနှီးမြှုပ်နှံတဲ့သူတွေ က သိန်း ၅၀၀ တန်အခန်းဆို ကြိုပွိုင့်နဲ့ ၁၀ ခန်းလောက်ဝယ်ပြီး ဒီထက်ဈေးပိုရတဲ့အချိန် မှာ ပြန်ရောင်းကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ရင်းနှီး မြှုပ်နှံမှုက အရစ်ကျဝယ်ရတာဆိုတော့ နည်းနည်းပဲ ရင်းထားရတယ်။ အဲဒီလိုဝယ်တဲ့ သူတွေရှိတဲ့အချိန်မှာ ဆောက်တဲ့သူတွေက လည်းဆောက် နောက်ပိုင်း အရမ်းများလာတဲ့အချိန်မှာ ဒီလူတွေက အကုန်လိုက်မဝယ်နိုင်တော့ဘူး။ ကြိုပွိုင့်နဲ့ အရစ် ကျရောင်းတဲ့ လုပ်ငန်းတွေလည်း ဆက်မဆောက်နိုင်တော့ ဘူး" ဟု ၎င်းကပြောသည်။ သို့သော် ကွန်ဒိုတိုက်ခန်းများ၏ ဝယ်လိုအား ကျဆင်းသွားသော်လည်း ကွန်ဒိုတိုက်ခန်းများ ၏ဈေးနှုန်းများမှာမူ ကျဆင်းသွားနိုင် မည်မဟုတ်ကြောင်း အိမ်ခြံမြေလုပ်ငန်း ကျွမ်းကျင်သူများက သုံးသပ်သည်။ "အခန်းဈေးတွေကတော့ ချက်ချင်းလက် ငင်း ရုတ်ခြည်းဆိုသလိုထိုးကျသွားဖို့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိရန်ကုန်မြို့ မှာ အဆောက်အအုံတစ်ခုရဲ့ ကုန်ကျစရိတ် က မြင့်တယ်။ တည်ဆောက်စရိတ်၊ မြေတန် ဖိုးတွေက အရမ်းမြင့်တော့ ကုန်ကျစရိတ် အရင်းထက် ဈေးချပြီးတော့ လုပ်ငန်းရှင်တွေ က ရောင်းမှာမဟုတ်ဘူး။ ဒါ့ကြောင့် အခန်း ဈေးတွေက ထိုးကျသွားဖို့တော့ မရှိဘူး" ဟု အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ ကိုမင်းမင်းစိုး က ပြောသည်။
Ref : Myanmar Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ