By 7daydaily, Shweproperty.com
Updated at 16 February 2015
ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် ပါဝင်သည့် ကျေးရွာအိမ်ခြံမြေများကိုစီးပွားရေးလုပ်ငန်းရှင်များနှင့်တရုတ်များ ဝယ်ယူနေမှုကြောင့် အဝယ်လိုက်ကာ တစ်ဧကလျှင် သိန်း ထောင်ချီ ဈေးရနေကြောင်း သ တင်း ရရှိသည်။ ‘‘ဒေသတွင်း စီးပွားရေး သမားတွေနဲ့ တရုတ်တွေဝယ်ယူ နေကြတာဖြစ်ပါတယ်။ စီးပွား ရေးဇုန်အတွင်းမှာ လယ်ယာမြေ ပါဝင်တာနည်းပြီးတော့ လူနေ အိမ်တွေပါဝင်တာများပါတယ်။ လယ်ယာမြေပါဝင်နေတဲ့သူတွေ မှာ စီးပွားရေးဇုန် အကောင် အထည်ဖော်တဲ့အခါ လျော်ကြေး ရဖို့တွက် လယ်ယာမြေလုပ်ကိုင် ခွင့်လက်မှတ်တွေ မြေစာရင်းရုံး မှာလျှောက်နေကြပါတယ်။ စီးပွားရေးဇုန်အနီးအနားက ပေခြောက် ဆယ်၊ ပေလေးဆယ်နဲ့ တစ်ထပ် တိုက်ငယ်တစ်လုံးပါတဲ့နေရာကို တောင် သိန်းသုံးထောင်ကျော် ထိ ဈေးပေါက်နေပါတယ်’’ဟု ကျောက်ဖြူမြို့ခံကိုသန်းဝင်းက ပြောသည်။ ကျောက်ဖြူအထူးစီးပွားရေး ဇုန်လုပ်ငန်းများမှာ အကောင် အထည်ဖော်မှု မရှိသေးသော် လည်း လမ်းနှင့်ဆည်တစ်ခုဦးစွာဆောင်ရွက်နေကြောင်း သိရ သည်။ ယခင်အထူးစီးပွားရေးဇုန် စီမံကိန်းမရှိသေးမီက မြေတစ် ကွက်လျှင် ကျပ်ငါးသိန်း၊ ကျပ်ဆယ်သိန်းဈေးရှိရာမှ စီးပွားရေးဇုန်စီမံကိန်းဖြစ်ပေါ်လာပြီးနောက် မြေဈေးများ အဆမတန်တက် လာခြင်းဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင် သူတစ်ဦးကပြောကြားသည်။ အကောင်အထည်ဖော်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် မှာ ကျောက်ဖြူမြို့နှင့် ခုနစ်မိုင်ခန့် အကွာတွင်ဖြစ်ပြီး စီးပွားရေးဇုန် အတွင်း ကျေးရွာ ၁၀ ရွာခန့်ပါဝင် နေကြောင်းသိရသည်။
Ref : 7daydaily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ