By The Kumudra, Shweproperty.com
Updated at 21 July 2015
အိမ်ခြံမြေက အရောင်းအဝယ်ရှိပေမဲ့ အရင်လို ပြန်ကောင်းလာဖို. ဆိုတာ အမှန်တကယ် ဈေးကွက်လိုအပ်တဲ့ အချိန်ကို စောင့်ရဦးမယ်လို. အကျိုးဆောင်တချို.က ပြောပါတယ်။
ဈေးနှုန်းတွေ မမြင့်ဘဲ ဈေးလျှော့ရောင်းနေလျက်နဲ. ဘာကြောင့် ဈေးကွက်က အေးနေတာလဲ မေးစရာတစ်ခုလို ဖြစ်နေပါတယ်။ အိမ်ခြံမြေဈေးကွက် ကျွမ်းကျင်သူအများစုရဲ. ပြောပြချက်အရ ဈေးကျတဲ့ အချိန်အဝယ်နည်းပြီး ဈေးတက်လာတဲ့အခါမှာ ဝယ်သူပိုများလာတာ တွေ.ရတယ်လို.ပြောပါတယ်။
အိမ်ခြံမြေဈေးကွက် အတက်အကျနဲ. အရောင်းအဝယ် အေးတာတွေက ဝယ်ရောင်းသမားတွေအပြင် ဆောက်လုပ်ရေးသမားတွေ အပြင် ဆောက်လုပ်ရေးသမားတွေကို ထိခိုက်မှုရှိတယ်လို. သိရတယ်။ လက်ရှိဈေးကွက် ငြိမ်နေတာက အရင်နှစ်တွေကနဲ.မတူဘဲ အချိန်ကြာမြင့်နေတာဖြစ်တယ်။ ခဏတစ်ဖြုတ်အောင်းထားပြီး ဈေးတင်ထုတ်မယ်ဆိုတဲ့ အကြံသမားတွေအားလုံးလိုလို ပိုက်ဘောမိနေကြတာကြာပါပြီ။
ဝယ်ရောင်းအကျိုးဆောင် ဦးကျော်စွာက ‘အိမ်ခြံမြေက လုပ်ငန်းအများစုနဲ. ဆက်စပ်နေတယ်၊ ဈေးကွက်က ပြန်ဖြစ်အောင် လှုပ်နေတာတောင် မလှုပ်ဘူး၊ စီမံကိန်းတွေ ချပေးနေလဲ ငြိမ်နေတုန်းပဲ၊ အခုက မြေတင်မကဘူး တိုက်ခန်း၊ ကွန်ဒိုတွေပါ အေးနေတာ’ လို.ပြောပါတယ်။
အရင်ကလို အဝယ်ပြပြီး အကျိုးဆောင်တွေ၊ ဝယ်ရောင်းသမားကြီးတွေ ဈေးကွက်လှုပ်လည်း တစ်ခဏပဲ လုပ်ပြီး ရက်ပိုင်းအတွင်း ပြန်ငြိမ်သွားတာပါ။ မြေကွက်၊ လုံးချင်း၊ တိုက်ခန်း၊ ကွန်ဒိုဈေးကွက်တွေက နေထိုင်ဖို. ဝယ်သူကလွဲလို. ဈေးကစားမှုမရှိဘဲ ငြိမ်နေတာ ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်အစပိုင်းကတည်းကလို. သိရတယ်။
၂၀၁၃ခုနှစ် အစပိုင်းမှာ မြို.သစ်မြေကွက်တွေ ဈေးတက်ပြီးအရောင်းအဝယ်က ပွဲဈေးပမာ ဖြစ်ခဲ့တယ်။ မြေကွက်ငြိမ်သွားတဲ့အခါမှာ အကျိုးတူဆောက်လုပ်တဲ့ ကန်ထရိုက်တိုက်ခန်းတွေ ကြိုပွိုင့်စနစ်တွေနဲ. ဈေးကွက်ဖြစ်ခဲ့ပါသေးတယ်။ ကြိုပွိင့်စနစ်ငြိမ်ကျသွားတဲ့အခါမှာ ကွန်ဒိုဈေးကွက်ကလည်း ထင်သလောက် မဖြစ်ခဲ့ပါဘူး။ အရင်းအနှီးငွေတွေ ထုတ်ပေမဲ့ ငွေပြန်မပေါ်တဲ့အခါမှာ ဆောက်လုပ်ရေးသမားတချို့ လုပ်ငန်းတွေရပ်တဲ့အထိ ဖြစ်ပျက်ခဲ့ပါတယ်။
ဈေးကွက်ပြန်ဖြစ်လာဖို.ကို ၂၀၁၅သင်္ကြန်အပြီးကာလကို ခန်.မှန်းကြတယ်။ ဝါတွင်းကာလပြန်ဖြစ်နိုင်တယ် ခန်.မှန်းကြပေမဲ့ ဈေးကွက်ကတော့ အေးနေမြဲပါ။ ၂၀၁၅ရွေးကောက်ပွဲအခြေအနေစောင့်ကြည့်နေကြတာလို. သုံးသပ်ကြပေမဲ့ကွန်ဒိုဥပဒေနဲ. အသစ်ထွက်ဖို.ရှိတဲ့ ဥပဒေတွေ တရားဝင်မထွက်ရှိလာသေးတာကြောင့်လည်း ဈေးကွက်က ငြိမ်နေသေးတာလို. အကျိုးဆောင်တချို.က ပြောပါတယ်။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က ‘အားလုံးသိတဲ့အတိုင်း မြေဈေးကွက်ကတော့ အဝယ်ပြန်ရှိလာနေပြီး၊ ကွန်ဒိုဈေးကွက်ကတော့ ထင်သလောက်ကို မဖြစ်လာသေးတာ၊ အရင်ကဆိုကျွမ်းကျငပညာရှင်တော်တော်များများက ပြောကြတယ်၊ အိမ်ခြံမြေဈေးကွက်မှာ ကွန်ဒိုဈေးကွက်က ဦးဆောင်လာနိုင်တယ်ဆိုပြီး၊ ဒါပေမဲ့ ကွန်ဒိုဥပဒေမထွက်နိုင်သေးသရွေ.တော့ မဖြစ်နိုင်သေးပါဘူး’ လို.ရှင်းပြပါတယ်။
အိမ်ခြံမြေဈေးကွက် တစ်ခုလုံးပြန်ကောင်းလာဖို.က ဈေးကွက်ရဲ. လိုအပ်တဲ့အချိန်နဲ. ဈေးပြန်တက်လာမယ့်အချိန်ကို စောင့်နေရဦးမှာ ဖြစ်တယ်လို. သိရပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ