By The Trade Times, Shweproperty.com
Updated at 8 April 2015
ရန်ကုန်မြို့တွင်း အိမ်ခြံမြေ ရောင်းအားများ ကျဆင်းလာနေခြင်း ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း အများစု ဆောက်လုပ်ပြီးသား တိုက် ခန်းများအား အရစ်ကျစနစ်ဖြင့် ရောင်းချမှုများ ပြုလုပ်လာကြကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် များထံမှ သိရသည်။ အိမ်ခြံမြေနှင့် တိုက်ခန်းအရောင်း အဝယ်များမှာ ၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာ လလောက်မှ စတင်၍ အရောင်း အဝယ်ဈေးကွက် ကျဆင်းလာခဲ့ပြီး အဓိကအားဖြင့် တိုက်ခန်း ရောင်းလို အားများ သိသိသာသာ ကျဆင်းလာ ခဲ့ကြောင်း သိရသည်။ ”အဲဒီအချိန်မှာက တိုက်ခန်း အရောင်းတွေ ကျတယ်။ အများ ပြောနေကြတာက တိုက်ခန်းတွေပါ အခွန်ဆောင်ရမယ်ဆိုတဲ့ သတင်း ကြောင့်လို့ ပြောကြတယ်။ တကယ် တော့ ဒါက အလွန်သေးတဲ့ အချက် ပါ။ ရောင်းအား အဓိက ကျလာတဲ့ အကြောင်းရင်းက လူတွေ စီးပွားရေး မကောင်းကြတာရယ်၊ ဈေးကစား နေတဲ့ အကျိုးဆောင်တွေ ငွေအိပ်နေ တာရယ်ကြောင့် ရောင်းအားကျခဲ့ တယ်”ဟု ဆောက်လုပ်ရေးလုပ်ငန်း ရှင်တစ်ဦးဖြစ်သူ ဦးကျော်က ပြော သည်။ မြန်မာနိုင်ငံ၏ အိမ်ခြံမြေအရောင်း အဝယ်နှင့် ဈေးနှုန်းများကို အဓိက လုပ်ကိုင်နေသူများမှာ အိမ်ခြံမြေ အကျိုးဆောင်များနှင့် ပွဲစားများ ဖြစ် ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း ရှင်အချို့က ပြောသည်။ ¤င်းတို့က ဈေးကွက် လက်ရှိ ပေါက်ဈေးအတိုင်း မြေ၊ခြံ၊ တိုက်ခန်းနှင့် အိမ်အစရှိသည် တို့ကို ဝယ်ယူထားပြီး ¤င်းတို့ လိုအပ် ပါက ဈေးနှုန်းကစားကာ ဈေးတင် ရောင်းကြကြောင်း၊ ဝယ်လိုအားအနည်းငယ်ကျလာပါက ဈေးလျှော့ ရောင်းကြောင်း၊ ယင်းသို့ ဈေးနှုန်း အပြောင်းအလဲကို အလွယ်တကူ လှုပ်ကိုင်ကစားနေခြင်းကြောင့် အိမ် ခြံမြေ ဈေးနှုန်းများ မတည်ငြိမ်ရခြင်း ဖြစ်ကြောင်း အိမ်ခြံမြေလေ့လာသူ များက သုံးသပ်ပြောဆိုကြသည်။ ”ပွဲစားတွေက ဈေးကစားတာ အရမ်းတော်တယ်။ မြေဈေးဆိုလည်း သုံးဆ၊ လေးဆလောက် တက်သွား နိုင်အောင် လုပ်ကြတယ်။ ဥပမာ ဒလနဲ့ တွံတေးဘက်က မြေဈေးတွေ လပိုင်းအတွင်း ဈေးတက်သွားတဲ့ အခြေအနေ၊ သန်လျင်က မြေဈေး တွေ သီလဝါကြောင့်လို့ အော်ပြီး တက်တုန်းက ထိုးတက်။ နောက်ပိုင်း ရောင်းအားက အစ ထိုးကျသွားပြီး ပိုက်ဘောမိနေတဲ့ ဖြစ်စဉ်တွေက ဘာတွေကြောင့်လည်းဆိုတာက အဖြေရှာကြည့်ရင် သိနိုင်တယ်”ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း တစ်ခု၏ အကြံပေးရှေ့နေ ဦးမောင် မောင်လင်းက ပြောသည်။ လက်ရှိ အခြေအနေအရ အိမ်ခြံ မြေ ဈေးကွက်အတွင်း ရောင်းအား ကျဆင်းလာမှုကြောင့် ဆောက်လုပ် ရေး လုပ်ငန်းလုပ်ကိုင်သည့် ကန် ထရိုက်တာအချို့ ထိခိုက်မှု ရှိလာပြီး ဝယ်လိုအား ဆက်တိုက်ကျဆင်းလာ သည့်အတွက် ¤င်းတို့၏ တိုက်ခန်း များကို အရစ်ကျစနစ်ဖြင့် ရောင်းချ ခြင်းများ ပြုလုပ်လာကြကြောင်း သိရ သည်။ အဆိုပါ အရစ်ကျရောင်းချခြင်း မှာ အချိန်တို အတိုင်းအတာတစ်ခု အတွင်း အခန်းများစွာကို ရောင်းချနိုင် မှသာ ¤င်းတို့ စိုက်ထုတ်ရင်းနှီးထားရ သောငွေများ အတိုင်းအတာတစ်ခု အထိ ဝင်ရောက်လာနိုင်မည်ဖြစ်ပြီး ရောင်းချရသည့်အခန်း နည်းပါးပါက ငွေခေါင်းကွဲသဖြင့် အရှုံးဘက်သို့ ဦးတည်နိုင်သော လုပ်ငန်းစဉ်မျိုး လည်း ဖြစ်နိုင်ကြောင်း သိရသည်။ ”စီးပွားရေးသမားတွေပီပီ တစ် လလုံးနေလို့မှ တစ်ခန်း လက်ငင်း မရောင်းရမယ့်အတူတူ အရစ်ကျ နည်းနဲ့ ၁ဝ ခန်း ရောင်းရရင်လည်း ဒါက လစဉ်ဝင်လာနေတဲ့ ဝင်ငွေဖြစ် တာမို့ မရောင်းဘူးဆိုပြီး ထိုင်ကြည့် နေမယ့်အတူတူ ပုံစံပြောင်းပြီးတော့ အရောင်းအဝယ် လုပ်ကြည့်တဲ့ သဘောလည်း ဖြစ်တယ်။ ဒါပေမယ့် တစ်ခန်း၊ နှစ်ခန်းလောက်ပဲ ရောင်းရ ရင်လည်း ငွေခေါင်းကွဲနိုင်ပေမယ့် အခန်းများရင်တော့ ပိုပြီးအလုပ်ဖြစ် တယ်”ဟု အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူ ဦးကျော်ညီညီ လတ်က ပြောသည်။ ၎င်းက ဆက်လက်ပြီး အိမ်ခြံ မြေဈေးနှုန်းများ ကျဆင်းနေပါသော် လည်း ရောင်းမည့်သူ မရှိသလို အများ စုသောစီးပွားရေးသမားများမှာ ဈေး နှုန်း ပြန်လည်တက်နိုင်မည့် အချိန် နှင့် ပြောင်းလဲလာမည့် နိုင်ငံရေး အခြေအနေများကို စောင့်ကြည့်နေ ကြခြင်းလည်းဖြစ်ကြောင်း သိရ သည်။ ထို့ကြောင့် အိမ်ခြံမြေ၊ တိုက် ခန်းများ၏ ဈေးနှုန်းနှင့် အရောင်း အဝယ်များမှာ လက်ရှိတွင် ကျဆင်း နေသော်လည်း ၂ဝ၁၅ ခုနှစ် နှစ် မကုန်မီ ကာလအတောအတွင်း ဈေးကွက် ပြန်လည်ဦးမော့လာနိုင် မည်ဖြစ်ကြောင်း သိရသည်။
Ref : The Trade Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ