By kumudra, Shweproperty.com
Updated at 8 July 2014
ပြည်တော်သာ အိမ်ရာစီမံကိန်း ကို ၂၀၁၅ ခုနှစ ်အောက်တိုဘာလ အတွင်း အပြီးတည်ဆောက်မယ်လို့ သိရပါတယ်။
‘First Floor တောင်ပြီးပြီ၊ Second Floor စနေပြီ၊ ပြည်သူကို ၂၂၄ ခန်းပြန်ချပေးမယ်’ လို့ Triple Aung ဆောက်လုပ်ရေး ကုမ္ပဏီ ပရောဂျက် အင်ဂျင်နီယာ ဦးခင်မောင်ဦးကပြောပါတယ်။
‘နောက်နှစ် ကျောင်းဖွင့် ရက်အမီ ပြည်သူလူထုကို တင်နိုင်အောင်လုပ်တယ်၊ ကားပါကင်ကို Under Ground နဲ့ Ground Floor မှာ ထည့်ဆောက်ထားလို့ နေထိုင်သူတွေအတွက် အဆင်ပြေမှာပါ ‘ လို့ ဦးခင်မောင်ဦးကပဲ ပြောပါတယ်။
အခန်းတွေကိုမဲနှိုက်တဲ့စနစ်နဲ့ ပြန်လည်နေရာချထားပေးတာဖြစ်ပြီး ၁၂ထပ် အမြင့်နဲ့ တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
‘အိမ်ရာနေထိုင်သူတွေရဲ့ ပြောင်းရွေ့ကြေးအတွက် နှစ်နှစ်စာ ၃၆ သိန်းပေးခဲ့ပြီး အပြောင်းအရွေ့အတွက်ကတော့ မြို့ရွာ နှင့် အိုးအိမ်ကကားနဲ့ ပြောင်းရွေ့ဖို့ စီစဉ်ပေးခဲ့တယ်‘ လို့ မြို့ရွာနှင့် အိုးအိမ် ဖွံဖြိုးရေး ဦးစီးဌာန ညွှန့်ကြားရေးမှူး(စီမံ+အိမ်ရာ) ဌာန မှ ဦးယုခိုင်ကပြောပါတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ