By The Modern, Shweproperty.com
Updated at 1 April 2016
အိမ်ခြံမြေအရောင်းအဝယ်မှာ ဝင်ငွေခွန်သစ်ကလည်း နှုန်းထားများနေတဲ့အပြင် သည်နှစ်ထဲမှာ သတ်မှတ်နိုင်တဲ့ မြေကွက်စံနှုန်းတွေလည်း မမြင့်အောင် အစိုးရသစ်အနေနဲ့ လုပ်ဆောင်ပေးနိုင်ဖို့ မျှောလင့်နေကြတယ်လို့ သိရပါတယ်။
အိမ်ခြံမြေအရောင်းအဝယ်မှာ အခွန်ပေးဆောင်တာနဲ့ပတ်သက်ပြီး အပြောများနေတာက စံနှုန်းသတ်မှတ်ချက်တွေများနေတဲ့အပြင် အခွန်နှုန်းထားသစ်ကလည်း များနေတာကြောင့်ပါ ။ အရင်ကဝင်ငွေခွန်နှုန်းထား နည်းတာကြောင့် စံနှုန်းမြင့်နေပေမဲ့ ပေးဆောင်တဲ့သူတွေက လက်ခံကြတယ် ။ ပြီးခဲ့တဲ့နှစ်မှာလည်း သတ်မှတ်စံနှုန်းတွေမြင့်ပေမဲ့ ဝင်ငွေခွန်နဲ့ တွက်ရင် ပေးဆောင်နိုင်တဲ့ အခြေအနေမှာရှိခဲပါတယ်။
အသစ်သတ်မှတ်လိုက်တဲ့ ဝင်ငွေခွန်နှုန်းထားကို လျှော့ပေးဖို့လွှတ်တောမှာလည်း တောင်းဆိုမှုတွေပြုလုပ်ဖို့ရှိတယ်လို့ အိမ်ခြံမြေ အကျိုးဆောင် တချို့က ပြောပါတယ်။ ၂၀၁၅ ခုနှစ်မှာ အိမ်ခြံမြေနဲ့ပတ်သက်ပြီး အခွန်ပေးဆောင်မှုတွေမှာ အရင်ဘဏ္ဏာနှစ်ကထက် ၁၅ ဘီလျံလျော့ကျ ခဲ့တယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနဲရဲ့စာရင်းတွေအရ သိရပါတယ်။
အကျိုးဆောင်အများစုနဲ့ စီးပွားရေးကျွမ်းကျင်သူတွေက ဝင်ငွေခွန်နှုန်းထားသစ်ကြောင့် အခွန်ပေးဆောင်သူတွေ နည်းနိုင်တယ် လို့ သုံးသပ် ခန့်မှန်းထားကြပါတယ်။ နှစ်စဉ်အခွန်နှုန်းထားသစ်ပြောင်းလဲသတ်မှတ်ခဲ့တိုင်း အိမ်ခြံမြေနဲ့ ပတ်သက်ပြီး အခွန်ပေးဆောင်တာက ဈေးကွက်ကို အကျိုးမသက်ရောက်ဘူး ၊ စံနှုန်းအပေါ်မှာသာ ပေးဆောင်ရမှာဆိုပြီး ပြောခဲ့ကြပါတယ်။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က "အရင်က အခွန်နှုန်းထားလျော့ပေးတယ် ၊ စံနှုန်းနဲ့ပြန်ထိန်းထားတယ် ၊ စံနှုန်းကိုပဲ လူတွေက စိတ်ဝင်စားခဲ့ကြတာ ၊ အခုက ဝင်ငွေခွန်ကပါ မြင့်လာတော့ ပေးဆောင်ဖို့က မတန်တဆမြင့်သွားတာကြောင့်ပါ" လို့ပြောပါတယ်။
အခွန်ရှောင်ကြတယ်ဆိုတာကလည်း သာမန်လူအများစုက အခွန်ဆောင်တဲ့အခါ ကုန်ကျမယ့်ငွေပမာဏများတာကြောင့်ပါ ။ ဧပြီလ ၁ရက်နေ့မှာ စတင်သက်ဝင်လာမယ့် အိမ်ခြံမြေအခွန်နှုန်းထားက မပေးဆောင်နိုင်တဲ့ အခွန်နှုန်းထား ဖြစ်တာကြောင့် အိမ်ခြံမြေအကျိုးဆောင် အသင်းအဖွဲ့တွေကလည်း အခွန်နှုန်းလျှောချဖို့ လွှတ်တော်ကိုတောင်းဆိုမှုတွေ ပြုလုပ်မှာလို့ သိရပါတယ်။
ဝသုန်အကျိုးဆောင်က ဦးဝင်းနိုင်က " အစိုးရသစ်လက်ထက်မှာ အခွန်နှုန်းထားသစ်ကိုရော ဒီနှစ်ထဲမှာ အသစ်သတ်မှတ်ဖို့ရှိတဲ့ စံနှုန်းအသစ် ကိုပါ ပြည်သူတွေပေးဆောင်နိုင်တဲ့ နှုန်းထားတွေ ဖြစ်စေချင်တာပါ ။ ဒီပုံစံအတိုင်းဆို အခွန်ဆောင်တဲ့သူတွေ နှုန်းကဒီနှစ်ထက်တောင် နည်းသွားနိုင်တယ်" လို့ သူ့အမြင်ကို ပြောပါတယ်။
အိမ်ခြံမြေနဲ့ပတ်သက်ပြီး အခွန်ကောက်ခံရရှိမှုက ၂၀၁၄-၂၀၁၅ ဘဏ္ဏာနှစ် ဖေဖော်ဝါရီလကုန်ပိုင်းအထိကို ကျပ် ၄၀ ဘီလျံကောက်ခံရရှိခဲ့ပြီး သည်နှစ် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်မှာတော့ ကျပ် ၂၅ ဘီလျံ ကောက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
Ref : The Modern
Photo Credit : Social
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ