By The Kumudra, Shweproperty.com
Updated at 17 November 2015
မကြာခင်ကုန်တော့မယ့် ၂၀၁၅ ခုနှစ်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ အရောင်းအဝယ် အားလုံးအေးစက်ခဲ့ပြီး အမှန်တကယ်နေထိုင်သူလောက်သာ စိတ်ဝင်စားမှုရှိတဲ့ နေသူဈေးကွက်တစ်ရပ် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
"၂၀၁၅ ရဲ့ အိမ်ခြံမြေဈေးကွက် အကြီးရပ်သွားတဲ့ သစ်ပင်လို ထပ်မကြီးတော့ဘဲ အရွက်ကြွေတဲ့ပုံစံ၊ ဈေးထပ်မတက်ဘဲ တဖြည်းဖြည်းချင်း ဈေးကျသွားတဲ့သဘောပဲ၊ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတဲ့ပုံစံ ဖြစ်သွားတယ်"လို့ ရွိုင်ရယ်ထွန်းသစ္စာ ကုမ္ပဏီက ဦးတင်မောင်က ပြောပါတယ်။
အိမ်ခြံမြေ ဈေးကွက်အခြေအနေကတော့ ၂၀၁၅ ခုနှစ် တစ်နှစ်လုံးဟာ နှစ်စကတည်းက ငြိမ်သက်ခဲ့ပြီး ဈေးနှုန်းမှာလည်း တဖြည်းဖြည်းကျဆင်းလာခဲ့ပါတယ်။ ဝယ်လိုအားအနေနဲ့ကတော့ အရောင်းအဝယ်အေးစက်မှုတွေကြောင့် (၄၀) ရာခိုင်နှုန်းလောက်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ ဈေးကွက်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းတွေဟာ ကွာခြားချက်တွေ များနေတာကြောင့် လက်ဆင့်ကမ်း ရောင်းဝယ်မှုကို ဦးစားပေးလုပ်ဆောင်တဲ့ ဈေးကွက်တွေပျောက်ဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အိမ်ခြံမြေ ဈေးကွက်ကောင်းမွန်ခဲ့တဲ့ (၂၀၁၁) ခုနှစ်က အခြေအနေကတော့ နိုင်ငံစီးပွားရေးမှာ လမ်းကြောင်းနည်းပြီး ဖြန့်ကျက်ဖို့ ခက်ခဲတာကြောင့် တစ်ပြိုင်တည်း ရင်းနှီးမြှုပ်နှံမှု စုပြုံလုပ်ကိုင်လို့ရတဲ့ အိမ်ခြံမြေဈေးကွက်မှာ စုပြုံခဲ့တာ ဖြစ်ပါတယ်။ (၂၀၁၁) ခုနှစ်မှာ စတင်ဦးမော့ခဲ့တဲ့ ဈေးကွက်ဟာ ပြီးခဲ့တဲ့ (၂၀၁၄) ခုနှစ်နှစ်ကုန်ပိုင်းမှာ ပြန်လည်ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ဝယ်နိုင်တဲ့ပမာဏနည်းပြီး ဈေးကွက်သေးလာတာကြောင့် နေရာအသုံးချလို့ရတဲ့ မြို့နယ်တွေကသာ အရောင်းအဝယ် ပုံမှန်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
"စီးပွားရေးမတက်ပဲ အိမ်ခြံမြေကပဲ ဈေးတွေတက်လာတာတော့ ဝယ်လိုအားအစစ်ဖြစ်တဲ့ မြို့နယ်တွေမှာ ဝယ်လိုအားမဆင်းသွားဘူး၊ အကွက်ကြမ်းတွေ ဖြစ်တဲ့ လူနေအိမ်တွေမရှိတဲ့ နေရာတွေမှာဆိုရင် ဈေးကလက်ဆင့်ကမ်းမှုများလို့ အခုအချိန်ဆို တကယ့်ဈေးကွက်နဲ့ မကိုက်ညီလို့ ပြန်ကျသွားတာတွေ ရှိတယ်" လို့ ၎င်းကပဲ ဆင်လက်ရှင်းပြပါတယ်။
Ref : The Kumudra
Photo Credit : Shutter Stock
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ