By mmtimes, Shweproperty.com
Updated at 24 April 2013
မြန်မာနိုင်ငံ ဆောက်လုပ်ရေးလောက အတွက် မရှိမဖြစ်အရေးကြီးလှသည့် Myanmar National Building Code ကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဦးဆောင်၍ အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂ လိကအဖွဲ့အစည်းများနှင့် ဦးဆောင် ရေးဆွဲလျက်ရှိရာ လက်ရှိအချိန်တွင် Provisional Code မတ် လထဲတွင် ထွက်ရှိပြီး စတင်ဖြန့်ချိလျက်ရှိနေပြီဖြစ် ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း၏အထူးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသန်းမြင့်က မြန်မာတိုင်း(မ်)သို့ ဧပြီလ ပထမပတ်တွင် ပြော သည်။
"အခုအချိန်မှာ Building Codeနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို အများပြည်သူကို စဖြန့်နေပြီ၊ စာအုပ် အနေနဲ့တော့ မထွက်ရှိသေးဘဲ စီဒီ အရင်ဖြန့်မှာဖြစ်ပါတယ်၊ ဝန်ကြီးဌာန တွေ၊ NGO,INGO တွေ၊ ဆောက်လုပ် ရေး လုပ်ငန်းရှင်တွေကို ဖြန့်မှာ ဖြစ်ပါတယ်၊ စီဒီဖြန့်ပြီးရင် တစ် နှစ်(ဒီနှစ်ကုန်တဲ့အထိ) စောင့်မှာ ဖြစ်ပါတယ်၊ ဒီအတောအတွင်းမှာ Building Code နဲ့ ပတ်သက်လို့ အချောသတ်စရာတွေ၊ ထပ်မံထည့်သွင်း စရာတွေ၊ ဝေဖန်ချက်တွေကို စောင့်မှာ ဖြစ်ပါတယ်"ဟု ဦးသန်းမြင့်က ပြောသည်။ ထွက်ရှိလာသည့် Provisional Building Code တွင် Planning ပိုင်း၊ Architecture, Structure, Foundation, Building Services, Material, Construction Safety and Construction Practices စသည်တို့ ပါဝင်ကြောင်းလည်း ၎င်းကပြောသည်။
"အခုဆိုရင် Provisional Building Code ထွက်ရှိလာပြီ၊ ၂၀၁၃ မှာ Building Code ထွက်နိုင်ဖို့အတွက် လုပ်မယ်၊ ၂၀၁၄ မှာ ဆက်လုပ်ဦးမယ်၊ ၂၀၁၄ အပြီးလောက်မှပဲ Final Code ထွက်နိုင် မှာဖြစ်တယ်၊ ဒါပေမဲ့ အခု ဟာက သုံးလို့တော့ရနေပြီ၊ ဒီ code တွေ reference လုပ်ပြီး သုံးမယ် ဆို သုံးနိုင် နေပြီ"ဟု ဦးသန်းမြင့်ကပြောသည်။
Provisional Building Code တွင် United States တွင် အသုံးပြု နေသည့် Building Code၊ စင်ကာပူ၊ အိန္ဒိယနှင့် ဗြိတိန်နိုင်ငံများတွင် အသုံးပြုနေသည့်Building Code များ ကို အခြေခံထား သည်ဟုလည်း ၎င်းက ပြောသည်။
"အခုထွက်ရှိလာတဲ့ Provisional Building Code နဲ့ ပတ်သက်ပြီးဝေဖန်တာ နည်းနည်းတော့နည်းတယ်၊ ဒါနဲ့ ပတ်သက်ပြီး အစိုးရပိုင်းက တကယ် အင်တိုက်အားတိုက် လုပ်လာရင်တော့ ဒါတွေကို သူတို့သုံးရတဲ့အခါမှာ အခက်အခဲရှိလား၊ ကောင်းလား၊ လွယ်လား ဒါမျိုးတွေပါမှာပေါ့၊ ဒါပေမဲ့ ဒီဟာက အချိန်တော့ နည်းနည်းယူရ မယ်"ဟု ဦးသန်းမြင့်ကပြောသည်။၎င်းက ပြောရာတွင် ယခုထွက်ရှိလာ သည့် International Standard Provisional Building Code သည် ပရောဂျက်ကြီးများနှင့် Building Type အမျိုးမျိုးတို့အတွက် ရည်ရွယ်ထားသော ကြောင့် လူအများအသုံးပြုနိုင်သည့် Building Code အမျိုးအစားဖြစ်သော မြို့ပြများတွင် တည် ဆောက်သည့် အိမ် များအတွက် simplify versionထွက် နိုင်ရန် ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ ထို simplify version code ကို ၂၀၁၄ ခုနှစ်ထဲတွင် လုပ် ဆောင်သွားမည်ဖြစ် ပြီး ထိုမှတစ်ဆင့် ကျေးရွာများတွင် အသုံးပြုနိုင်ရန် အတွက် building code guidelineများ ကို ပြဋ္ဌာန်းနိုင်ရန် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်သည်ဟု ၎င်းကပြောသည်။ သို့မှသာ အိမ်ဆောက်လုပ်သည့်သူများ အတွက် မည်သည့်အချက်များကို ဂရု စိုက်ရမည်၊ မည်သည့်အချက်များကို ဂရုစိုက်ရန်မလို စသည်တို့ကို ပြည့်ပြည့် စုံစုံ သိရှိမည်ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။
ထွက်ရှိလာသည့် Provisional Building Code တွင် energy saving, environmental အတွက် ထပ်မံ ထည့်သွင်းစရာများရှိနေသေးကြောင်း လည်း ၎င်းကပြောသည်။ လက်ရှိ Provisional code သည် အင်္ဂလိပ် ဘာသာဖြင့် ထွက်ရှိလာသည့်အတွက် second version ဖြစ်သည့် မြို့ပြများတွင် တည်ဆောက်သည့် အိမ်များအတွက် နှင့် third version ဖြစ်သော ကျေးရွာ များတွင် တည်ဆောက်သည့် နေအိမ် များအတွက် ဘကငိူငညါ ခသိန သတ်မှတ် ပြဋ္ဌာန်းရာတွင် မြန်မာဘာ သာဖြင့် ထွက် ရှိလာနိုင်မှ ပိုမိုကောင်းမွန်မည်ဖြစ် သောကြောင့် ထိုသို့ထွက်ရှိနိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။
အခုလို ရင်းနှီးမြှုပ်နှံမှုတွေလာတဲ့ အခါမှာ Building code တစ်ခုရှိမှ နိုင်ငံ အနေနဲ့ အဆောက်အအုံတွေကြီးကြပ်မှု အပိုင်းမှာ ပိုမိုကောင်းမွန်မယ်၊ အခု ဟာက ရှိတော့ရှိပါတယ်၊ စည်ပင် သာယာကBylaw တွေ၊ Departmental code တွေနဲ့ တည်ဆောက်ကြတယ်၊ အဲဒါကို ထပ်လောင်းပြီးတော့ ပိုပြီးတော့ အားသာလာအောင် national code ပေါ်ထွက်လာရင် ပိုပြီးတော့ပြည့်စုံတဲ့ အားသာချက်တွေဖြစ်လာမယ်၊ နိုင်ငံရပ် ခြားက လာပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့သူ တွေအတွက် national code တစ်ခု ရှိမှ အလုပ်လုပ်လို့ ရမှာ၊ ဒီလိုမဟုတ်ရင် ဗီယက်နမ်လာတော့ ဗီယက်နမ် building code နဲ့ ဆောက်လိုက်၊ စင်ကာပူ၊ အိန္ဒိယလာတော့ သူတို့ဆီက code နဲ့ ဆောက်လိုက်ဆိုတာမျိုး ဖြစ်မှာပဲ၊ ဘယ်လိုမှထိန်းနိုင်သိမ်းနိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ အိမ် ရှင်နိုင်ငံ တစ်ခုအနေနဲ့ ကိုယ်ပိုင် building codeဆိုတာ ရှိကိုရှိရမယ်၊ ဒါကြောင့် မို့လို့ ပြဋ္ဌာန်းနိုင် အောင်လုပ်နေရတာ"ဟု ဦးသန်းမြင့်က မြန်မာတိုင်း(မ်)သို့ ပြောကြားခဲ့သည်။
National Building Code ထွက် ရှိလာလျှင် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများမှစတင်သုံးစွဲရန် လို အပ်ပြီး ထို့အတွက် ပြည့်စုံစွာပြဋ္ဌာန်းနိုင် ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ထွက်ရှိလာနိုင်မည် ဖြစ်သည်ဟု ၎င်းကဆက်လက်ရှင်းပြခဲ့ သည်။
ယခုထွက်ရှိလာသည့် Provisional Building Code ကို UN Habitat နှင့် ပူးပေါင်း၍ ဆောက်လုပ်ရေးဝန်ကြီး ဌာနသို့ ဖြစ်ပြီး ထိုမှတစ်ဆင့် stakeholder meeting များတွင် ဆက်လက်ဆွေး နွေးတင်ပြသွားမည်ဟုလည်း ဦးသန်းမြင့်က ပြောသည်။
Source : မြန်မာတိုင်း (မ်)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ