By The Modern, Shweproperty.com
Updated at 17 May 2016
အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက်က အရောင်းအဝယ်ပြန်လည်ပတ်လာရင်တောင် ဈေးနှုန်းတွေ ကျနိုင်တဲ့ အလားအလာရှိတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
အိမ်ခြံမြေဈေးက လက်ရှိအခြေအနေမှာတောင် ဈေးနှုန်းတွေမြင့်နေတုန်းပါ ။ အကျိုးဆောင်တချို့ကတော့ အိမ်ခြံမြေဈေးက ၇၀ ရာခိုင်နှုန်းကျော်အထိ ဈေးမြင့်ခဲ့တာကြောင့် ဈေးဆက်တက်နိုင်မယ်ဆိုရင်တောင် တက်မယ့်နှုန်းထားက မများနိုင်တော့ဘူးလို ့ ပြောပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က "အခုဈေးကျနေတယ်လို့ပြောတဲ့ နေရာတွေကလဲ တကာ်တော့ အခုမှမြေကွက်တန်ဖိုးနဲ့တွက်ရင် များနေပါသေးတယ် ၊ မြေလွတ်မြေရိုင်းတွေ လယ်မြေတွေကို အခြေခံလိုအပ်ချက်တွေ မပြည့်စုံသေးဘဲ ဈေးတင်ရောင်းနေကြတာ ၊ ဈေးကွက်ကတော့ ပြန်ကောင်းလာနိုင်မယ့်အခြေအနေတွေရှိနေပေမဲ့ ဈေးကတော့ ပုံမှန်ဈေးနှုန်းတွေနဲ့ပဲ ရှိနိုင်တယ် ၊ ဈေးတက်ဖို့ကတော့ မဖြစ်နိုင်လောက်ဘူး" လို့ ပြောပါတယ်။
မြို့သစ်စီမံကိန်းတွေ မြေသစ်တွေထပ်ချဲ့နေပြီး မြေကွက်လွတ်တွေ ထွက်လာနိုင်တာ ၊ အစိုးရသစ်အနေနဲ့ မှုဝါဒအပြောင်းအလဲတွေ စောင့်ကြည့်နေကြတယ်လို့ ကျွမ်းကျင်သူတချို့နဲ့ အကျိုးဆောင်တချို့ ပြောပါတယ်။
ဒဂုံသီးသန့်အကျိုးဆောင် မကေသီက "အိမ်ခြံမြေဈေးကွက်အေးစက်နေတာကြာပြီ ၊ ၂၀၁၃ နှစ်ကုန်ပိုင်းလောက်ကတည်းက ဖြစ်နေတာ ၊ တော်တော်များများလုပ်ငန်းမဆက်နိုင်ဘဲ ဖြစ်နေခဲ့တာတော့ နှစ်နှစ်ဝန်းကျင်လောက်ရှိပြီ ၊ မြေကွက်တွေတင်မကဘူး ၊ တိုက်ခန်းတွေပါ ခေါ်ဈေးထက် ရောင်းဈေးနှိမ်ပြီး ရောင်းတာတွေ ရှိတယ်" လို့ပြောပါတယ်။
အိမ်ခြံမြေဈေးကွက်ကသည်နှစ်ထဲမှာတော့ ဈေးကွက်ပြန်လည်ပတ်ဖို့ ဖြစ်နိုင်ခြေနည်းပြီး နောက်နှစ်လောက်မှသာ ဈေးကွက်ပုံမှန် အခြေအနေဖြစ်နိုင်မယ် လို့ တချို့တွေက ပြောကြပါတယ် ။ မြို့စွန်ရပ်ကွက် မြို့သစ်တချို့ရပ်ကွက်တွေမှာတော့ အရောင်းအဝယ်ဖြစ် တာတွေရှိပေမဲ့ အရင်ဈေးထက် ထက်ဝက်နီးပါး ဈေးကျနေပြီး တချို့တွေမှာ ဈေးနှိမ်ဝယ်ကြတာကြောင့် ဝယ်ရောင်းသမားအသေးလေးတွေ အရှုံးပေါ်နေတယ်လို့လည်း ဈေးကွက်အတွင်းမှ သိရပါတယ်။
Ref : The Modern
Photo Credit : shutterstock
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ