By The Voice Daily, Shweproperty.com
Updated at 7 May 2015
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နမိတ်တွင် ခွင့်ပြုချက်မယူပဲ တည်ဆောက်ထားသည့် အဆောက်အအုံများကို လျှပ်စစ်မီးမပေးမည့် အစီအစဉ်ကို ယခုဘဏ္ဍာနှစ်မှ စတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါအစီအစဉ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း တို့ညှိနှိုင်းကာ ဆောက်ရွတ်လျက်ရှိကြောင်း ၊ ယင်းကဲ့သို့ ခွင့်ပြုချက်မဲ့ အဆောက်အအုံများတွင် လျှပ်စစ်မီး သွယ်တန်းတပ်ဆင် လျှောက်ထားခွင့်ကို ပိတ်ပင်လိုက်သောကြောင့် ခွင့်ပြုချက်မဲ့ တည်ဆောက်မှုအထိုက်အလျောက် လျော့နည်းလာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အရင်က ခွင့်ပြုချက်မဲ့ ဆောက်တယ်ဆိုတာနဲ့ ဌာနက တရားစွဲပြီး ဖြိုဖျက်ဖို့လိုအပ်ရင် ဖြိုတယ်။ ဒါပေမယ့် ခွင့်ပြုချက်မဲ့ဆောက်တာ လျော့မသွားဘူး။ ဒါကြောင့် လျှပ်စစ်မီးမပေးတဲ့ အစီအစဉ်ထပ်တိုးလာတာပါ”ဟု ၎င်းက ရှင်းပြသည်။
၂၀၁၄-၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသော အဆောက်အအုံများနှင့် ပတ်သက်၍ တရားစွဲဆိုထားမှု (၈၀၀) ကျော်ရှိသည့် အနက် သင်္ဃန်းကျွန်းမြို့နယ်တွင် အလုံး (၇၀၀) ခန့် ပါဝင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
Ref : The Voice Daily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ