By Myanmar Builders Guide, Shweproperty.com
Updated at 10 June 2019
၂၀၁၉ -၂၀၂၀ ခုနှစ် အိမ်၊ ခြံ၊ မြေ စံဈေးနှုန်း သတ်မှတ်ချက်သည် ယခင်နှစ် ဈေးနှုန်းသတ်မှတ်ချက်များအောက် ငါးပုံတစ်ပုံခန့်လျော့နည်းကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များ၏ ကာလတန်ဖိုးသတ်မှတ်ပေးမည့် မြေကွက်စံဈေးနှုန်းများသည် အမြင့်ဆုံးဖြစ်သည့် ပြည်လမ်းမပေါ်တွင် တစ်စတုရန်းပေကို ကျပ် ၃၆၀,၀၀၀ မှ ကျပ် ၃၀၀,၀၀၀ အထိဈေးကျဆင်းခဲ့ပြီး အများစုမှာ နာမည်ကြီးလမ်းမများတွင် ယခင်ဖြစ်ပေါ်ခဲ့သည့်ဈေးနှုန်းများအောက် လျော့ကျခဲ့ခြင်းဖြစ်သည်။
"အခုပြန်ကြည့်မယ်ဆိုရင် နေရာကောင်း၊ နာမည်ကြီးလမ်းမပေါ်တွေမှာ ဈေးနှုန်းတွေက ကျဆင်းသွားတယ်။ တစ်ဖက်ကကြည့်မယ်ဆိုရင် ဒါကဈေးကွက်မကောင်းလို့ ဈေးကျတာ မကောင်းဘူးပေါ့။ ဒါပေမဲ့ တခြားတစ်ဖက်က ကြည့်မယ်ဆိုရင် တကယ်ဖြစ်ပေါ်နေတဲ့ဈေးတွေ တကယ်ကိုက်ညီစွာနဲ့ ပြောင်းလဲလိုက်တော့ အခွန်ဆောင်ချင်ကြတဲ့ မြေရှင်၊ အိမ်ရှင်တွေအတွက် အဆင်ပြေသွားတယ်”ဟု သုခစံရာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးဝဏ္ဏက ရှင်းပြသည်။
ရန်ကုန်မြို့၏အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည် ပြည်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ ကမ္ဘာအေး ဘုရားလမ်း၊ ဝေဇယန္တာလမ်း၊ တက္ကသိုလ် ရိပ်သာလမ်းမတို့တွင် ယခင်ဈေးနှုန်းများအောက် ကျပ်ခြောက်သောင်းဝန်းကျင်မှ ကျပ်နှစ်သောင်းဝန်းကျင်အထိ ဈေးနှုန်းများကျဆင်းခဲ့ခြင်းဖြစ်သည်။
မြို့တွင်းနှင့် ဆက်စပ်မြို့နယ်များ၏ ဈေးနှုန်းများကျဆင်းမှုရှိသော်လည်း ဆင်ခြေဖုံးမြို့နယ်များ၏ လမ်းမကြီးများနှင့် အတွင်းလမ်း ဈေးနှုန်းများမှာ ၂၀ ရာခိုင်နှုန်းခန့်မြင့်တက်လာခဲ့ပြီး အဓိကမြို့နယ်များမှာ မြောက်ဒဂုံ၊ လှိုင်သာယာ၊ တောင်ဒဂုံမြို့နယ်တို့ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ