By 7daydaily, Shweproperty.com
Updated at 7 June 2016
ရန်ကုန်မြို့၏ လမ်းနှင့် မြို့နယ်အလိုက် အိမ်ခြံမြေစံနှုန်း သတ်မှတ်ချက်များ ပြင်ဆင်ရေးဆွဲနေပြီး ၂၀၁၅ တွင် သတ်မှတ်ခဲ့သော တစ်ပေပတ်လည် သတ်မှတ်ခဲ့သော စံနှုန်းထက် မြင့်မားနိုင်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သတင်းရရှိသည်။
အဆိုပါစံနှုန်း သတ်မှတ် ချက်များကို သက်ဆိုင်ရာမြို့နယ်အခွန်ရုံးများက လက်ရှိပေါက် ဈေးနှုန်းများ၏ အခြေခံကောက်ယူထားပြီး ၂၀၁၆ ဇွန်လကုန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
ထို့ပြင် အိမ်ခြံမြေစံနှုန်းသတ် မှတ်ချက်များကို မြန်မာနိုင်ငံအိမ် ခြံမြေအဖွဲ့ကလည်း ရေးဆွဲလျက်ရှိပြီး နှစ်ဖွဲ့ပေါင်းရေးဆွဲချက်များ ကို ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ထံ တင်ပြမည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနညွှန်ကြားရေးမှူးတစ်ဦးက ပြော သည်။
အိမ်ခြံမြေစံနှုန်းများကို တစ် နှစ်တစ်ကြိမ် ပြင်ဆင်ရေးဆွဲပြီး အိမ်ခြံမြေအရောင်းအဝယ်ဖြစ်ပါ က သတ်မှတ်ထားသည့် စံနှုန်းများအတိုင်း အခွန်ပေးဆောင်ရမည် ဖြစ်သည်။
အိမ်ခြံမြေတစ်ပေပတ်လည် စံနှုန်းများကို လမ်းနှင့် မြို့နယ်အ လိုက် အချက်အချာကျသည့် နေရာပေါ်မူတည်ပြီး ဈေးနှုန်းများသတ် မှတ်ပေးခြင်း ဖြစ်သည်။
‘‘အိမ်အရောင်းအဝယ်ဖြစ် တဲ့ ဈေးအတိုင်း အခွန်ဆောင် တယ်ဆိုရင်တော့ အိမ်ခြံမြေစံနှုန်း က သတ်မှတ်ဖို့ မလိုပါဘူး။ အ ရောင်းအဝယ်ဖြစ်တဲ့ ဈေးအတိုင်း အခွန်မဆောင်ကြလို့သာ အိမ်ခြံ မြေစံနှုန်းဆိုပြီး သတ်မှတ်ရတာ ပါ’’ဟု ပြည်တွင်းအခွန်များဦးစီး ဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။
အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ်ပါက သက်ဆိုင်ရာအခွန် ရုံးတွင် တန်ဖိုးမဖြတ်ဘဲ အရပ်စာ ချုပ်ဖြင့် အရောင်းအဝယ်ပြုလုပ် ခြင်းကြောင့် ရန်ကုန်တိုင်း၌ အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်ခြင်းမှ အခွန်ကောက်ခံရရှိမှု လျော့နည်းခဲ့ကြောင်း သိရသည်။
၂၀၁၆ ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အတွင်း အရောင်းအဝယ်ဖြစ်ပါက အခွန် ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ ကျော်မှ ကျပ်သိန်း ၁,၀၀၀ အထိ ကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁,၀၀၀ နှင့်အထက်ကို ၃၀ ရာခိုင်နှုန်း အခွန်အဖြစ် ပေးဆောင်ရမည် ဖြစ်သည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ