By Myanmar Times, Shweproperty.com
Updated at 30 November 2015
အိမ်ခြံမြေဈေးကွက်မှာ ဈေးနှုန်းမြင့်မားနေတယ်လို့ မှတ်ချက်အပေးခံနေရတဲ့ နေရာအများစုဟာ တကယ်လက်တွေ့မှာလတ်တလောခေါ်နေတဲ့ ဈေးနှုန်းတွေနဲ့ များစွာကွာဟတဲ့ နှုန်းထားကို လျှော့ချနိုင်ဖို့ အခက်အခဲများစွာ ရှိကြောင်း လုပ်သက်ရင့် အိမ်ခြံမြေအကျိုးဆောင် တချို့က ပြောပါတယ်။
လူဦးရေထူထပ်ပြီး စီးပွားရေးလုပ်လို့ ကောင်းမွန်တဲ့ မြို့ကြီးတွေမှာအဓိကအားဖြင့်အိမ်မြေဈေးနှုန်းတွေ ကောင်းမွန်ပြီး တချို့ဧရိယာတွေမှာ ခေါ်တဲ့ ဈေးနှုန်းတွေဟာ များစွာကြီးမြင့်နေတယ်လို့ မှတ်ချက်ပြုကြတာတွေ ရှိပါတယ်။ ဒီလိုဆိုပေမယ့်အမှန်တကယ်လူနေသိပ်သည်းပြီး ဈေးကွက်ဝင်တဲ့ နေရာတွေဆိုရင် ဈေးနှုန်းထိန်းချုပ်ဖို့၊ ဈေးနှုန်း များစွာကွာဟပြီး လျှော့ချဖို့ဆိုတာ ခက်ခဲကြောင်း အများစုက သုံးသပ်ကြပါတယ်။
ဒီလို လျှော့ချနိုင်ဖို့ဆိုရာမှာ အထူးသဖြင့် ငွေကြေးဈေးကွက်က အဓိက အရေးပါနေပါတယ်။ လက်ရှိ အိမ်မြေဈေးနှုန်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကနဲ့ နှိုင်းယှဉ်ရင် များစွာကွာဟခဲ့ပြီလို့ ဆိုနိုင်ပေမယ့် တခြား အထွေထွေကုန်ဈေးနှုန်းတွေဟာလည်း လက်ရှိနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က ဈေးနှုန်းနဲ့ များစွာကွာဟခဲ့ပြီဖြစ်ကြောင်းအိမ်မြေအကျိုးဆောင်တချို့ ကထောက်ပြကြပါတယ်။
ဒီလိုအခြေအနေမှာ အိမ်မြေဈေးနှုန်း မြင့်မားမှုကို လက်ရှိကနေ များစွာလျှော့ချပြီး ထိန်းချုပ်ဖို့ဆိုတာ ခက်ခဲပြီး အတိုင်းအတာအနည်းငယ်လောက်သာ လျှော့ချနိုင်ဖွယ်ရှိ တယ်လို့ သုံးသပ်ကြပါတယ်။
လူနေသိပ်သည်းမှု နည်းပါးပြီး စီးပွားရေး အကွက်အကွင်းအတွက် အသုံးချလို့မရတဲ့နေရာတွေရဲ့ အိမ်ခြံမြေဈေးနှုန်းတွေကို အလွယ်တကူ ထိန်းချုပ်ကောင်း ထိန်းချုပ်လို့ရနိုင်ပေမယ့်စီးပွားရေးဖွံ့ဖြိုးတဲ့ နေရာတွေရဲ့ ဈေးနှုန်းကို ဈေးနှုန်းတန်းတစ်ခုမှာ ငြိမ်နေအောင် ထိန်းထားဖို့ဆိုတာဟာခက်ခဲနိုင်ပြီး၊ဗျူဟာချမှတ်ထိန်းချုပ်မယ့်သူတွေရဲ့ ကဏ္ဍဟာများစွာအရေးပါနေပါတယ်။
ဒါ့ပြင် ပုံမှန်လည်ပတ်အလုပ်လုပ်နိုင်တဲ့ ဈေးကွက်ဖြစ်နေဖို့ လိုအပ်ပြီးအခွန်ဟာလည်းအရေးပါတဲ့ကဏ္ဍတစ်ခု ဖြစ်နေပါတယ်။ အိမ်မြေဈေးနှုန်း လက်လွတ်စပယ် မဖောင်းပွဖို့ အရိုးရှင်းဆုံးနည်းလမ်းတစ်ခုက နေစရာကို လူအများစု လိုက်နိုင်တဲ့နှုန်းနဲ့ ဖော်ထုတ်ဖန်တီးပေးဖို့ လိုတယ်လို့လည်း အကျိုးဆောင်တချို့က ဆိုပါတယ်။
ဒီအတွက် မြို့ကွက်သစ်တွေ ဖော်ပေးတာ၊ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်ရောင်းချပေးတာ၊ မြို့ပြဆိုင်ရာ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရေ၊ မီး၊ ဆက်သွယ်သွားလာရေးစနစ်တွေ တစ်ပါတည်း ပြည့်စုံအောင် ဖန်တီးပေးတာမျိုးအပြင် လူနေထိုင်မှုများအောင်နဲ့စီးပွားရေးအခွင့်အလမ်းပါ နောက်ပိုင်းမှာ တစ်ပါတည်း ပြည့်စုံလာအောင် လုပ်ဆောင်ဖို့လိုကြောင်း သုံးသပ်ကြပါတယ်။
ဒီလို လုပ်ဆောင်နိုင်ပြီဆိုသည့်တိုင် အထက်က ပြောခဲ့သလို စီးပွားရေးအကွက်အကွင်း ကောင်းမွန်ပြီး လူနေထိုင်မှု အခြေကျပြီးဖြစ်တဲ့ အိမ်ခြံမြေတွေရဲ့ ဈေးနှုန်းတွေကတော့ အပြည့်အ၀ ထိန်းချုပ်နိုင်ဖို့ ခက်ခဲဦးမယ်လို့ မှန်းဆကြပါတယ်။
Ref : Myanmar Times
Photo Credit : The Hungry Suti
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ