By The Modern, Shweproperty.com
Updated at 9 May 2016
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက် လာမယ့်နှစ်လယ်ပိုင်းအတွင်း ပြန်လည်ကောင်းမွန် လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တချို့ဆီက သိရပါတယ်။ ဒီလပိုင်းအတွင်းအစိုးရသစ်အပေါ် ယူအက်စ်က မြန်မာပြည်ပေါ်မှာ ချမှတ်ထားတဲ့ စီးပွားရေးပိက်ဆို့ မှုတွေကိုသုံးသပ်သွားဖို့ရှိတယ် ၊မြန်မာပြည်အပေါ်ကိုလုံးဝလွှတ်ပေးနိုင်လို့ စီးပွားရေးအပိုင်းမှာ ကောင်းမွန်လာနိုင်တယ် လို့ ပါမောက္ခဒေါက်တာအောင်ထွန်းသက်ကပြောပါတယ်။
စီးပွားရေးပိတ်ဆို့မှုတွေ ကြောင့်အနောက်ဥရောပဘက်က ပြည်တွင်းကိုလက်ရှိဝင်ရောက်လာတဲ့ ရင်းနှီးမြုပ်နှံမှု အများစုက စင်ကပူနိုင်ငံကတစ်ဆင့် ၀င်ေ၇ာက်လာတာဖြစ်ပြီး အများစုက၀င်ရောက်ဖို့ နှောက်နှေးနေကြပါတယ်၊အစိုးရသစ်နောက်ပိုင်းမှာ အီးယူဘက်က ဖြေလျော့လိုက်တာတွေ ရှိပေမယ့် အမေရိကန်ကတော့ ပိတ်ဆို့မှုတွေ ရှိနေပါတယ်။
ဖြေလျော့မှုရဲ့ နောက်ကွယ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးကောင်းမွန်မှုတွေနဲ့ အတူ အဆင့်မြင့်အိမ်ရာတွေဆောက်လုပ်မှုနဲ့ ဟိုတယ်လုပ်ငန်းတွေ ပြည်တွင်းကစီးပွားရေးအခွင့်အလမ်းအားလုံးကောင်းမွန်လာနိုင်တာကြောင့်အိမ်ခြံမြေဈေးကွက်မှာလည်း အရင်လိုပြန်လည်ကောင်းမွန် လာနိုင်ပါတယ်။
အစိုးရအသစ်ရဲ့ စီးပွားရေးလုပ်ဆောင်မှုတွေနဲ့ အတူ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေလည်း ၀င်ရောက်မှုများပြားနိုင်တာကြောင့် လာမယ့် ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ၊ ၂၀၁၉ ၊ ခုနှစ်တွေမှာ စီးပွားရေးတွေကောင်းမွန်လာနိုင်ပါတယ်။
ကွန်ဒို လက်စသာ လည်ပတ်ကွန်ဒိုဆောက်လုပ်မှုတွေကလည်း ဆောက်လုပ်မှုအသစ်ထက် လက်ရှိဆောက်လုပ်စလုပ်ငန်းတွေကိုသာ ပြန်လည်လည်ပတ်နေတဲ့ ဈေးကွက်များပြားနေပါတယ်။အစိုးရသစ်လက်ထက်မှာ စတင်မတ်ဆက်တဲ့ အိမ်ရာကတော့ တစ်ခုလောက်သာ ရှိသေးပြီး လက်ရှိအချိန်အထိ အရောင်းဖွင့်လှစ်ထားပြီး မြေပြင်ဆောက်လုပ်ဖို့ခွင့်ပြုချက် ယူနေရတဲ့ လုပ်ငန်းတွေလည်းရှိတယ်လို့သိရပါတယ်။
အငှားစိပ်စိပ် အရောင်းကျဲကျဲ ဈေးကွက်ထဲမှာတော့ အငှားကိုသာစိတ်ဝင်စားမှုရှိနေပြီး အရောင်းကတော့ နေရာကျဲကျဲ ဖြစ်ပေါ်နေပါတယ်။ ကွန်ဒိုဆောက်လုပ်နိုင်တဲ့ မြေနေရာတချို့ အ၀ယ်ရှိနေပြီးလက်ရှိအချိန်မှာ နာမည်ကြီးဆောက်လုပ်ရေး ကုမ္ပဏီတွေကိုယ်တိုင်အစိုးရရဲ့ အိမ်ရာဆောက်လုပ်မှုတွေမှာ ပါဝင်ဆက်နွယ်လာတာတွေ့ရှိပါတယ်။
တန်ဖိုးနည်းအိမ်ရာဆောက်လုပ်မှုတွေမှာ နာမည်ကြီးဆောက်လုပ်ရေးတွေ ၀င်ရောက်တာရှိလို့ ရောင်းချမယ့် ဈေးနှုန်းအရည်အသွေးနဲ့ ပတ်သက်ပြီးအားလုံးမျှော်လင့်သလို ဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။
အခုတန်ဖိုးနည်းအိမ်ရာတွေ ကိုနာမည်ကြီးဆောက်လုပ်ရေး တွေဝင်ရောက်ပါဝင်လာတော့ ကျွမ်းကျင်မှုနဲ့ ကုန်ကျစရိတ်တွေ သက်သာလာဖို့ မျှော်လင့်တယ် ၊ဆောက်လုပ်ရေးလုပ်ငန်းအသေးတွေထက် တည်ဆောက်စရိတ်သက်သာရင် ဈေးတွေလည်း နည်းသွားနိုင်တယ် လို့ ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။
Ref : The Modern
Photo Credit : uncube
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ