By The Kumudra, Shweproperty.com
Updated at 4 November 2014
ဟံသာဝတီလေဆိပ် စီမံကိန်းပြန်လည်စတင်ပေမယ့် အဲ့သည်နားက မြေဈေးတွေက အမေးအမြန်းသာရှိပြီး အရောင်းအဝယ်အေးနေသေးတယ်လို့ အကျိုးဆောင်တချို့ဆီက သိရပါတယ်။
“စီမံကိန်းစတုန်းကလည်း မြေဈေးတွေ အရောင်းအဝယ်တွေ အရမ်းတက်ခဲ့ပြီး အကုန်ပြန်ငြိမ်သွားတော့ အကြာကြီးရင်းထားရမှာ ကြောက်လို့ စောင့်ကြည့်နေကြတာ၊ ဈေးလာမေးကြတာတွေတော့ အများကြီးပဲ”လို့ ပဲခူးမြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင် မဇာက ပြောပါတယ်။
ပဲခူးဟံသာဝတီလေဆိပ် စီမံကိန်းဟာ အောက်တိုဘာ၃၁ရက်နေ့က တင်ဒါအောင်တဲ့ ကုမ္ပဏီကို နိုင်ငံပိုင်သတင်းစာမှာ ကြော်ငြာခဲ့တာတောင့် တစ်ရက်၊နှစ်ရက်အတွင်း ဈေးကွက်ပြန်လည်လှုပ်ရှားလာတာ ဖြစ်ပါတယ်။ မြေပိုင်ရှင်တွေရဲ့ရောင်းခေါ်ဈေးတွေကတော့(၈/၂၃) နဲ့ (၈/၂၄) နေရာမှာ ပေ၆၀xပေ၈၀ မြေကွက်ကို ကျပ်သိန်း၁၃၀၀ဖြစ်ပါတယ်။ အရင်ကထက်မေးသူများလာပေမယ့် အရောင်းအဝယ် မရှိသလောက် နည်းပါးနေသေးတယ်။
သည်လေဆိပ်စီမံကိန်းက လာမယ့်၂၀၁၅ခုနှစ်မှသာ လုပ်ငန်းစတင်မှာ ဖြစ်တဲ့အတွက် အခုလကုန်ပိုင်းလောက်မှသာ မြေဈေးနှုန်းထူးခြားမှုတွေ ရှိလာနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ လေဆိပ်နားနီးတဲ့ ရပ်ကွက်တွေ၊ စက်မှုဇုန်တွေနဲ့ မြို့ရှောင်လမ်းတွေကတော့ နောက်ပိုင်းမှာအချက်အခြာ ကျတဲ့ဈေးကွက် နေရာတွေ ဖြစ်လာနိုင်တယ်လို့သိရပါတယ်။
Ref : The Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ