By The Modern, Shweproperty.com
Updated at 17 July 2015
မြို.တွင်းရဲ.ဆက်စပ်မြို.နယ်တွေနဲ. မြို.သစ်တွေမှာ တံတားစီမံကိန်း၊ အိမ်ရာစီမံကိန်းစတာတွေ လုပ်ဆောင်နေပေမဲ့လည်း အိမ်ခြံမြေကတော့ အရင်ကလို အရောင်းအဝယ် သိပ်မစိပ်တော့ပါဘူး။
‘အရင်တုန်းက စီမံကိန်းဟေ့ဆိုရင် အဝယ်ရော အရောင်းရော ပြုံတိုးကြတယ်၊ ဈေးတွေကလဲ မနက်နဲ.ညမတူအောင် ခုန်ခုန်တက်ကြတယ်၊ အရောင်းအဝယ်က တစ်နေ.တည်းတစ်ကွက်တည်းကို နှစ်ခါလောက်အထိပွဲဖြစ်ကြတယ်၊ အခုနောက်ပိုင်းကျတော့ အရောင်းသမားတွေပဲများပြီး အဝယ်ပြန်မျှော်နေရတယ်’ လို. သုခစံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဒေါ်ဝါဝါနိုင်က ပြောပါတယ်။
မြို.နယ်အလိုက်စီမံကိန်းများ
စီမံကိန်းတွေကတော့ ဒဂုံမြို.သစ်တောင်ပိုင်းနဲ. ဒဂုံဆိပ်ကမ်းမြို.နယ်တွေမှာ အိမ်ရာစီမံကိန်းတွေ၊ မြောက်ဒဂုံနဲ. ရွှေပေါက္ကံမြို.နယ်မှာ တံတားစီမံကိန်းနဲ. အိမ်ရာစီမံကိန်းတွေ၊ မြောက်ဥက္ကလာ၊ ဒေါပုံ၊ သာကေတနဲ. ဒလစတဲ့မြို.နယ်တွေမှာ မြစ်ကူးတံတားစီမံကိန်း၊ ဒဂုံအရှေ.၊ လှိုင်သာယာနဲ. ကြည့်မြင်တိုင်တစ်ဖက်ကမ်းစတဲ့ နေရာတွေမှာ ဒေသတွင်းဖွံ.ဖြိုးတိုးတက်ရေးစီမံကိန်းတွေ အကောင်အထည်ဖော်နေပါတယ်။
အဲသည်မြို.နယ်တွေမှာ အိမ်ရာစီမံကိန်းပေါင်း ၂၀၀၀၀ ကျော်အကောင်အထည်ဖော်နေပါတယ်။ အဲသည်စီမံကိန်းတွေနဲ.နီးစပ်တဲ့နေရာတွေရဲ. မြေကွက်ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၁၃နှစ်လယ်ကနေ အခုအချိန်အထိ ဈေးနှစ်ဆကနေ ၁၀ဆလောက်အထိတက်ခဲ့ပြီး လက်ရှိမှာတော့ အမြင့်ဈေးနဲ. ငြိမ်နေပါတယ်။
ကန်ထရိုက်
ဒါ့အပြင် ကန်ထရိုက်တိုက်တွေအများဆုံးဆောက်လုပ်နေတဲ့ သာကေတနဲ. ဒေါပုံမြို.နယ်တွေမှာလည်း အရင်က ကန်ထရိုက်တိုက်ကြိုပွိုင့်ဈေးကွက်တွေ လူစိတ်ဝင်စားမှုများခဲ့ပေမဲ့ အခုနောက်ပိုင်းမှတော့ အဝယ်မရှိဘဲ အရောင်းသာများနေပါတယ်။ ပုံမှန်ဈေးကွက်ရှိတဲ့ မြေနဲ.လုံးချင်းတိုက်ဈေးတွေကတော့ မြင့်တက်ခဲ့တဲ့ အမြင့်ဈေးမှာပဲ အရောင်းအဝယ်အနည်းငယ်ဖြစ်ပါတယ်။
‘ တချို.ဝယ်လက်တွေကျတော့လဲ တစ်ကြိမ်အရှုံးခံလိုက်ရတော့ စီမံကိန်းအသံနဲ.တော့ တကယ်ဈေးကွက်မကောင်းရင် မဝယ်ဘဲစောင့်ကြည့်ကြတယ်၊ ဒလမြေတုန်းကလဲ အဝယ်လိုက်ပြီး စီမံကိန်းက မသေချာ်တော့ အရှုံးခံရောင်းရတာတွေဖြစ်လို. မသေချာဘဲ မဝယ်ကြတော့ဘူး’ လို.ဥပဒေနဲ. အိမ်ခြံမြေအကျိုးဆောင် ဦးရီစိန်က ပြောပါတယ်။
တကယ် ဈေးသက်သာပြီး စီမံကိန်းအကောင်အထည်ဖော်တဲ့နေရာတွေမှာတောင် ဈေးကွက်လေ့လာတာတွေပဲ ပြုလုပ်လာကြပါတယ်။
ဒါ့အပြင် အကျိုးတူကန်ထရိုက်တိုက် ဆောက်လုပ်အကောင်အထည်ဖော်တဲ့ အထပ်မြင့်အိမ်ရာတွေဟာလည်း တချို.ဈေးကွက် မကောင်းလို. သက်ဆိုင်ရာငှာနမှာ ပုံစံတင်ပြီး လာရောက်ပယ်ဖျက်တဲ့ စီမံကိန်းတွေလည်း ရှိနေပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ