By Popular News, Shweproperty.com
Updated at 14 July 2016
ရန်ကုန် အိမ်ခြံမြေဈေးသည် ၂ဝ၁၃ နှင့် ၂ဝ၁၄ တွင်ဖြစ်ခဲ့သလိုအမြင့်ဆုံးသို့ ရောက်လာလိမ့်မည်ဆိုခြင်းနှင့်ပတ်သက်၍ အချို့သော အိမ်ခြံမြေ အကျိုးဆောင်များက သံသယရှိနေကြသော်လည်း လက်ရှိအခြေအနေများအရမူ ထိုသို့ဖြစ် လာရန် ကောင်းစွာမျှော်လင့်နိုင်၏။ ၂ဝ၁၅ ခုနှစ်တွင်ဖြစ် ခဲ့သော ပြောင်းလဲမှုများမှစ၍ ရန်ကုန်အိမ် ခြံမြေဈေးကွက် အခြေအနေကို ကော်လီယာ အင်တာနေရှင်နယ် မြန်မာက ဟောကိန်းများ ထုတ်ထား ပါသည်။ ”အပြောင်းအလဲတွေ ဖြစ်ခဲ့တာတွေက မြန်မာ့အိမ်ခြံမြေဈေး ကွက်ကို မြန်မာ့စီးပွားရေးသမိုင်း စာမျက်နှာမှာ ကဏ္ဍအသစ်ဖြစ်လာစေဖို့ တွန်းအားတွေပေးနေတယ်” ဟု ကော်လီယာမြန်မာမှ မန်နေးဂျင်း ဒါရိုက်တာ အန်သိုနီ ပီကွန်က ယခုနှစ်ဇန်နဝါရီလက အစီရင်ခံစာတွင် ဆိုထားသည်။ယခု နှစ်ဝက်အထိ အခြေအနေများ ကို ထောက်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ပြန်လည်နိုးထလာသော မြို့တော်၏ရှေ့ရေးကို ခန့်မှန်းနိုင်၏။
၁။ မြန်မာနိုင်ငံ၏ အစိုးရသစ်သည် စွဲမက်စဖွယ်ဆက်ဖြစ်နေလိမ့်ဦးမည်
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လက်ထဲသို့ နိုင်ငံတော်အာဏာ ရောက်ရှိလာပြီဖြစ်ခြင်းက ပြည်ပရင်းနှီးမြှုပ်နှံ သူများအတွက် စိတ် အားထက်သန်ဖွယ် ဖြစ်နေသည်။ ထို့အတွက် ဒေသခံရင်းနှီးမြှုပ်နှံသူ များကလည်း မြန်မာအစိုးရနှင့် ရင်းနှီးမြှုပ်နှံသူ များအကြား ဝယ်ကြိုတင်ခန့်မှန်း၍ ဆုံးဖြတ်ချက်ချ မှုများ ပိုမိုလာပြီး နိုင်ငံရေးပိုမိုတည် ငြိမ်လာမည်ဟု ယူဆကြသည်။
၂။ ကွန်ဒိုတိုက်ခန်းများ ဥပဒေကလည်း ဈေးကွက်ကို သွေးပူနိုး ကြားလာစေလိမ့်မည်
ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၏ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဖြေလျှော့ မှုများပေးထားသည့် ယင်းဥပဒေက ဈေးကွက်ကို နှိုးဆွနိုးထလာစေ မည်ဖြစ်ပြီး၊ တစ်ခန်းချင်း ရောင်း ဝယ်မှု၊ ရုံးခန်းဖွင့်ရန်အတွက် ဝယ်ယူမှုနှင့် နေထိုင်ရန်အတွက် ဝယ်ယူမှုတို့ ပိုမိုတိုးတက်လာနိုင်၏။
၃။ ရန်ကင်းမြို့နယ်၏ နှစ်ဖြစ် လာလိမ့်မည်
ရန်ကင်းသည် စီးပွားရေး ဒေသတစ်ခုဖြစ်လာမည့် အလား အလာ ခိုင်မာစွာရှိနေသည်။ လက် ရှိ အခြေအနေအရမူ ကန်ဒေါ်လာ သန်း ၄၄ဝ မျှတန်သော မြန်မာစင်တာသည် ရန်ကင်း၏ အဓိက အချက်အချာဖြစ်နေသည်။ ၂ဝ၁၈ သို့ရောက်လျှင်မူ ရန်ကင်းအတွက် လူနေအိမ်ခန်းများ၊ ရုံးခန်းများနှင့် ဈေးဝယ်စင်တာ အသစ်များတိုးပွားလာလိမ့်မည်။
၄။ ရန်ကုန် စီးပွားရေးဇုန်များဆီသို့ ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု များဆက်လက်ဝင်ရောက် လာကြ လိမ့်မည်
ရန်ကုန်၏ သီလဝါအထူး စီးပွားရေးဇုန်သည် ပြည်ပဈေး ကွက်တွင် အတော်လေးစိတ်ဝင် စားမှုရှိကြပြီး အထူးသဖြင့် နိုင်ငံ တကာ ထုတ်လုပ်ရေးနယ်ပယ်ဝယ် ပိုထင်ရှားသည်။ ဂျပန်က ဇုန်ဘီ တွင် ဟက်တာ ၅၅ဝ မျှ ရယူ ထားပြီး ၂ဝ၁၆ နှစ်ကုန်ပိုင်းတွင် စီးပွားရေးလုပ်ငန်းများ စတင် လည်ပတ်တော့မည်ဖြစ်၏။
၅။ ရန်ကုန် ဆင်ခြေဖုံးဒေသများ ဝယ် နေထိုင်သူပိုများလာလိမ့်မည်
ရန်ကုန် ဆင်ခြေဖုံးဒေသများ ရှိ အိမ်ခြံမြေများ ယခုနှစ်တွင် ပိုမို အဝယ်လိုက်လာလိမ့်မည်
၆။ နီးနီးမဟုတ်ရင် ဝေးဝေး…
ရုံးပိတ်ရက်ခရီး ဈေးကွက်လည်း ပိုမိုတိုးတက်လာမည်ဖြစ်ပြီး၊ ခရီးသွားတို့သည် ရန်ကုန်မြို့ပြတွင် အပန်းဖြေမည့်အစား ငပလီ၊ ငွေဆောင်အစရှိသည့် ဒေသများ သို့ ပိုမိုသွားလာကြလိမ့်မည်။ ၂ဝ၁၅ ခုနှစ်က ပြည်ပခရီးသွား ဦးရေ ၄ သန်းမျှဝင်ရောက်ခဲ့ရာမှ ယခုနှစ်ဝယ် ၆ သန်းအထိတိုးတက်လာမည်ဟု မြန်မာအစိုးရက မျှော်လင့်ထားသည်။
၇။ အထပ်မြင့် အဆောက်အအုံများသည် နယ်မြေသတ်မှတ်ပေးမှု အစီအစဉ်များနှင့် ငြိနေလိမ့်မည်
ဘာသာရေး ယုံကြည်မှုများ နှင့် ထုံးတမ်းစဉ်လာအရ ရန်ကုန်ဝယ် အထပ်နိမ့်အဆောက်အအုံတို့သာ ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုလည်း အထပ်မြင့် အဆောက်အအုံများ တည် ဆောက်ရန်အတွက် နယ်မြေကန့် သတ်ချက်များရှိနေဆဲပင်ဖြစ်ပြီး ဆောက်လုပ်ပြီးစီးပါက မြန်မာနိုင်ငံဝယ် အမြင့်ဆုံးအဆောက် အအုံဖြစ်မည့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု ရပ်နားခြင်းခံလိုက်ရသည်။
၈။ ဝန်ဆောင်မှုပါရှိသော လူနေ တိုက်ခန်းများသည် စီးပွားရေး လုပ်ငန်းကောင်းအဖြစ် ဆက်ရှိနေဦးမည်
လက်လီဈေးကွက်ဝယ် ဝန်ဆောင်မှုပါရှိသော လူနေတိုက်ခန်းများ လုပ်ငန်းမှာ ဆက်လက်၍ ကောင်းမွန်နေဦးမည်ဖြစ်သည်။
၉။ ရုံးခန်းနေရာအတွက် အပြိုင် အဆိုင်ဈေးနှုန်းများရှိလာမည်
ယခုနှစ်တွင် ရုံးခန်းနေရာပိုလျှံမှုများရှိလာမည်ဖြစ်ပြီး ပိုင်ရှင်များက ဈေးနှုန်းလျှော့ချခြင်းနှင့် အခြားသောဆွဲဆောင်မှုများကို စတင်ပေးလာ လိမ့်မည်။
၁ဝ။ အိမ်ခြံမြေတို့ကို ရွှေကဲ့သို့ ဝယ်ယူခြင်းလျော့နည်း လာလိမ့်မည်
နှေးကွေးသော အကူးအပြောင်း ကာလဖြစ်သည့် ၂ဝ၁၆ တွင်မူ အိမ်ခြံမြေများသည် ငွေပေါ်လွယ် သော ဈေးကွက်အဖြစ် ဝယ်သူများ နှင့် ပိုမိုရင်းနှီးစွာ ရှိနေဦးမည်ဖြစ် သော်လည်း ”အိမ်ခြံမြေဈေးကွက်ဟာ ရွှေဈေးကွက်နှင့်မတူပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတ ကာဈေးနှုန်းတွေနှင့် ဆက်သွယ် မှုမရှိတာကြောင့်ပါပဲ” ဟု မြန်မာနိုင်ငံမှ ကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောပါသည်။
Ref : Popular News
Photo Credit : Zay Yar Lin
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ