By 7 Day Daily, Shweproperty.com
Updated at 7 July 2017
အစိုးရက အိမ်ခြံမြေနှင့် အခွန်များ ဖြေလျှော့ပေးမည့် အစီ အစဉ်များကြောင့် အိမ်ခြံမြေဈေး ကွက် အရောင်းအဝယ်များ ပြန် ကောင်းလာနိုင်မည်ဟု စီးပွားရေး လုပ်ငန်းရှင်အချို့က မျှော်လင့်နေ သည်။
တံဆိပ်ခေါင်းခွန် ဖြေလျှော့ ပေးခြင်း၊ အခွန်ကောက်ခံရန် တစ်ပေပတ်လည် စံနှုန်းသတ်မှတ် ချက်များ ဖြေလျှော့ပေးမည့် အစီ အစဉ်နှင့် ဝင်ငွေခွန်အမျိုးအစား ဖြစ်သည့် အိမ်ခြံမြေ တရားဝင် ဝယ်ယူရာတွင် ပေးဆောင်ရမည့် အခွန်နှုန်းထားများ ဖြေလျှော့ပြင် ဆင်ပေးရန် အစိုးရ၏ အစီအစဉ်များကြောင့် အိမ်ခြံမြေဈေးကွက်အရောင်းအဝယ် ပြန်လည်လှုပ် ခတ်နိုင်ကြောင်း အိမ်ခြံမြေအကျိုး ဆောင်အချို့နှင့် စီးပွားရေးလုပ် ငန်းရှင်အချို့က ပြောသည်။
‘‘အစိုးရက စီးပွားရေးတက် ဖို့ ပြောနေပြီဆိုတော့ အိမ်ခြံမြေ ဈေးကွက်က ဒီနှစ်မှာ ကောင်းလာ မယ်လို့ မျှော်လင့်တယ်။ အခွန် စနစ်တွေသာ ဖြေလျှော့လိုက်ရင် အိမ်ခြံမြေက လှုပ်လာမှာအသေ အချာပဲ’’ဟု မဏ္ဍိုင်အိမ်ခြံမြေအ ကျိုးဆောင် ဦးသန်းဦးက ပြော သည်။ စီးပွားရေးကဏ္ဍတွင် အိမ်ခြံမြေ ဈေးကွက်သည် အရေးပါသဖြင့် အရောင်းအဝယ်ပြန်လည် ကောင်းမွန်လာပါက ယခင်ကဲ့သို့ မြေ ကစားမှုများ မဖြစ်စေရန် သတိ ထားသင့်ကြောင်း ဆောက်လုပ် ရေးလုပ်ငန်းရှင်တစ်ဦးက ပြော ကြားသည်။
အိမ်ခြံမြေအရောင်းအဝယ် နှေးကွေးနေခြင်းကြောင့် ဝင်ငွေ ခွန်အပေါ် စည်းကြပ်နှုန်း ၃၀ ရာခိုင်နှုန်း အခွန်ကောက်ခံမှုကို ပြန်လည်ပြင်ဆင်ရန် စဉ်းစားနေ ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
လက်ရှိ အစိုးရသည် အများ ပြည်သူထံမှ အခွန်ကောက်ခံရာ တွင် အခွန်နှုန်းထားတိုးမြှင့်ရမည် ဆိုသည့် သီအိုရီကို မကျင့်သုံးဘဲ အခွန်ထမ်းဆောင်သူများစွာ ပါဝင်လာနိုင်မည့် အခွန်စနစ်ကိုသာ ကျင့်သုံးခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
အိမ်ခြံမြေ တရားဝင်ရောင်း ဝယ်ရာတွင် အသုံးပြုရသည့် တံ ဆိပ်ခေါင်းအခွန်ကို ဇွန်လအတွင်း၅ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းသို့ စတင်လျှော့ချပေးသည်။ ၂ နှစ် ကျော် ပြုပြင်ပြောင်းလဲမှုမရှိသော အိမ်ခြံမြေ တစ်ပေပတ်လည်စံနှုန်းသတ်မှတ်ချက်များကို ကာလပေါက်ဈေးထက် လျှော့ချပြီး အသစ်ပြဋ္ဌာန်းရန် ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က စီစဉ် နေသည်။
လက်ရှိ အိမ်ခြံမြေဈေးကွက် သည် အရောင်းအဝယ် အနည်း ငယ်ရှိသော်လည်း ဈေးကျဆင်း နေခြင်း၊ အိမ်ငှား ဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအ ကြား ကျဆင်းနေကြောင်း အိမ်ခြံ မြေအကျိုးဆောင်အချို့က ပြော ကြားသည်။
Ref & Photo Credit : 7 Day Daily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ