By The Trade Times, Shweproperty.com
Updated at 11 May 2015
ဧပြီလ (၂) ရက်တွင် ပြန်လည် ပြင်ဆင်ခဲ့သည့် အခွန်အကောက် ဆိုင်ရာ ဥပဒေသစ်အရ အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရာတွင် ကောက်ခံနေသည့် ငွေကြေးပမာဏ ကို လျှော့ချသတ်မှတ်လိုက်သည့် အတွက် အေးစက်နေသည့် အိမ်ခြံ မြေဈေးကွက် ပြန်လည် ဦးမော့လာ နိုင်ချေရှိကြောင်း အိမ်ခြံမြေ အကျိုး ဆောင်များထံမှ သတင်းရရှိသည်။
ယင်းဥပဒေပြဋ္ဌာန်းချက်များ အခွန်အကောက်ဆိုင်ရာ သတ်မှတ် ချက်များကို ဧပြီလ (၂) ရက်တွင် အတည်ပြုခဲ့ပြီး ဧပြီလ (၄) ရက်နှင့် (၅) ရက်ထုတ် နိုင်ငံပိုင်သတင်းစာ တို့တွင် ဖော်ပြခဲ့ကြောင်း၊ ယခင်နှစ် သတ်မှတ်ခဲ့သည့် အခွန်ကောက်ခံမှု ပမာဏကို (၂) ဆနီးပါးအထိ လျှော့ချ ခဲ့ပြီး ပြန်လည်သတ်မှတ်ခဲ့သည့် အတွက် အိမ်ခြံမြေဈေးကွက်အပေါ် အတိုင်းအတာတစ်ခုအထိ ပြန်လည်ကာ အကျိုးသက်ရောက်မှု ရှိနိုင် ကြောင်း အိမ်ခြံမြေဈေးကွက်မှ သတင်းရရှိသည်။
”အကွက်ကြီးတွေတော့ အရောင်းအဝယ်မဖြစ်သေးပါဘူး။ အကွက်ငယ်လေးတွေ နည်းနည်း ပါးပါးကတော့ ဈေးနှုန်းစုံစမ်းတာ တွေ ရှိလာပါတယ်။ အခွန်နှုန်းထား သစ်အရလည်း အခွန်ဆောင်ရမယ့် ပမာဏက ထက်ဝက်နီးနီးလောက် သက်သာလို့ ဈေးကွက်ပြန်လည် ကောင်းနိုင်မယ်လို့ မြင်ပါတယ်” ဟု ံ High Way Star အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး ကုမ္ပဏီမှအုပ်ချုပ်မှု ဒါရိုက်တာ ဦးမောင်အောင်က ဧပြီလ (၂၉) ရက်တွင် The Trade Times ကို ပြောသည်။
အိမ်ခြံမြေဝယ်ယူသူများအနေ ဖြင့် ဆောင်ရမည့် အခွန်ပမာဏ များပြားခြင်းကလည်း အိမ်ခြံမြေ အရောင်းအဝယ်ကို နှောင့်နှေးစေခဲ့ ကြောင်း သိရသည်။
(၂ဝ၁၅-၂ဝ၁၆) ဘဏ္ဍာရေးနှစ် တွင် ရောင်းချလိုက်သည့် အိမ်ခြံမြေ ရောင်းဝယ်မှုများအပေါ် ကောက်ခံ မည့် ဝင်ငွေခွန် နှုန်းထားများမှာ တစ်ကျပ်မှ ကျပ်သိန်း (၁,ဝဝဝ) အထိ အရောင်းအဝယ်ပြုလျှင် ဝင်ငွေခွန် (၃၀) ရာခိုင်နှုန်း၊ သိန်း (၁,ဝဝဝ) မှ သိန်း (၅,ဝဝဝ) အထိ ဝင်ငွေခွန(် ၅) ရာခိုင်နှုန်း၊ သိန်း (၅,ဝဝဝ) မှ သိန်း (၁ဝ,ဝဝဝ) အထိ ဝင်ငွေခွန် (၁ဝ) ရာခိုင်နှုန်း၊ သိန်း (၁ဝ,ဝဝဝ) မှ သိန်း (၁၅,ဝဝဝ) အထိ ဝင်ငွေခွန် (၂ဝ) ရာခိုင်နှုန်းနှင့် ကျပ်သိန်း (၁၅,ဝဝဝ) အထက်ကို ဝင်ငွေခွန် (၃ဝ) ရာခိုင်နှုန်းအထိ ကောက်ခံသွားရန် ပြင်ဆင်သတ်မှတ်လိုက်သည်။s
(၂ဝ၁၄- ၂ဝ၁၅) ဘဏ္ဍာရေးနှစ် တွင် အိမ်ခြံမြေရောင်းဝယ်မှုအပေါ် ကောက်ခံခဲ့သည့် အခွန်နှုန်းထားများ မှာ တစ်ကျပ်မှ ကျပ်သိန်း (၅ဝဝ) အထိ အခွန် (၃) ရာခိုင်နှုန်း၊ သိန်း (၅ဝဝ) မှ သိန်း (၁,ဝဝဝ) အထိ အခွန် (၅) ရာခိုင် နှုန်း၊ ကျပ်သိန်း (၁,ဝဝဝ) မှ ကျပ်သိန်း (၁,၅ဝဝ) အထိ အခွန် (၁ဝ) ရာခိုင်နှုန်း၊ ကျပ်သိန်း (၁,၅ဝဝ) မှ သိန်း (၃,ဝဝဝ) အထိ (၂ဝ) ရာခိုင်နှုန်း၊ ကျပ်သိန်း (၃,ဝဝဝ) အထက်ကို (၃ဝ) ရာခိုင်နှုန်း သတ်မှတ်ကောက်ခံခဲ့သည့်အတွက် ယခုကဲ့သို့ ပြန်လည် အသစ်ပြဋ္ဌာန်း လိုက်သည့် အခွန်အကောက်ဆိုင်ရာ ဥပဒေသစ်အရ ကျပ်သိန်းသောင်းချီ တန်သည့် မြေကွက်များ၊ တိုက်ခန်း များထက် ကျပ်သိန်းရာဂဏန်းနှင့် ထောင်ဂဏန်းဝန်းကျင် အိမ်ခြံမြေ၊ တိုက်ခန်း ကွန်ဒိုများ အရောင်း အဝယ် ပြုလုပ်ရာတွင် ပေးဆောင်ရ မည့် ဝင်ငွေခွန်နှုန်းထားမှာ များစွာ သက်သာသွားနိုင်မည်ဖြစ်သည်။
ရန်ကုန်နှင့် မန္တလေးမြို့များတွင် အိမ်ခြံမြေများကို အရောင်းအဝယ် ပြုလုပ်ပါက တံဆိပ်ခေါင်းခွန် (၅) ရာခိုင်နှုန်းနှင့် ပြည်ထောင်စုနယ်မြေ ဖြစ်သည့် နေပြည်တော်တွင်မူ တံဆိပ်ခေါင်းခွန် (၃) ရာခိုင်နှုန်းကို ထပ်မံပေးသွင်းရမည်ဖြစ်သည်။
(၂ဝ၁၅) ခုနှစ် ရွေးကောက်ပွဲ အခြေအနေကို လုပ်ငန်းရှင်ကြီးများ နှင့် ရင်းနှီးမြှုပ်နှံသူများက စောင့် ကြည့်နေဆဲ အခြေအနေတွင် ရှိနေ ကာ လုပ်ငန်းစီမံကိန်းသစ်များ အကောင်အထည်ဖော်မှု အားနည်း ခြင်း၊ စီးပွားရေးလုပ်ငန်းများမှ ငွေ ကြေးကို လက်ဝယ်ကိုင်ထားသည့် အခြေအနေတွင်ရှိနေပြီး ရင်းနှီးမြှုပ်နှံ မှုသစ်များပြုလုပ်ရန် တွန့်ဆုတ်နေ ခြင်း၊ မြန်မာအိမ်ခြံမြေ ဈေးကွက်တွင် ပမာဏကြီးကြီးမားမားဖြင့် ဝင်ရောက် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ ၎င်းတို့နိုင်ငံတွင် ပင် စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေး လာသည့် အကျိုးဆက်များ ရှိနေခြင်း စသည်တို့ကြောင့် မြန်မာအိမ်ခြံမြေ ဈေးကွက်အေးစက်ခဲ့ရသည်။
သို့သော် ယခုပြန်လည်ပြင်ဆင် ပြဋ္ဌာန်းလိုက်သည့် အခွန်နှုန်းထား သစ်ကြောင့်လည်း အိမ်ခြံမြေဈေး ကွက်အပေါ် အကျိုးသက်ရောက်မှု များ ရှိနိုင်ပြီး ဈေးကွက်ပြန်လည် ဦးမော့လာနိုင်ခြေရှိသည့်အပြင် သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ပြီးကာလ များတွင်လည်း ဈေးနှုန်းစုံစမ်းမှုများ အများအပြားရှိခဲ့ပြီး တန်ဖိုးသိန်း ရာဂဏန်းအောက် မြေကွက်လွတ် များ အနည်းငယ် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
”ပုံမှန်ဆိုရင်တော့ မျှော်လင့် လို့ရပါတယ်။ သိပ်ပြီးတော့ လှုပ်လှုပ် ရှားရှား မရှိသေးပါဘူး။ အခုအချိန်က ဘယ်သူတွေက စပြီး ဈေးကစားမလဲ ဆိုတာ စောင့်ကြည့်နေတဲ့ အချိန်ပါ။
အငှားဈေးကွက်ကတော့ သွက်ပါ တယ်။ အခွန်စနစ်သစ်ကြောင့် ပေးရ မယ့် အခွန်နှုန်းထားတွေ တော်တော် ကျသွားမယ်။ ပြဿနာက အရင် ကစားခဲ့တဲ့ လူတွေရဲ့လက်ထဲမှာ ငွေ က အိပ်နေတယ်။ တရုတ်ဘက်က လာကစားတဲ့ သူတွေဈေးကွက်ထဲကို ပမာဏ ကြီးကြီးမားမားနဲ့ ဝင်မကစား ရင်တော့ ဈေးက အေးနေဦးမှာ ဖြစ်တယ်”ဟု အာရှမင်းအိမ်ခြံမြေ နှင့် ဆောက်လုပ်ရေးကုမ္ပဏီလီမိ တက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကောင်းမင်းခန့်က ဧပြီလ (၂၉) ရက်၌ The Trade Times ကို ပြောသည်။
Ref : The Trade Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ