By Myanmar Builders Guide, Shweproperty.com
Updated at 30 January 2019
မန္တလေး ချမ်းမြသာစည်မြို့နယ်ရှိ မြို့သစ်ပိုင်းရပ်ကွက်တွေနဲ့ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရပ်ကွက်တစ်ချို့မှာ သည်ရက်ပိုင်း တန်ဖိုးသင့်မြေကွက်တွေ အဝယ်ပြန်လိုက်တယ်လို့ အဝယ်တော်တစ်ချို့ဆီက သိရပါတယ်။
ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ပင်၊ ထန်းကိုးပင်ဝန်းကျင်၊ ပြည်ကြီးတံခွန်မြို့နယ်က ပြည်ကြီးတံခွန်မြို့နယ် စက်မှုဘက်က တန်ဖိုးသင့်တဲ့ဟာလေးတွေ အရောင်းအဝယ်ဖြစ်တယ်။ မန္တလေးအိမ်ခြံမြေဈေးကွက်မှာ သည်နှစ်ဆန်းပိုင်းကစတင်ပြီး အရောင်းအဝယ် အနည်းငယ် ပြန်ဖြစ်စပြုတယ်ဆိုပေမယ့် ဝယ်သူထက် ရောင်းချင်သူက များနေတဲ့ဈေးကွက်အနေအထားကြောင့် အချို့နေရာတွေဟာ ဈေးတန်းကျဆင်းလာတယ်လို့ မြို့ခံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် အချို့ထံက သိရပါတယ်။
ဈေးကွက်က ဝယ်ရောင်းဝယ်တဲ့ဈေးကွက် မဟုတ်ဘဲ အမှန်တကယ်နေထိုင်အသုံးချ အလုပ်လုပ်ဖို့ လာဝယ်တာတွေ များတယ်။ ဝယ်ရောင်းသမားကတော့ အဝယ်ထက် ရောင်းချင်သူပဲ ရှိတယ်။ သည်အတွက် ဈေးကွက်က လက်ရှိမှာ အရောင်းအဝယ်ဖြစ်တယ်ဆိုပေမယ့်လည်း မြို့ရဲ့အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်တစ်ခုလုံး ကောင်းမွန်ဖို့က အလားအလာနည်းပါးနေတယ်လို့ သိရပါတယ်။
မန္တလေးအိမ်ခြံမြေဈေးကွက် ကျဆင်းနေမှုမှာ ရာဖြတ်တန်ဖိုးစံနှုန်းသတ်မှတ်ရာမှာ အရောင်းအဝယ်ဈေးကွက်နဲ့ မကိုက်ညီတဲ့ ဧကအလိုက် စံနှုန်းသတ်မှတ်မှု၊ မြေပြင်ပေါက်ဈေးထက် စံနှုန်းသတ်မှတ်ချက် များပြားနေတဲ့အပြင် ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ တန်ဖိုးအလိုက် အခွန်ကောက်ခံရာမှာ အခွန်နှုန်းများပြားနေမှု စတဲ့ အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် မန္တလေးအိမ်ခြံမြေ ရာဖြတ်တန်ဖိုးစံနှုန်းသတ်မှတ်ချက်ဟာ ယခင်စံနှုန်း သတ်မှတ်ချက်နဲ့နှိုင်းယှဉ်ရင် အချို့နေရာတွေမှာ ၁၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း အထိ လျော့ကျတယ်လို့ သိရပါတယ်။
အိမ်ခြံမြေလွှဲပြောင်းရောင်းဝယ်ရာမှာ အခွန်ပေးဆောင်ဖို့ သတ်မှတ်တဲ့ မန္တလေးမြို့ အိမ်ခြံမြေစံနှုန်းသတ်မှတ် ရာဖြတ်တန်ဖိုးတွေ လျော့ကျလာတယ်ဆိုပေမယ့် အမှန်တကယ် အရောင်းအဝယ် ဖြစ်နေတဲ့ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ များပြားနေသေးတယ်။ သည်အချက်ကြောင့်လည်း အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် ကောင်းမွန်ဖို့က အလားအလာနည်းပါးနေတာလို့ သိရပါတယ်။
အခုလက်ရှိ အိမ်ခြံမြေဈေးနှုန်းဟာ ခြောက်နှစ်အတွင်း(၂၀၁၃ခုနှစ်ကထက်) ဈေးနှုန်းက ၅၀ ရာခိုင်နှုန်းလောက် ကျဆင်းတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရပါတယ်။ ဧကအလိုက် စံနှုန်းသတ်မှတ်တဲ့စနစ်ဟာ အရောင်းအဝယ်ဈေးကွက်သဘောနဲ့ ကိုက်ညီမှုမရှိပဲ ဖြစ်နေလို့ ယခုနှစ်စံနှုန်းထုတ်ပြန်ရာမှာ နေရာအနေအထားအလိုက် တစ်စတုရန်းပေနှုန်းနဲ့ သတ်မှတ်ပေးဖို့ အကျိုးဆောင်လုပ်ငန်းရှင်တွေဘက်က တောင်းဆိုခဲ့ပေမယ့်လည်း ရာဖြတ်တန်ဖိုးသတ်မှတ်ချက်မှာ ဧကအလိုက် စံနှုန်းသတ်မှတ်ထုတ်ပြန်တာတွေ့ရပါတယ်။
စံနှုန်းသတ်မှတ်ချက်လျော့ကျတယ်ဆိုပေမယ့် ပြည်ထောင်စုအခွန်အကောက် ဥပဒေအရ တန်ဖိုးအလိုက် အခွန်ကောက်ခံရာမှာလည်း အခွန်နှုန်းများပြားနေတယ်လို့ အကျိုးဆောင်အချို့က ဆိုပါတယ်။
ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ အိမ်ခြံမြေရောင်းဝယ်ရာမှာ ကျပ် သိန်း ၃၀၀ နဲ့ အောက်ကို ၁၅ ရာခိုင်နှုန်း၊ ကျပ် ၃၀၁ သိန်းမှ ကျပ် သိန်း ၁၀၀၁ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ် ၃၀၀၁ သိန်းအထက် အခွန် ၃၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမှာ ဖြစ်ပါတယ်။ စံနှုန်းမှတ်ချက် လျှော့ချလို့ ပြည်ထောင်စု အခွန်ကောက် ဥပဒေအရ အခွန်ဆောင်ရမယ့် နှုန်းထားကို လျှော့ချပေးခဲ့ရင်တော့ မန္တလေးအိမ်ခြံမြေဈေးကွက်က ကောင်းမွန်လာဖို့ မျှော်လင့်လို့ရတယ်လို့ အကျိုးဆောင်အချို့က ဆိုပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ