By The Modern, Shweproperty.com
Updated at 11 October 2016
ငွေကြေးအခက်အခဲကြောင့် အပိုဝယ်ယူထားတဲ့ ပေ ၄၀ x ပေ ၆၀ အကျယ်အိမ်နဲ့ ခြံကို အပေါင်ထားမိရာက အပေါင်ခံထားသူက နောက်တစ်ဦးဆီ ထပ်ပေါင်တယ်။ ခြံနဲ့အိမ်ကို ရောင်းလိုက်ဖို့ စီစဉ်ပြီး ဝယ်သူနဲ့ ပါဈေးညျှိနှိုင်းပြီးမှ အပေါင်ခံထားသူဆီသွားမှ အခုလိုတစ်ဆင့်အပေါင်ခံထားရတာကို သိရတာပါ။ အခုတော့ သူ့အိမ်နဲ့ခြံပြန်ရဖို့ ဘယ်လိုနည်းလမ်းနဲ့ယူလို့ရမလဲဆိုတာ အဖြေရှာနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ ဒေါ်ဝေဝေ (အမည်လွှဲ ) ကပြောပါတယ်။
သည်မြေကွက်ကို ဝယ်ထားတာ ကာလကြာပါပြီး။ကိုယ်တိုင်မနေဘဲ ပိတ်ထားတာ နှစ်နှစ်ကျော် သုံးနှစ်ဝန်းကျင်ရှိပြီး။ ငွေကြေးလိုအပ်မှု တချို့ရှိ တာကြောင့် မရောင်းချင်ဘဲ ရင်းနှီးတဲ့ သူတစ်ဦးဆီမှာ အပေါင်ထားလိုက်တာလို့ ပြောပါတယ်။ သူအပေါင်ထားတုန်းက ငွေပြန်လည် ရင်ရွေးနိုင်မယ်လို့ တွေးခဲ့ပေမဲ့ ရွေးဖို့အဆင်မပြေနိုင်တာကြောင့် ရောင်းဖို့ အကျိုးဆောင်နဲ့ အပ်လိုက်တာလို့ ပြောပြပါတယ်။
ဒေါ်ဝေဝေ "ဝယ်မယ့်သူနဲ့ တေ့တေ့ဆိုင်ဆိုင်ဈေးပြောပြီးခါမှ စာရွက်စာတမ်းပြဖို့ အပေါင်ခံထားတဲ့ သူဆီသွားတာ၊ ဟိုရောက်တော့ အပေါင်ခံသူ ကိုမတွေ့ရဘဲ မိသာစုဝင်တွေကိုပဲတွေ့ရတယ်၊ မေးတော့ ခရီးသွားနေတာနှစ်လလောက်ကြာနိုင်တယ်၊ စာရွက်စာတမ်းတွေကြည့်ဖို့ ပြောတော့မှ တစ်ဆင့် ပေါင်ထားမှန်သိရတယ်၊ စာချုပ်စာတမ်းနဲ့ အခိုင်အမာမလုပ်ထားမိတော့ ကိုယ့်ဘက်က အားနည်းချက်တစ်ခုလိုဖြစ်နေတယ်" လို့ ပြောပါတယ်။
အပေါင်ထားစဉ်က ရောင်းပေါင်စာချုပ်မျိုးလည်း မဟုတ်ဘဲ နားလည်မှုနဲ့ထားလိုက်တာ၊ အခုတော့ အပေါင်ခံထားသူပြန်လာမှ ဖြေရှင်းလို့ရမယ့် ပုံစံဖြစ်နေတယ်လို့ ပြောပါတယ်။ တရားဥပဒေကြောင့်နဲ့ ပြန်ယူလို့ရမရ ၊ သူ့မြေကွက်ပြန်ရနိုင်ပါ့မလား။ နောက်ထပ်ပေါင်ထားသူ ဆီကပဲ ပြန်ရွေးရမလား၊ ဘယ်လိုဖြေရှင်းရမလဲ မသိဖြစ်နေတာလို့ပြောပါတယ်။
အကျိုးဆောင်ရှေ့နေ မသူသူက "ဒီလိုကိစ္စက စပြီးလုပ်ကတည်က သေချာလုပ်ထားသင့်တာ၊ အခုလိုအဖြစ်က နှစ်ဖက်ညှိနှိုင်းပြီး သူ့ဆီ ကနေပြန်ရွေး တာမျိုးလုပ်မှပဲ ၊ ပထမလူပေါင်ထားတာကို တစ်ဆင့် ထပ်ပေါင်တယ်ဆိုတာမျိုးဆိုတော့ ယုံကြည်စွာအပ်နှံထားမှုကို ချိုးဖောက်တာ မျိုးနဲ့ဥပဒေအရသွားလို့ရမယ်၊ ဒါပေမဲ့ ပြင်ပမှာ အပေါင်ဈေးကွက်ကို တရားဝင်ခွင့်ပြုထားတာမျိုး မဟုတ်ဘူးလေ အရင်ညှိနှိုင်းကြည့်မှပဲ ရမယ်" လို့ပြောပါတယ်။
အရပ်ထဲမှာအိမ်ပေါင်ထားတာတွေကို ငွေမလည်သူတွေတော်တော်များများ က အလွယ်ဆုံးနည်းလမ်းတစ်ခုအဖြစ် လုပ်ဆောင်ကြတယ်။ တချို့က တကယ်ယုံကြည်စိတ်ချရပြီး မှန်မှန်ကန်ကန်လုပ်ဆောင်ကြတာတွေရှိသလို အမှုအခင်းပြဿနာဖြစ်တာတွေလည်း ရှိပါတယ်။ အပြန်အလှန်ပြ သနာတွေ အပေါင်ထားသူ တွေကလည်း အတိုးမပေးနိုင်တေ့ာလို့ အတိုးပေါ်အတိုးဆင့်သွားလို့ ပြန်မရွေးနိုင်တော့တာတွေ့ကြောင့် အိမ်ကိုအပ် လိုက် ရတာတွေရှိတယ်။ အပေါင်ခံထားတဲ့သူတွေဘက်ကလည်း တချို့ အပေါင်ထားသူတွေက စာရွတ်စာတမ်းပေး ထားပေမဲ့ ငွေရပြီးတဲ့နောက် မှာ ပျောက်ဆုံးလျှောက်ပြီးပြန်မရွေးတော့တဲ့ သူတွေလည်းရှိတယ်လို့ သိရပါတယ်။
ဒေါ်ဝေဝေကတော့ သူ့အိမ်ကွက်ပြန်ရပြီး ရောင်းထွက်ဖို့ သူအပေါင်ထားတဲ့သူခရီးက ပြန်လာချိန်ကို အရင်စောင့်ကြည့်ရ ဦမယ်လို့ ပြောပါတယ်။ အပေါင်ခံထားသူပြန်လာရင် နောက်ထပ်အပေါင်လက်ခံထားသူနဲ့တွေ့ပြီး ညှိနှိုင်းပြီး မြေကွက်ကို အရောင်းထုတ်ရမှာဖြစ်တယ်။
Ref : The Modern
Photo Credit : worldpress
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ