By Kumudra, Shweproperty.com
Updated at 29 March 2019
မြန်မာ့အိမ်ခြံမြေကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ တိုင်းနဲ့ပြည်နယ်က MRESA (မြန်မာနိုင်ငံအိမ်ခြံမြေဝန် ဆောင်မှုလုပ်ငန်းရှင်များအသင်း) အဖွဲ့သူအဖွဲ့သားတွေ အပြည်ပြည်ဆိုင်ရာက လက်မှတ်တွေရယူပြီး ပရော်ဖက်ရှင်နယ်ကျကျ တစ်ခေတ်ပြောင်းလုပ်ဆောင်သွားတော့မှာပါ။
ဩဂုတ်လ ၂၃၊၂၄ ရက်နေ့မှာ မဟာမိတ်ဖက်နိုင်ငံ ရှစ်နိုင်ငံအပြင် တရုတ်၊ ကိုရီးယား၊ဂျပန်၊အမေရိကနိုင်ငံမှာရှိတဲ့ အသင်းအဖွဲ့ကြီးနဲ့ By Natural လက်မှတ်ရေးထိုး သွားမှာပါ။ပွဲအတွက် မြန်မာနိုင်ငံမှာ ရှိတဲ့ Assistant Agent တွေကို International Estate Agent တွေ၊ လက်မှတ်တွေရအောင် အဆင့်မြှင့်တင်ပေးသွားမှာ။ဒါကြောင့် ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ်လို့ခေါ်တဲ့ The International Real Estate တွေက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဆောင်ရွက်ထားပါတယ်။မြန်မာနိုင်ငံဘက်ကအဖွဲ့တွေက လက်ခံပေးရင် ချပေးတော့မှာပါ။
MRESA အဖွဲ့အနေနဲ့ အာဆီယံနိုင်ငံက ညီနောင်တွေနဲ့ ပူးပေါင်းပြီးတော့ အိမ်ခြေံမြေ ကဏ္ဍတိုးတက်လာနိုင်ဖို့ ၊ အိမ်ခြံမြေ စီးပွားရေးတွေတိုးတက်လာစေဖို့၊ နိုင်ငံတော်အကျိုးစီးပွားတွေ တိုးတက်လာစေဖို့၊ အိမ်ခြံမြေကဏ္ဍမှာ ပရော်ဖက်ရှင်နယ် ကမ္ဘာ့အဆင့်မီ ပေါ်ပေါက်လာပြီး လုပ်ကိုင်နိုင်ဖို့အတွက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာMRESA အနေနဲ့ ပြောင်းလဲမယ့်အချက်သုံးချက်ရှိနေပါတယ်။ Technological အပိုင်းတွေရယ် ပြုပြင်ပြောင်းလဲမယ်။ခုခေတ်က အိုင်တီခေတ်ဖြစ်တာကြောင့် Social, Marke- ting, Media marketing တွေ အနေနဲ့ အသင်းသူ အသင်းသားတွေ မိုဘိုင်းလ်ဖုန်းတွေနဲ့ဒေတာတွေကို သိမ်းထားပြီး အလုပ်လုပ်ရတာကြောင့် အောင်မြင်မှု ကောင်းကောင်းရမှာ ဖြစ်ပါတယ်။
“အဲဒီလိုတွေလုပ်နိုင်ဖို့ မြန်မာနိုင်ငံ အာဆီယံတွေရဲ့ အစွမ်းထက်တဲ့ speaker တွေခေါ်ပြီးတော့ လာပြောခိုင်းမယ်၊Workshop တွေလုပ်ပြီး အသင်းသူ၊ အသင်းသား agent တွေကိုအဆင့်မီနိုင်ဖို့ ကြိုးစားမှာပါ၊ အဲဒီလိုပွဲ ကျင်းပရခြင်းကြောင့် မိတ်တွေရမယ်၊ အာဆီယံက လူတွေနဲ့ business ကတ်တွေလဲမယ်၊ အကျိုးရှိမယ့် အဖွဲ့အစည်းတွေဖြစ်မှာပါ” လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောပါတယ်။
Networking တွေကို လုပ်ဆောင်တာက နိုင်ငံတော်အတွက်လည်း အကျိုးရှိပြီး အသင်းသူ၊အသင်းသားတွေလည်း အကျိုးရှိနိုင်သလို customer တွေအတွက်လည်း အကျိုးရှိမှာပါ။ Networking ကို ကြီးအောင်တည်ဆောက်နိုင်ခဲ့ရင် နိုင်ငံတကာကပွဲတွေကျင်းပတဲ့အခါ မိတ်တွေရရှိပြီး သက်ဆိုင်ရာ MAREC မလေးရှားမှာရှိတဲ့ MIEA ပွဲတွေလည်း တက်ရောက်နိုင်မှာပါ။အာဆီယံနိုင်ငံကပွဲတွေတက်ပြီး သက်ဆိုင်တဲ့သူတွေနဲ့ မိတ်ဖွဲ့ခြင်း နဲ့ အကျိုးစီးပွားတွေလည်းဖြစ်လာနိုင်မှာပါ။
ဒါ့အပြင် 5 mission ကတော့ အာဆီယံ နိုင်ငံတွေရဲ့အဖွဲ့တွေဖြစ်လာမယ့် ဖိလစ်ပိုင် နိုင်ငံကို သည်နှစ် ဩဂုတ်လ မတိုင်ခင်မှာ၁၀ ယောက် သို့မဟုတ် အယောက် ၂၀ သွားဖို့ ရှိပါ တယ်။ အဲသည်နိုင်ငံမှာ ရှိတဲ့ အေးဂျင့်တွေက အိမ်ခြံမြေရောင်းဝယ်ငှား လုပ်တဲ့အခါ ကွန်ဒို၊ တိုက်ခန်းကိုဘယ်လို လုပ်တယ်၊လုံးချင်းကို ဘယ်လိုလုပ်တယ်။ Project တွေကိုသူတို့နဲ့အတူတူ လေ့လာပြီးတော့ စီးပွားရေးလုပ်ငန်းတွေ ဆွေးနွေး မယ်။ မြန်မာပြည်က developer တွေ၊ မြန်မာက customer တွေခေါ်ပြီးတော့ association လုပ်ခြင်းနဲ့ ပရော်ဖက်ရှင်နယ်တွေဖြစ်လာပြီး အကျိုးစီးပွားရေးတွေလည်း ဒီထက်မက ကြွယ်ဝချမ်းသာတဲ့ Estate Agent ဖြစ်ပေါ်လာဖို့ ရည်ရွယ်လုပ်ဆောင်နေကြောင်း သိရပါတယ်။ မတ် လ၂၃ရက် မှာ မြန် မာ နိုင် ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း သတ္တမ အကြိမ် နှစ်ပတ်လည် အသင်းသားစုံညီ သင်းလုံးကျွတ် အစည်း အဝေးကိုကျင်းပခဲ့ ပြီးတော့ အိမ်ခြံ မြေ တိုးတက်လာစေဖို့ အကျိုးဆောင်တွေရဲ့ အကျိုးစီးပွားတိုးတက်လာစေဖ ို့ရည် ရွယ်ချက်နဲ့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းအနေနဲ့ မြန်မာနိုင်ငံ ကန်ထရိုက်တာ လုပ်ငန်းရှင်များအသင်းနဲ့ MoU လက်မှတ် ရေးထိုးတာ နှစ်လလောက်ကြာပြီဖြစ်ပြီး အာဆီယံနိုင်ငံတွေနဲ့လည်း မိတ်ဆွေဖြစ် လာရင်လိုင်စင်ရကန်ထရိုက်တာ လုပ်ငန်းရှင်များအသင်းမှာရှိတဲ့ တိုက်ခန်းတွေကို MRESA ကတာဝန်ခံရောင်းချပေးမှာပါ။ ဒါ့အပြင် Condo Law တွေထွက်ရှိထားတဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ခေါ်လာပြီးတော့ မြန်မာပြည်က ကွန်ဒိုတွေကိုလည်း မြန်မြန်ရောင်းထွက ်သွားအောင် ဆောင်ရွက်သွားဖို့ရှိကြောင်း သိရပါတယ်။
မိတ်ဖက်တွေနဲ့
ဦးခင်မောင်သန်းက “ကျွန်တော်တို့က မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာ လုပ်ငန်းရှင်အသင်းနဲ့ MoU ရေးထိုးထားတော့ သူတို့ဆီက ကွန်ဒိုတိုက်ခန်းတွေကို ရောင်းချပေးမယ်၊ ကျွန်တော်တို့ မိတ်ဖက် ဖြစ်တဲ့ Assistant Agent တွေကနေ နိုင်ငံခြားကနေ ရင်းနှီး မြှုပ်နှံသူတွေခေါ်လာပြီးတော့ကွန်ဒိုတွေကိုမြန်မြန ်ရောင်းထွက်အောင်ဆောင်ရွက်သွားမှာပါ” လိုု့ ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံလိုင်စင်ရလုပ်ငန်းရှင်များအသင်းမှာ အခန်းပေါင်း ၁၀,ဝဝဝ ကျော် ရှိနေတယ်လို့ အကြမ်းဖျင်း ဦးကျော်ဝင်းက ပြောဆိုထားကြောင်း သိရပါတယ်။ နောက်ပိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင် အသင်းတွေက တိုက်ဆောက်မယ်။ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှု အသင်းကရောင်းချပေးပြီး ပူးပေါင်းလုပ်ဆောင်တော့မှာပါ။
“လူတစ်ယောက် ဟိုဟာလေးလုပ်ချင်၊ ဒီဟာလေးလုပ်ချင်၊ဟိုအလုပ် လုပ်ချင်၊ ဒီအလုပ်လဲလုပ်ချင်ဆိုရင် အဆင် မပြေဘူး၊ ဒါကြောင့် အိမ်ခြံမြေဝန်ဆောင်မှုအသင်းက အခန်းရောင်းမယ်၊ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက တိုက်ဆောက်မယ်ဆိုရင် ပြီးမြောက်အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်လာမှာပါ”လို့ ဦးခင်မောင်သန်းက ပြောပါတယ်။
ဒါ့အပြင် နောက်ပိုင်း အိမ်ခြံမြေဝန်ဆောင်မှုအသင်းကို ရောင်းချမယ့်အခန်းတွေ လာအပ်တဲ့အခါ အခန်းတွေကို ရောင်းချရာမှာ ပရောဂျက်တစ်ခုကို စမယ်ဆိုကတည်းက စရောင်းမယ်။ ပန္နက်မတင်ခင်ကပဲ စရောင်းပြီး အခန်းဆောက်လုပ်ပြီးစီးချိန်အထိ ရောင်းချပေးမှာပါ။ရောင်းချပြီး တဲ့အခါမှာလည်း ရင်းနှီးမြှုပ်နှံသူတွေ၊ နေထိုင်သူတွေ အဆင်ပြေစေဖို့ စီစဉ်ပေးမှာပါ။
အခန်းဝယ်ယူပြီး မနေနိုင်ဘဲ ငှားရမ်း သူတွေအတွက်ဆိုရင်လည်း လစဉ်ဝင်ငွေ ရရမယ့် အခန်းဝယ်ပြီး ပစ်ထားရတာမျိုး မဖြစ်စေရဘဲ ကန်ထရိုက်တာတွေအနေနဲ့ ဆေးသုတ်တာတွေ၊ ငှားရမ်းတာတွေ ပြု လုပ် ပေးမှာဖြစ်ပါတယ်။ကာစတမ်မာတွေအနေနဲ့ ကျေနပ်ပြီးတော့ အလုပ်ကို ပိုစိတ်ဝင်စားလာပြီး အိမ်ခြံမြေကဏ္ဍမှာ Ass-istant Agent တွေရဲ့အခန်းကဏ္ဍမှာရောင်းတဲ့သူတွေ၊ ဝယ်တဲ့သူတွေ အဆင်ပြေ စေဖို့ အာဆီယံနိုင်ငံတွေမှာဖြစ်နေတဲ့ ပုံစံ အကျိုးရလဒ်အတိုင်း ဖြစ်လာပြီး နိုင်ငံတော်အတွက်လည်း အကျိုးရှိလာမယ့် နည်းလမ်းကောင်းဖြစ်ပါတယ်။
Ref : Kumudra
Photo Credit : Thenational
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ