By The Voice, Shweproperty.com
Updated at 30 November 2018
ရန်ကုန်တိုင်းအတွင်း အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုလုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်းအနေနှင့် တရားဝင် ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း အဆိုပါအသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါ်မြတ်မိုမိုက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်းတွင် လက်ရှိ အသင်းသား ၃၀၀၀ ကျော်ရှိပြီး တရားဝင်ဖွဲ့စည်းထားသည့်အတွက် အိမ်ရှင်၊ အိမ်ငှား ပြဿနာများနှင့် အိမ်အရောင်းအဝယ် ပြဿနာများ စသည်တို့ကို သေချာကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“တကယ်တမ်း ပြဿနာဖြစ်များတာက ရန်ကုန်တိုင်းကအဖြစ်များတယ်။ ဗဟိုမှာရှိတဲ့ အင်းအားနဲ့ကျ လုံးဝ မလုပ်နိုင်တော့ဘူး။ ဒါကြောင့် ဒီရန်ကုန်အသင်းကို တရားဝင်ဖွဲ့စည်းခဲ့တယ်။ အခု လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပါပြီ။ မြန်မာနိုင်ငံမှာရှိတဲ့ အိမ်၊ ခြံ၊ မြေနဲ့ ပတ်သက်သည့် ဝန်ဆောင်မှုလုပ်ငန်း အားလုံးကို နည်းစနစ် မှန်မှန်နဲ့ အထောက်အကူရမယ်။ နိုင်ငံတော်အခွန်ဘဏ္ဍာတွေလည်း အရင်ထက် ပိုရှာနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာပါ”ဟု ဒေါ်မြတ်မိုမိုက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်းကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၃ ရက်တွင် လုပ်ငန်းလိုင်စင်နှင့်အတူ ခံဝန်ချက်ဖြင့် တာဝန်ကန့်သတ်ထားသည့် ကုမ္ပဏီအဖြစ် ဖွဲ့စည်းမှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။
ယင်းအသင်းအနေနှင့် အသင်းကို ဦးဆောင်ကြမည့် အသင်းအလုပ်အမှုဆောင်ကော်မတီဝင် ဒါရိုက်တာများနှင့် ၃၉ မြို့နယ် အလုပ်အမှုဆောင် ကော်မတီများ၊ အသင်းသားများနှင့်တွေ့ဆုံမိတ်ဆက်ပွဲကို နိုဝင်ဘာလ ၃၀ ရက်တွင် Royal Garden Restaurant တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
ယခုလက်ရှိ မြန်မာတစ်နိုင်ငံလုံးအတွက် အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်းကို ဖွဲ့စည်းထားကာ ဆောင်ရွက်လျက်ရှိသည်။
Ref : The Voice
Photo Credit : Mmtimes
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ