By 7daydaily, Shweproperty.com
Updated at 29 February 2016
ယခု ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အစ ဧပြီမှ ဇန်နဝါရီအထိ ဆယ်လတာအတွင်း အိမ်ခြံမြေအခွန် ကျပ် ၂၆ ဘီလီယံကျော်ကောက်ခံရရှိထားပြီး ယခင်ဘဏ္ဍာနှစ်တွင် ကောက်ခံရရှိထားသည့် အခွန်နှုန်းထားထက် လျော့နည်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်ဦးစီးဌာနမှ သတင်းရရှိသည်။
‘‘အိမ်ခြံမြေအခွန်ကောက်ခံ ရရှိမှုက ပြီးခဲ့တဲ့ကာလတူထက် နည်းနိုင်တယ်။ ဒီနှစ်ထဲမှာ အိမ်ခြံ မြေအရောင်းအဝယ်မဖြစ်လို့ တန် ဖိုးဖြတ်တာတွေ နည်းသွားတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ကောက်ခံ ရရှိထားတဲ့ အိမ်ခြံမြေအခွန်ထက် နည်းနိုင်တယ်’’ဟု ပြည်တွင်းအ ခွန်များဦးစီးဌာန လက်ထောက် ဌာနမှူးတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တစ် နှစ်လုံးတွင် အိမ်ခြံမြေအခွန်ကျပ် ၇၀ ဘီလီယံအထိ ကောက်ခံရရှိ ခဲ့ပြီး ယခုဘဏ္ဍာနှစ်ဆယ်လကျော်အတွင်း ကျပ် ၂၆ဒသမ၇၅ ဘီလီယံခန့်သာ ကောက်ခံရရှိထားကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
အိမ်ခြံမြေအခွန်ဆောင်မည်ဆိုပါက အိမ်ခြံမြေတန်ဖိုးဖြတ်ရုံးတွင် လမ်းအလိုက်သတ်မှတ်ထားသည့် တစ်ပေပတ်လည်နှုန်းထားများအတိုင်း တန်ဖိုးဖြတ် ပြီး သက်ဆိုင်ရာအခွန်ရုံးများ၌ အိမ်ခြံမြေအခွန်ဆောင်ရမည် ဖြစ်သည်။
ထိုသို့အိမ်ခြံမြေတန်ဖိုးဖြတ် ပြီး အခွန်ဆောင်ရန် ထုတ်ပြန်ကြေညာထားသော်လည်း အိမ်ခြံမြေတန်ဖိုးဖြတ်ခြင်းနှင့် သတ်မှတ်ထားသည့် တံဆိပ်ခေါင်းများ မကပ်ဘဲ အရောင်းအဝယ်ပြုလုပ် နေကြ၍ အိမ်ခြံမြေအခွန်ဆောင်သည့် ပမာဏနည်းပါးသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အိမ်ခြံမြေအရောင်းအဝယ် ဖြစ်ပါက အရောင်းအဝယ်ဖြစ် သည့် ငွေကြေးနှင့် ကိုက်ညီသော တံဆိပ်ခေါင်းကပ်ရမည်ဖြစ်ပြီး တံဆိပ်ခေါင်းမကပ်ဘဲ ချုပ်ဆို ထားသည့် စာချုပ်များသည် တရားဥပဒေအရ အကျုံးဝင်ခြင်းမရှိ ကြောင်း သိရသည်။ အဆိုပါ စာ ချုပ်များကို စစ်ဆေးတွေ့ရှိပါက သတ်မှတ်တန်ဖိုး၏ ၁၀ ဆကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ် ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန မှ သတင်းရရှိသည်။
အိမ်ခြံမြေအခွန်နှုန်းထား များမှာ တစ်ကျပ်မှ ကျပ်သိန်းတစ် ထောင်အထိ ၃ ရာခိုင်နှုန်း၊ ကျပ် သိန်းတစ်ထောင်ကျော်မှ ကျပ်သိန်း ငါးထောင်အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်းငါးထောင်ကျော်မှ ကျပ်သိန်း တစ်သောင်းအထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်းတစ်သောင်းကျော်မှ ကျပ်သိန်းတစ်သောင်းခွဲအထိ ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း တစ်သောင်းခွဲအထက်ကို ၃၀ ရာခိုင်နှုန်းပေးဆောင်ရန် သတ်မှတ်ထားသည်။
Ref : 7daydaily
Photo Credit : travelfish
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ