By Ahkyosaung, Shweproperty.com
Updated at 3 June 2015
(၂၀၁၄) တတိယပတ်ခန့်ကစပြီး ငြိမ်သက်တိတ်ဆိတ်လာသော မြန်မာ့ အိမ်ခြံမြေဈေးကွက်တချို့သည် ယခုအခါတွင်တော့ လုံးသလှုပ်ရှားမှုမရှိတော့ကြောင်း သိရသည်။ ထို့ကြောင့် ဆောက်လုပ်ဆဲကန်ထရိုက်တိုက်များ၊ ပြောင်းရွှေ့ခွင့် ကျပြီး အိမ်ပြောင်းနေထိုင်သူများ၊ အချို့မှာ မိမိတို့၏တိုက်များ ဆောက်လုပ်ရေး၊ မလုပ်ရေးသည် မရေရာမှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။
'ကျွန်တော်တို့တိုက်ဆိုရင် ပထမထပ်တောင်ပြီးနေပြီ။ ဒါပေမယ့် ဆက်မဆောက်တော့ဘူး၊ ကန်ထရိုက်ကပြေးပြီ။ ကျုပ်တိုက်ဆိုရင်လည်း အားလုံးပြီးလုပြီးခင်နီးပါး ဖြစ်မှ တာဝန်ရှိသူတွေက တစ်ယောက်မှ လာမကြည့်တော့ဘူး။ ဆောက်လည်းဆက်မဆောက်ကြတော့ဘူး။'
'ကျွန်မကတော့ ပြောင်းရွှေ့ကြေးသိန်း (၃၀၀) ရမယ်။ ဒါပေမယ့်ခုလောလောဆယ် သိန်း (၅၀) ပေးထားတယ်။ အိမ်လည်းဖျက်ပြီးပြီ ဆက်လည်းဆက်မဆောက်ဘူး။ စုံစမ်းကြည့်တော့ ဖုန်းလည်းအဆက်အသွယ်မလုပ်ဘူး။ ပြေးပြီလို့ထင်ရတာပဲ'.... စသည့် စသည့် အသံများစွာဖြင့် လှုပ်ရှားမှု လုံးဝမရှိတော့သလောက် အေးစက်နေသော်လည်း တချို့ အိမ်၊ခြံ၊မြေ ဈေးကွက်ကန်ထရိုက်တိုက်များသည်ကတော့ မေလလယ် မိုးကျသလာသည်မှ ပုံမှန်ခပ်စိတ်စိတ်လုပ်ငန်းများ ပြန်လည်စတင်လာကြရင်း အိမ်၊ခြံ၊မြေဈေးကွက် အသက်ဝင်လာလျက်ရှိကြောင်း သိရသည်။
Ref : Ahkyosaung
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ