By The Kumudra, Shweproperty.com
Updated at 10 May 2016
အိမ်ခြံမြေဈေးကွက်အနေနဲ့ လက်ရှိထက် ဆိုးရွားတဲ့အခြေအနေမဖြစ်နိုင်တော့ဘဲ ပြည်လည်ကောင်းမွန်လာဖို့သာရှိတော့တယ်လို့ စီးပွားရေးပညာရှင်ဒေါက်တာမောင်အောင်ကပြောပါတယ်။
"အိမ်ခြံမြေဈေးကွက်အခြေအနေကို ပြောမယ်ဆိုရင် လက်ရှိအချိန်က အဆိုးရွားဆုံးအချိန်ပဲ ၊ အရောင်းသီးသန့်ပဲရှိပြီး အဝယ်အားလုံးပျောက်နေတာ ၊မြန်မာနိုင်ငံရဲ့စီးပွားရေးဈေးကွက်က အစိုးရသစ်နောက်ပိုင်းကောင်း လာဖို့ပဲ ရှိတော့ဈေးကွက်တွေ အကုန်ဒီနှစ်အတွင်း ကောင်းမွန်လာနိုင်တယ်" လို့ပြောပါတယ်။
မြန်မာနိုင်ငံစီးပွားရေးဈေးကွက်အတွက် နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးသွားဖို့ရှိသလို နိုင်ငံခြားက စီးပွားရေးစိတ်ဝင်စားမှုတွေလည်း များပြားနေတာကြောင့်ဖြစ်ပါတယ် ။ကုန်သွယ်ရေးလုပ်ငန်းပိုင်းတွေမှာ အရေးပါတဲ့မြို့ဖြစ်တဲ့ ရန်ကုန်မှာ လုပ်ကွက်ကောင်းနိုင်သလို ရေနက်ဆိပ်ကမ်းမြို့တွေဖြစ်နိုင်တဲ့ တနသာၤရီတိုင်း ၊ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းတွေမှာလည်း အိမ်ခြံမြေဈေးကွက်တွေ ကောင်းမွန်လာနိုင်ပါတယ်။
အိမ်ခြံမြေဈေးကွက်အနေနဲ့ နိုင်ငံခြားသားတွေအတွက် အဆင့်မြင့်အိမ်ရာတွေ လိုအပ်သလိုမကြာခင်လွှတ်တော်က အတည်ပေးတော့မယ့် ကွန်ဒိုဥပဒေကြောင့်လည်း နိုင်ငံခြားသားအခန်းပိုင် ဆိုင်ခွင့့်တွေလည်းရမှာဖြစ်လို့ ဈေးကွက်တွေ ကောင်းလာနိုင်မှာဖြစ်ပါတယ်။
Ref : The Kumudra
Photo Credit : social
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ