By Nwe, Shweproperty.com
Updated at 2 October 2019
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများဆုးံနိုင်ငံတစ်နိုုင်ငံဖြစ်တဲ့ စင်္ကာပူနိုင်ငံဟာဆိုရင် သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာသန်း ၇၅၀၀ ကျော်ရင်းနှီးမြှပ်နှံထားပြီး၊ အိမ်ခြံမြေကဏ္ဍမှာတော့ ဒေါ်လာသန်း ၄၀၀၀ကျော်ရင်းနှီးမြှုပ်နှံထားပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့မှာတော့ အမေရိကန်ဒေါ်လာ သန်း ၃၃၀၀ ကျော်ရင်းနှီးမြှုပ်နှံထားကြောင်း ခုနှစ်ကြိမ်မြောက် မြန်မာ-စကာၤပူဝန်ကြီးအဆင့် ပူးတွဲလုပ်ငန်းကော်မတီအစည်းအဝေးမှ သိရပါတယ်ရှင်။
၁၉၈၈-၈၉ ဘဏ္ဍာနှစ်ကနေ လက်ရှိ အချိန်အထိ စကာၤပူနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို စီမံကိန်း ၃၁၂ ခုကို ခွင့်ပြုခဲ့ပြီး တန်ဖိုးအားဖြင့်ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၂၂ ဘီလျံကျော်ရှိပါတယ်။ လက်ရှိအချိန်ထိရင်းနှီးမြှုပ်နှံမှုအများဆုးံကတော့ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍာမှာဖြစ်ပြီးတော့၊ ဒုတိယအများဆုးံရင်းနှီးမြှုပ်နှံထားတာကတော့ အိမ်ခြံမြေကဏ္ဍမှာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီးများ ညွှန်ကြားမှုဦးစီးဌာနမှတစ်ဆင့်သိရပါတယ်။
စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်များအရ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်းနှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၃၈ ဘီလျံအထိရှိခဲ့တယ်လို့ ပြည်ထောင်ဝန်ကြီး ဦးသောင်းထွန်းရဲ့ပြောကြားချက်အရသိရပါတယ်ရှင်။
Written By : Nwe (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ