By The Kumudra, Shweproperty.com
Updated at 29 March 2016
ဧပြီလ ၁ ရက်နေ့မှာ စတင်အသက်ဝင်လာမယ့် အိမ်ခြံမြေအခွန်နှုန်းထားက ပြည်သူတွေ မဆောင်နိုင်တဲ့အခွန်နှုန်းထားဖြစ်တာကြောင့် အိမ်ခြံမြေအသင်းအဖွဲ့အနေနဲ့ အခွန်နှုန်းလျှော့ချဖို့ လွှတ်တော်ကို တောင်းဆိုသွားမယ်လို့ သိရပါတယ်။
"အိမ်ခြံမြေဝယ်မယ့်သူတွေဟာ အခွန်မရှောင်ချင်ကြဘူး ၊ သူတို့အမည်ပေါက်နဲ့ သူတို့ပိုင်ဆိုင်မှု ခိုင်ခိုင်လုံလုံနဲ့ နေချင်ကြတယ်" လို့ ရွှေလက်ပံ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဝင်းဇော်ဦးက ဆိုပါတယ်။
အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်တဲ့သူတွေအနေနဲ့ ပေးဆောင်ရတဲ့အခွန်နှုန်းထားမှာ ဝယ်သူကသုံးရာခိုင်နှုန်းပေးဆောင်ရမှာဖြစ်ပြီး ရောင်းသူက ၁၀ ရာခိုင်နှုန်း နဲ့ တံဆိပ်ခေါင်းခွန်က ငါးရာခိုင်နှုန်းပေးဆောင်ရတာဖြစ်ပါတယ်။
ယခင်က ချမှတ်ထားတဲ့ အခွန်နှုန်းထားနဲ့တောင် အိမ်ခြံမြေ ဝယ်ယူသူတချို့က အခွန်မဆောင်ဘဲ သည်အတိုင်းဝယ်ယူပြီး နေထိုင်မှုတွေ ရှိနေကြတယ်လို့လည်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် အချို့ရဲ့ ပြောပြချက်အရသိရပါတယ်။
အသစ်ချမှတ်လိုက်တဲ့ အခွန်နှုန်းထားအသစ်မှာ ကျပ် တစ်သိန်းမှ ကျပ်သန်း ၃၀၀ ဆိုရင် ၁၅ရာခိုင်နှုန်း ၊ သိန်း ၃၀၀ မှ ကျပ်သိန်း ၁၀၀၀ ဆိုရင် ၂၀ ရာခိုင်နှုန်းနဲ့ ကျပ်သိန်း ၁၀၀၀ နဲ့အထက်ဆိုရင် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်တယ်လို့ ချမှတ်လိုက်တာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် အခွန်အကောက်ဥပဒေသစ်အရ အခွန်နှုန်းထားဟာ ဧပြီ ၁ ရက်နေ့ကစပြီး အကျုံးဝင်မှာဖြစ်တာကြောင့် အိမ်ခြံမြေအသင်းသားတွေအနေနဲ့ အဲသည်အခွန်နှုန်းကို ပြင်ဆင်နိုင်ဖို့အတွက် နောက်လာမယ့်အစိုးရသစ်တက်လာရင် လွှတ်တော်မှာ အဆိုပြုတင်ပြနိုင်ရန်အတွက် ညှိနှိုန်းဆွေးနွေးမှုတွေ ပြုလုပ်နေကြတယ်လို့လည်း အိမ်ခြံမြေအကျိုးဆောင်များထံက သိရပါတယ်။
Ref : The Kumudra
Photo Credit : Social
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ