By The Kumudra, Shweproperty.com
Updated at 23 July 2015
ကြန်.ကြာဥပဒေတွေနဲ. ထပ်တိုး အခွန်နှုန်းထားတွေကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်အေးကာ ဈေးဆက်မတက်နိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို. သိရပါတယ်။
ဥပဒေတွေက လိုအပ်နေတယ်၊ အတည်အကျနဲ. ဥပဒေတစ်ခုချင်းစီအတွက် ရေးဆွဲသင့်တယ်၊ အခုက ဖြစ်နေတဲ့ ပြဿနာတစ်ခုအလုက်ရေးတဲ့ ဥပဒေတွေဖြစ်တော့ အားနည်းတယ်။ တကယ်လိုအပ်ချက်က ဘာလဲမစဉ်းစားတဲ့အတွက် နောက်ထပ် လိုအပ်ချက်တွေ ပေါ်ဦးမှာပဲ’လို. အိမ်ခြံမြေနဲ. ဥပဒေကျွမ်းကျင်ပညာရှင် ဦးတင်သန်းဦးက ပြောပါတယ်။
မျှော်နေဆဲ ဥပဒေများ
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ထွက်ရှိဖို. လျာထားတဲ့ မြေယာဆိုင်ရာ ဥပဒေက ကြန်.ကြာနေပြီး မြို.ပြဆိုင်ရာ ငှားရမ်းခြင်းအက်ဥပဒေနဲ. စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေတွေကလည်း ဥပဒေမူကြမ်းကို အတည်ပြုနိုင်ဖို. စောင့်ဆိုင်းနေတဲ့ အခြေအနေဖြစ်ပါတယ်။
မြေယာဆိုင်ရာ ဥပဒေက လက်ရှိဖြစ်ပေါ်နေတဲ့ မြေယာအရှုပ်အရှင်းကိစ္စတွေနဲ. အမည်ပေါက် လျှောက်ထားမှု၊ မြေခွဲခြမ်းစိတ်ဖြာမှု၊ မြန်မာတစ်နိုင်ငံလုံးအတွက် တိကျတဲ့ မြို.နယ်တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်တတ်တဲ့ လူနေမှုဆိုင်ရာမြေ၊ လယ်မြေ၊ ဥယျာဉ်ခြံမြေ၊ ရွာမြေစတဲ့ အရှုပ်အရှင်းပြဿနာတွေကို တိကျပြီး စံနှုန်းသတ်မှတ်နိုင်တဲ့ ဥပဒေ ဖြစ်ပါတယ်။
စုုပေါင်းအဆောက်အအုံဆိုင်ရာ ဥပဒေ(condo law)ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံခြားသားအိမ်ရာပိုင်ဆိုင်ခွင့်နဲ. အဆင့်မြင့် အထပ်မြင့်တိုက်တွေကို အခန်းဝယ်ယူသူဘက်က အချိုးကျ စုုပေါင်းပိုင်ဆိုင်ခွင့်ရရှိမယ့် ဥပဒေဖြစ်ပါတယ်။ ၎င်းဥပဒေအားလုံး အတည်ပြုချက်ထွက်ရှိလာရင်တော့ မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အိမ်ခြံမြေဈေးကွက်နဲ. ပိုင်ဆိုင်မှု အရှုပ်အရှင်း၊ စာချုပ်စာတမ်း၊ လိမ်လည်မှုစတဲ့ ပြဿနာတွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။
‘တချို.ဥပဒေတွေက လတ်တလောအဖြစ်အပျက်ပေါ်ပဲ မူတည်ရေးဆွဲတော့ နှစ်အတော်အကြာ ပြန်မပြင်ဆင်တဲ့အတွက် အခုအချိန်မှာ ဒီဥပဒေကြောင့် နစ်နာရတာ တွေလည်း ရှိတယ်၊ ဒါကြောင့် အသစ်ထွက်လာမယ့် ဥပဒေတွေကိုလဲ ဥပဒေ သဘောသဘာဝခေတ်ကာလနဲ. အညီကောင်းမွန်အောင်လုပ်သင့်တယ်’ လို. ဥပဒေပညာရှင် ဒေါ်မိုးမိုးက ပြောပါတယ်။
အရောင်းအဝယ်နဲ.အခွန်
ုပြီးခဲ့တဲ့နှစ်က သတ်မှတ်ခဲ့တဲ့အခွန်နှုန်းထားထဲက အိမ်ခြံမြေအတွက် အခွန်နှုန်းထားကို လျှော့ချပေးခဲ့ပေမဲ့ အခုထပ်မံထွက်ရှိထားတဲ့ ကုန်သွယ်လုပ်ငန်းခွန်ခွန်ဥပဒေအရ နိုင်ငံတော်အတွင်း ဆောက်လုပ်ပြီးရောင်းချတဲ့ အဆောက်အအုံဆောက်လုပ်ခြင်းက ရရှိတဲ့ ရောင်းရငွေအပေါ်မှာ သုံးရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန်ပေးရမှာ ဖြစ်ပါတယ်။
အရင်က အိမ်ခြံမြေရောင်းဝယ်မှုပြုလုပ်ရာမှာ မြေရှင်နဲ. ဝယ်ယူသူဘက်က သတ်မှတ်ထားတဲ့ အခွန်နှုန်းထားကို ပေးဆောင်ရတာဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ အဆောက်အအုံအတွက် အခွန် သုံးရာခိုင်နှုန်းကို ပေးဆောုင်လာရတာဖြစ်ပါတယ်။
‘အဆောက်အအုံဆောက်လုပ်သူက အခွန်ပေးရတာဆိုတော့ အစိုးရနဲ. ပုဂ္ဂလိကဆီက မြေငှားဆောက်ရတဲ့သူဘက်ကလဲ အခွန်ဆောင်ရတာတွေ ပြုလုပ်ရနိုင်တယ်’ လို. ဥပဒေပညာရှင်ဒေါ်မိုးမိုးက ပြောပါတယ်။ ဒါပေမဲ့ အဆောက်အအုံဆောက်သူဘက်က အခွန်ဆောင်ရမယ့် သုံးရာခိုင်နှုန်းဟာ ရောင်းချသူအတွ်က်သာ သက်ဆိုင်နိုင်တာကြောင့် ကွန်ဒိုအဆောက်အအံအတွက် ဘီအိုတီအငှားဆောက်လုပ်သူနဲ. မိမိမြေပိုင်ပေါ်မှာ ဆောက်လုပ်သူအကြားကွဲပြားခြားနားနိုင်ပါတယ်။ လက်ရှိရပ်ကွက်အတွင်း တည်ဆောက်နေတဲ့ မြေရှင်နဲ. ကန်ထရိုက် အကျိုးတူလုပ်ငန်းတွေလည်း သည်ဥပဒေကို လိုက်နာရမှာ ဖြစ်တယ်လို.သိရပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ