By The Kumudra, Shweproperty.com
Updated at 29 July 2016
လက်ရှိ ၂၀၁၆ခုနှစ် အိမ်ခြံမြေဈေးကွက်ကလည်း ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်ရဲ့ ဈေးကွက်အတိုင်းဈေးကွက်ပြန်ကောင်းလာမယ့် အချိန်ကိုပဲမျှော် လင့်နေရာမှာ ဖြစ်ပြီးလာမယ့် ၂၀၁၇ ခုနှစ် ဝန်ကျင်းမှသာဈေးကွက်ပြောင်းလဲမှုတွေ ဖြစ်လာနိုင်မယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။
အိမ်ခြံမြေဈေးကွက်ကလက်ဆင့်ကမ်းရောင်းချနေတဲ့ မူမမှန်တဲ့ ဈေးကစားမှုတွေကြောင့် ဈေးကွက်ပျက်ခဲ့တယ်။ ဝယ်လိုအား ကလည်း ဈေးကွက် ထဲမှာရှိနေတဲ့ ရောင်းလိုအား ထက် (၃၀) ရာခိုင်နှုန်း လောက်သာဈေးကွက်ဖြစ်နေတာလို့ ပြောပါတယ်။
၂၀၁၅ ခုနှစ်က ငြိမ်သက်နေခဲ့ပြီးဈေးနှုန်းတွေကတဖြည်းဖြည်းကျဆင်းလာကာ ၂၀၁၆ ခုနှစ်မှာတော့ အဝယ်ပါပျောက် ပြီးဈေးကွက်အေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်နိုင်က "အခုဈေးကွက်ကိုပြောရမယ်ဆို ကြီးထွားဖို့ အရှိန်လျော့သွားပြီးတချို့ အရွက်တွေကကြွေကျ သွားသလိုပဲဈေး ကမတတ်တော့ဘဲဈေးကွက်အရှိန်လျော့သွားပြီးဈေးလျှော့ထုတ်ရောင်းနေကြတာမျိုးပေါ့၊ ရောင်းလိုအားနဲ့ ဝယ်လိုအားမမျှတော့တဲ့ ဈေးကွက် ဖြစ်နေတာ"လို့ ပြောပါတယ်။
မြေယာမူဝါဒ၊ မြေကွက်စံနှုန်းထား၊ အခွန်နှုန်းထား၊ စက်မှုဇုန်နဲ့ပတ်သက်တဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေ၊ ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တွေ၊ ဥပဒေတွေကိုထုတ်ပြန်တာဆွေးနွေးနေတာတွေ ရှိပါတယ်။
အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်အေးနေတာကဈေးကွက်တည်ငြိမ်မှု မရှိတာကြောင့်နဲ့ ယုံကြည်မှုပျောက်နေ တာကြောင့်လို့ ပြောပါတယ်။ အများစုက သည်၂၀၁၆မှာ ပြောင်းလဲလာမယ်လို့ မျှော်မှန်းထားကြပေမဲ့ အခုအထိဈေးကွက်ကထူးခြားမှု မရှိသေးတာကြောင့် လာမယ့် ၂၀၁၇မှာတော့ ဈေးကွက် ပြန်လည်ပတ်နိုင်မှာလို့ ပြောကြတာဖြစ်တယ်။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က "အခုတော့ ဆောက်လုပ်ရေးဈေးကွက်မှာတော့ တည်ငြိမ်လာမယ်ထင်တယ်၊ စည်းကမ်းတွေ အတိုင်း လုပ်ဆောင်နေတော့ အစပိုင်းပဲရှိနေသေးပေမယ့် ပိုကောင်းတယ်၊ ယုံကြည်မှုတွေ ပျောက်နေတာ ပြန်တည်ဆောက်လာနိုင်မယ်၊ မြေကွက် အရောင်းတွေလဲစောင့်ရဦးမှာဆိုပေမဲ့ ၂၀၁၇လောက် ဈေးကွက်က ပြန်လည်ပတ်နိုင်မှာပါ" လို့ ပြောပါတယ်။
လူနေထိုင်မှုမရှိသေးတဲ့ မြို့စွန်နေရာတွေကမြေကွက်လွတ်တွေ အကွက်မြေတွေကိုငွေတတ်နိုင်တဲ့ သူတွေကအဆမတန်တဲ့ ဈေးတွေနဲ့ ဝယ်ယူ တာကြောင့် ဈေးမြင့်ကုန်ပါတယ်။တကယ်ဈေးနဲ့ မကိုက်ညီတဲ့ နေရာတွေမှာဈေးတွေ ပြန်လည်ကျ ဆင်းနေတာကြောင့် တဖြည်းဖြည်းဈေးတွေရော အရောင်းအဝယ်တွေပါ နှေးကွေးလာတာ ဖြစ်တယ်လို့ သိရပါတယ်။
ဝသုန်အကျိုးဆောင်မှ ဦးမောင်ဝင်းက "အခုဈေးကွက်က ၂၀၁၅ကထက် ပိုပြီးဈေးကွက်အေးနေတာ၊ ဈေးကလဲ မြို့တွင်းနေရာတွေတော့ မပြောင်းလဲပေမဲ့ မြို့စွန်တွေကတော့ ပုံမှန်ထက် ၂၀ ရာခိုင်နှုန်းလောက် ဈေးလျှော့ရောင်းမှ အရောင်းအဝယ်တချို့လေးတွေ ရှိလာတယ်၊ ဈေးကွက်ပျောက်နေတဲ့ ဝယ်လိုအားနည်းပြီးရောင်းလိုအားဈေးကွက် ကြီးမားနေတဲ့ လက်ရှိအချိန်ကတော့ ကြာနိုင်သေးတယ်" လို့ ပြောပါတယ်။
အိမ်ခြံမြေဈေးကွက်က ၂၀၁၇ခုနှစ်လောက် အထိစောင့်ကြည့်ရနိုင်တယ်။ အရောင်းအဝယ်ဖြစ်နေ တဲ့ကွက်ကြားနေရာတွေ ကတော့ လျှော့ဈေးနဲ့ဖြစ်နေတာပါ။ပြဋ္ဌာန်းဖို့ ကျန်နေသေးတဲ့ ဥပဒေတွေ ထွက်လာမယ်ဆိုရင်တော့ ဈေးကွက်ပြန်လည်ပတ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref : The Modern
Photo Credit : uncubemagazine
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ