By The Modern, Shweproperty.com
Updated at 24 July 2015
အိမ်ခြံမြေအရောင်းအဝယ်ဖြစ်ချင်ရင် အရင်ဈေးနဲ.မခေါ် လက်ရှိပေါက်ဈေးနဲ.ခေါ်မှသာရောင်းထွက်တယ်လို. အကျိုးဆောင်တချို.က ပြောပါတယ်။
အရောင်းအဝယ်အေးနေချိန် အမြင့်ဈေးနဲ. မတန်မဆဈေးခေါ်ပြီးရောင်းမယ်ဆိုရင် အလုပ်မဖြစ်ပါဘူး။ အရောင်းအဝယ်အဖြစ်များတဲ့ ဈေးကဝယ်သူပေးတဲ့ ဈေး(ပေါက်ဈေး) ဖြစ်ပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က ‘အရောင်းအဝယ်တွေကမကောင်းပါဘူး၊ အမေးတော့ရှိတယ်၊ ဝယ်သူနဲ.ရောင်းသူကြားမှာညှိပေးရတာခက်တယ်၊ ပွဲမဖြစ်တာများတယ်၊ အရောင်းအဝယ်ရှိတယ်ဆိုတာကလဲတကယ့်အောက်ဈေးပဲဖြစ်တာ၊ သိန်း၅၀ ပတ်ချာလည်တွေလောက်ပေါ့၊ နေဖို.သူတွေကတော့ ဝယ်သင့်တဲ့ အချိန်ပါ’ လို. ပြောပါတယ်။
ဈေးကွက်အခြေအနေ
အဝယ်ရှိတယ်ဆိုတော့လည်းဝယ်မယ့်ဈေးကြည့်ပြီးမရောင်းချင်ကြဘူး။ ရောင်းမယ်ဆိုတော့လည်းရောင်းဈေးကြည့်ပြီးဝယ်မယ့်သူတွေ
ကမဝယ်ပြန်ဘူးလို. အကျိုးဆောင်တချို.က ဈေးကွက်အတွင်း ကြုံနေတဲ့ အခြေအနေတွေ ကိုပြောပါတယ်။ ရောင်းချင်သူတွေက မပေါက်တဲ့ ဈေးတောင်းကြသလိုဝယ်တဲ့သူတွေကလည်းမရောင်းနိုင်တဲ့ ဈေးဆစ်ကြတာကြောင့် အကျိုးဆောင်တွေအတွက် အချိန်ယူလိုက်ပြ၊ ညှိနှိုင်းပေမဲ့ ပွဲကမဖြစ်နဲ. လုပ်ကိုင်ရခက်နေကြပါတယ်။
အရပ်အကျိုးဆောင် ဒေါ်တင်ကြည်က ‘ဈေးပေးတာတော့ နေ.တိုင်းနီးပါးရှိတယ်၊ ပွဲမဖြစ်တာကဈေးညှိနှိုင်းမရတာကြောင့်ဘဲ၊ အဝယ်အများစုကတော့ မြေဈေးအနိမ့်တွေကိုပိုစိတ်ဝင်စားကြတယ်၊ ပေ၂၀ပေ x ပေ၆၀ပဲဖြစ်ဖြစ် သိန်း၅၀ ဝန်းကျင်တန်တွေပဲ ကြိုက်ကြတယ်’လို.ပြောပါတယ်။
မြေဈေးအနိမ့်တွေကို စိတ်ဝင်စားကြတာက အရင်လိုငွေအရင်းအနှီးများများနဲ. မဝယ်နိုင်ကြတာကြောင့်လို. ပြောတယ်။ အရင်လိုခုဝယ်၊ ခုရောင်းရင် ပြန်ထွက်တဲ့ အခြေအနေကနေဈေးလျှော့တာတောင် ဝယ်သူမရှိတဲ့ ဈေးကွက်ကြောင့်လို. ပြောပါတယ်။
ရောင်းသူအမြင်
မြေဈေးတွေကျမယ်ဆိုတဲ့ သတင်းကိုမယုံဘဲဈေးတန်းပြန်ဖြစ်ပေမဲ့ အချိန်ကိုစောင့်ပြီးကိုင်ထားဦးမယ်ဆိုတဲ့သူတွေ များတယ်လို. အကျိုးဆောင်လောကသိရပါတယ်။ အိမ်ခြံမြေဈေးကွက်ရဲ. အရင်က ဖြတ်သန်းခဲ့တဲ့ အခြေအနေတွေ အပေါ်ကြည့်ပြီးဈေးကွက်ပြန်ဖြစ် လာမှာပဲဆိုတဲ့ မျှော်လင့်ချက်တွေနဲ. ကိုင်ထားကြတာဖြစ်တယ်။
ဝါရင့်အကျိုးဆောင်ဦးမောင်မောင်က ‘အများစုကအရင်နှစ်တွေကလို ပြန်ဖြစ်လာမယ်ဆိုတဲ့အထင်နဲ. ကိုင်ထားကြတယ်၊ တကယ်တော့ ပြီးခဲ့တဲ့ ၂၀၁၄နှစ်လယ်ကတည်းကခုချိန်အထိ ၁၀လ ဝန်းကျင်လောက်ဈေးကွက်က အကျဘက်ကိုဦးတည်လာတာ ၊ နောက်နှစ်တွေအထိဒီလိုပဲ လိမ်ဖည်လိမ်ဖည်နဲ. သွားဖို.များတယ်’ လို.ပြောပါတယ်။
အရောင်းအဝယ်အေးနေတဲ့ အိမ်ခြံမြေဈေးကွ်က်က ဖြတ်သန်းခဲ့သမျှ နှစ်တွေရဲ. ဈေးကွက်အေးခဲ့ဖူးတဲ့ အချိန်တွေထက် သည်နှစ်ပိုကြာမြင့်နေပါတယ်။ ဈေးကွက်ပျက်တဲ့ အခြေအနေမရောက်ဖို. မျှော်လင့်ရမှာပဲလို. အကျိုးတောင်တချို.က ဈေးကွက်အခြေအနေကို သုံးသပ်ကြပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ