By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 4 May 2018
၂၀၁၈ ခုနှစ်မှာ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ အိမ်ခြံမြေ ၊ တိုက်တာ အဆောက်အအုံတွေလည်း တစ်စတစ်စနဲ့ တိုးတက်များပြားလာတာ တွေ့ရပါတယ်။ လူဦးရေ တိုးတက်များပြားလာမှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုတွေကို အခြေခံပြီး အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း အရှိန်အဟုန်ကောင်းလာတာ တွေ့ရပါတယ်။
အိမ်ခြံမြေ ကဏ္ဍမှာ တစ်လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၂၈ သန်းနီးပါး တိုးလာကြောင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (Dica) ရဲ့ မတ်လထုတ် စာရင်းမှာ ဖော်ပြထားပါတယ်။
အိမ်ခြံမြေကဏ္ဍမှာ ဖေဖော်ဝါရီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၈၁၀ ဒသမ ၉၂၄ သန်း ရှိခဲ့ပြီး မတ်လမှာ ၃၉၃၈ ဒသမ ၄၆၄ သန်းအထိ ဖြစ်လာတယ်လို့ Dica ရဲ့ စာရင်းမှာ တွေ့ရပါတယ်။လက်ရှိရင်းနှီးမြှုပ်နှံမှုတွေဟာ အိမ်ခြံမြေ ကုမ္ပဏီ ၃၅ ခုရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တယ်လို့ သိရပါတယ်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Urbantreehomes
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ